E.T.S

Every Time Story

အနုပညာသတင်း

ကိုဇော်ကြီး မကစ်ကစ် မနွယ်နီ မလုံးတင် တို့ အတွက် ငွေကျပ် ၅ သိန်းစီ လှူဒါန်းလိုက်တဲ့ ဝတ်မှုံရွှေရည်

kitkit663 1

ကိုဇော်ကြီး မကစ်ကစ် မနွယ်နီ မလုံးတင် တို့ အတွက် ငွေကျပ် ၅ သိန်းစီ လှူဒါန်းလိုက်တဲ့ ဝတ်မှုံရွှေရည်

kitkit663 1

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားပြီး ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။

kitkit663 3

ဒီကနေ့ သြဂုတ်လ(၁ဝ) ရက်နေ့ကတော့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့ (၃၁)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝတ်မှုံရွှေရည်က ချင်းပြည်နယ်မှာ ရုပ်ရှင်သွားရောက် ရိုက်ကူးနေရတဲ့အတွက် မွေးနေ့မှာ ရန်ကုန်မှာ ရှိမနေခဲ့ပါဘူး။

kitkit663 4

မွေးနေ့မှာ ရုပ်ရှင်ရိုက်နေရတဲ့ ဝတ်မှုံရွှေရည်က သူမရဲ့ မွေးနေ့မှာ အဝေးကနေ လုပ်ဖြစ်ခဲ့တဲ့ အလှူလေးအကြောင်းကို အခုလိုပဲ မျှဝေခဲ့ပါတယ်။

kitkit663 2

ဒီနှစ်မွေးနေ့ လေးကတော့ ကားရိုက်နဲ့ ထန်တလန်မြို့လေးကိုရောက်နေတော့ ဘာမှထွေထွေထူးထူး မလုပ်ဖြစ်ဘူး တတ်နိုင်သလောက် အလှူ လေးတွေလုပ်ရင်းပဲဖြတ်သန်းဖြစ်ပါတယ်။

kitkit663 3

ရန်ကုန် မှာ ကစ်မရှိတဲ့အတွက် ရုပ်ရှင်အစည်းအရုံးကတဆင့် ကိုဇော်ကြီး မကစ်ကစ် မနွယ်နီ မလုံးတင် တို့ အတွက် တဦးလျှင် အလှူ ငွေ ငါးသိန်းကျပ်စီ လှူဒါန်းဖြစ်ပါတယ်။

kitkit663 4

ရန်ကုန် နဲ့ မန်းလေးက KFC လေးတွေ ကစ်အတွက်မွေးနေ့ အလှူ တွေ လုပ်ပေးကြတာလည်း အရမ်းပျော်ရ ပီတိဖြစ်ရပါတယ်လို့ နောက်လည်း အခုလို အမြဲ ချစ်ပေးကြပါလို့ 😘😘😘 ❤❤❤လို့ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ပြောပြထားပါတယ်။

kitkit663 5

လူလေးလှသလို စိတိထားလေးလည်းကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မွေးနေ့မှာ လိုအပ်သူတွေကို သူမတတ်နိုင်သလောက်လေး ကူညီထောက်ပံ့ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိးတ်ကြီးလည်း မွေးနေ့ရှင်လေး ဝတ်မှုံရွှေရည်ရဲ့ အလှူအတွက် သာဓုခေါ်ပေးကြပါဦးနော်။

Facebook Comments

Comments are Closed

Powered by M.N.T

3K Shares
Share3K
Tweet
Share
Pin