E.T.S

Every Time Story

အနုပညာသတင်း

သီချင်းသစ်တွေ ထွက်လာဖို့ ရှိတယ်လို့ ပြောလိုက်တဲ့ ခြိမ့်ကေကို

chkoko663 1

သီချင်းသစ်တွေ ထွက်လာဖို့ ရှိတယ်လို့ ပြောလိုက်တဲ့ ခြိမ့်ကေကို

chkoko663 1

အွန်လိုင်းစာမျက်နှာပေါ်တွေကနေ အချိန်အနည်းငယ်ကြာပျောက်သွားတဲ့ Facebook ဆယ်လီတစ်ယောက် ရှိပါတယ် ။သူကတော့ ငှက်ပျောသီး လို့ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ခြိမ့်ကေကိုပါပဲ ။ အခု 8Daysဂျာနယ်နဲ့ အင်တာဗျူးမှာ သူလောလောဆယ်ပျောက်နေရတဲ့အကြောင်းရင်းတွေကို ပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။

chkoko663 1

ခြိမ့်ကေကိုက သူငြိမ်နေရတဲ့အကြောင်းကို “လတ်တလောမှာတော့ ကျနော်သီချင်းသစ်လေးတစ်ပုဒ်တော့ အွန်လိုင်းမှာ ထွက်ဖို့တော့ လုပ်နေပါတယ် ။ လူဆိုတာဆိုတဲ့သီချင်းလေးပါ ဒီသီချင်းလေးလည်း ထွက်ဖို့အတွက် ကျနော်ကြိုးစားနေပါတယ် ။ ကျနော်အခုတလော ငြိမ်သွားတယ်ဆိုတာ ကျနော်နည်းနည်း ဂီတဘက်ကို ပြန်လှည့် ပြန် Run နေတာ ဂစ်တာတီးတဲ့ဘက်ကို ပြန်Run ပြီးတော့ အသံVocal နည်းနည်း ပြန်Train နေပြီးတော့ သီချင်းသစ်တွေလည်း ကျနော်ရေးနေတယ် အဲ့ဒါကြောင့်မို့ ကျနော် အွန်လိုင်းမှာ နည်းနည်းလေးငြိမ်သွားပြီးတော့ ဟာသတွေ သိပ်မလုပ်တော့တာပါ။ သီချင်းတွေဆိုတာတို့ဘာတို့ သိပ်မတင်တော့ဘူး နည်းနည်းပေါသွားမှာကြောက်လို့ နည်းနည်း ငြိမ်လိုက်တာပါ”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

chkoko663 2

ဆက်ပြီးတော့လည်း “ပရိသတ်နဲ့ အဆက်သွယ်ပြတ်မှာတော့ မကြောက်ပါဘူး ကိုယ်ကဝမ်းစာပြည့်ပြီး ပရိသတ်ကိုကောင်းကောင်းမွန်မွန်ချပြဖို့အတွက် ကျနော်ကြိုးစားနေတယ်။ ပရိသတ်အစစ်မှန်ရဖို့ကြိုးစားနေတယ် ။ဒီလိုပါပဲ ဆယ်လီဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် လူတိုင်းကတော့ ဒီလိုပဲ အမှန်တိုင်းပြောမယ်ဆိုရင် လူတိုင်းကတော့ ရူးနေကြတဲ့လူတွေပါပဲ အဆိုတောရူးချည်းပဲ ဘယ်သူပဲ ဖြစ်ဖြစ်လူတိုင်းကတော့ ကိုယ်ဖြစ်ချင်တာကို ကိုယ်ကြိုးစားနေတဲ့သူတွေချည်းပါပဲ ။”ဆိုပြီးပြောသွားပါတယ် ။

chkoko663 3

ကိုယ်ကရော အဆိုတော်ရူးလားဆိုတော့ “ ကျနော်ကတော့ အဲ့ဒီလိုမဟုတ်ဘူး ကိုယ်ဝါသနာပါတဲ့ အရာကို ရိုးရိုးသားသားကြိုးစားနေတဲ့ လူငယ်တစ်ယောက်ပါ ။ ရူးတဲ့အထဲမှာတော့ မပါပါဘူး ကိုယ်က ကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းနေသူတစ်ယောက်ပေါ့ ပရိသတ်ထဲက ဆဲတဲ့သူတွေကို ပြန်မဆဲဘူး မေတ္တာထားတယ် သူတို့ဆဲတာ ဆဲပါစေ စေတနာထားလိုက်တယ် ကိုယ်လည်းဘာမှ မဖြစ်ဘူး”လို့ပြောသွားပါတယ်။

Facebook Comments
489 Shares

Comments are Closed

Powered by M.N.T