E.T.S

Every Time Story

အနုပညာသတင်း

ချစ်သူပုံကို လူမှုကွန်ရက်မှာ အလင်းပြလိုက်တဲ့ မထက်

mahtet834ma 4

ချစ်သူပုံကို လူမှုကွန်ရက်မှာ အလင်းပြလိုက်တဲ့ မထက်

mahtet834ma 4

လက်ရှိတွင် ပျော်ရွှင်စရာကောင်းသည့် အချစ်ရေး ပိုင်ဆိုင်ထားကာ ချစ်သူသက်တမ်း သုံးနှစ်ကျော်ပြီဖြစ်ကြောင်း မိတ်ကပ်မထက် (pop soul) က ပြော ကြားသည်။

mahtet834ma 9

‘‘အစ်မရည်းစားရှိတယ်။ ရည်းစားသက်တမ်း သုံးနှစ်ကျော် ပြီ။ အစ်မတို့ ပုံမှန်ပဲသွားလာလှုပ် ရှားတယ်။ ၀ှက်ထားတာတော့ မ ဟုတ်ဘူး။ ဓာတ်ပုံပဲမတင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့ နှစ်ဖက်မိဘအသိုင်းအ၀ိုင်း ရှိ တယ်လေ။ မိဘက လက်ခံနိုင်ပေ မယ့် ပတ်ဝန်းကျင်ဆိုတာရှိသေး တယ်လေ။ အစ်မက သူ့မိဘအ သိုင်းအ၀ိုင်းကိုလည်း Respect ရှိရမယ်။

mahtet834ma 8

အစ်မဖြစ်ချင်တာတွေ ကြီးကိုပဲ စွတ်လုပ်လို့မရဘူး။ သူ ကလည်း လူကြီးတစ်ယောက်ဆို တော့ လုပ်ငန်းခွင်ရှိတဲ့အတွက် သူလက်ခံနိုင်ပေမယ့် လက်မခံနိုင် တဲ့သူတွေလည်း ရှိကောင်းရှိမယ်။ သူ့အတွက်လည်း ငဲ့တဲ့အနေနဲ့ အစ်မပုံတွေ ဘာတွေ မတင်ဘူး။

mahtet834ma 7

အစ်မစိတ်ကူးယဉ်ထားတဲ့ ရည်း စားမျိုးတော့မဟုတ်ပေမယ့် အစ် မလိုချင်တဲ့၊ အစ်မကိုဦးဆောင်နိုင် တဲ့ ယောက်ျားကောင်းတစ် ယောက်ဖြစ်တဲ့အပြင် အစ်မကို လက်ခံနိုင်တဲ့အပေါ်မှာလည်း အ ရမ်းကျေးဇူးတင်တယ်’’ဟု ၎င်းက ပြောသည်။

mahtet834ma 5

ချစ်သူသည် ၎င်းထက် အ သက်ငါးနှစ်နီးပါး ငယ်သော် လည်း အားကိုးရသည့်အပြင် အ လုပ်လုပ်တတ်သော အမျိုးသား ဖြစ်သောကြောင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း မထက်က ပြော သည်။

mahtet834ma 3

အနုပညာနှင့်ဆက်စပ်သည့် အလုပ်များကို ၀ါသနာပါသော် လည်း အဆင်မပြေဖြစ်မည်ကို စိတ်ပူသောကြောင့် ကမ်းလှမ်း ထားသည့်ဇာတ်ကားရိုက်ကူးမှုကို စဉ်းစားနေကြောင်း ၎င်းက ပြော သည်။

mahtet834ma 2

‘‘အစ်မ ဓာတ်ပုံတော့ အ ပျော်ရိုက်ဖြစ်တယ်။ မော်လ်ဒယ် တစ်ယောက်လုပ်လို့ရတဲ့ အနေ အထားလည်း မဟုတ်တော့လေ။ အသက်ကလည်း (၃၅)နှစ်ဆို တော့ ဒါတွေက လိမ်လို့လည်းမရ ဘူး။ ငယ်ရွယ်နုပျိုတဲ့အရွယ် မ ဟုတ်တော့ဘူး။ အဲဒါကြောင့် မော်လ်ဒယ်ဘက်တော့ သွားဖို့မရှိ ဘူး။ အခုက ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုမရှိဘူး။

mahtet834ma 1

လှတယ်လို့လည်း မခံစားရဘူး။ တဖြည်းဖြည်းအ ရွယ်ကျလာတယ်လို့ ခံစားရတဲ့အ တွက် အစ်မအဲဒီဘက်အပိုင်းကို သိပ်တော့ စိတ်မ၀င်စားပါဘူး’’ဟု ဆိုသည်။

Facebook Comments
1K Shares

Comments are Closed

Powered by M.N.T