E.T.S

Every Time Story

အနုပညာသတင်း

အရာအားလုံးနဲ့မလဲနိုင်အောင် ချစ်တယ်ဆိုပြီး ချစ်သုဝေကို မွေးနေ့လက်ဆောင်သီချင်းလေး ပေးခဲ့တဲ့ လင်းလင်း

chitthuwai55238 1

အရာအားလုံးနဲ့မလဲနိုင်အောင် ချစ်တယ်ဆိုပြီး ချစ်သုဝေကို မွေးနေ့လက်ဆောင်သီချင်းလေး ပေးခဲ့တဲ့ လင်းလင်း

chitthuwai55238 1

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

chitthuwai55238 3

ဒီကနေ့ သြဂုတ်လ(၁၀) ရက်နေ့ကတော့ ချစ်သုဝေရဲ့ အသက် (၃၅) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ လင်းလင်းက ချစ်သုဝေအတွက် ရည်ရွယ်ပြီး ရေးသားသီဆိုထားတဲ့ သီချင်းလေးကို ဒီနေ့မှာ ချပြခဲ့ပါတယ်။

chitthuwai55238 4

လင်းလင်းရေးသားထားတဲ့ “မင်းလွှတ်တဲ့စွန်” သီချင်းထဲက စာသားအားလုံးက ချစ်သုဝေကို ရည်ညွှန်းထားတာဖြစ်ပြီး သူ့ဘဝမှာ ချစ်သုဝေမရှိတဲ့အကြောင်းကို သီဆိုထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် လင်းလင်းရဲ့ သီချင်းသစ်လေး “မင်းလွှတ်တဲ့စွန်” ကို မျှဝေပေးလိုက်ပါတယ်နော်။

chitthuwai55238 5

“မင်းလွှတ်တဲ့ စွန်” သီချင်းလေးကို ဒီနေ့ ချစ်သုဝေရဲ့ မွေးနေ့ သြဂုတ်လ(၁၀)ရက်နေ့ကစပြီး တေးသံသာ App တစ်ခုတည်းမှာပဲ နားထောင်လို့ ရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း လင်းလင်းရဲ့ ခံစားချက်တွေကို တွေမြင်ရမယ့် “မင်းလွှတ်တဲ့ စွန်” သီချင်းလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin