သရုပ်ဆောင်ကြေးနှစ်ဆယူတယ်ဆိုတာကို ဖြေရှင်းလိုက်တဲ့ နေတိုး

E.T.S

Every Time Story

အနုပညာသတင်း

သရုပ်ဆောင်ကြေးနှစ်ဆယူတယ်ဆိုတာကို ဖြေရှင်းလိုက်တဲ့ နေတိုး

hjjjjj5233htkkk 1

သရုပ်ဆောင်ကြေးနှစ်ဆယူတယ်ဆိုတာကို ဖြေရှင်းလိုက်တဲ့ နေတိုး

hjjjjj5233htkkk 1

လက်ရှိမြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး မင်းသားတစ်ယောက်လို့ဆိုရမယ့် သရုပ်ဆောင် နေတိုးတစ်ယောက်က အောင်မြင်လာတာနဲ့အမျှ ဝေဖန်မှုလေးတွေလည်း အနည်းငယ်ရှိနေပါတယ်။ အဲ့ဒါကတော့ အနုပညာကြေး နှစ်ဆ ယူတယ်ဆိုတဲ့ ဝေဖန်မှုတွေပဲဖြစ်ပါတယ်။ ဒါကို သူဘယ်လို ဖြေရှင်းခဲ့လဲဆိုတာ အောက်မှာ ဆက်လတ်ဖတ်ရှုနိုင်ပါတယ်။

hjjjjj5233htkkk 3

အနုပညာကြေးသည် ပရိသတ်ရဲ့ အားပေးမှု အနည်းအများပေါ်မှာပဲမူတည်ပါတယ်။ ကျွန်တော်တို့ VIDEO ခေတ်မှာလည်း အနုပညာကြေးဆိုတာရှိခဲ့ပါတယ်။ Upper Burma ဆိုတဲ့ အထက်ဗမာပြည်ရဲ့ အနုပညာကြေး ဆိုတာ ကျွန်တော်တို့ရဲ့ ကြေးပါ။ နာမည်ရနေတဲ့အချိန်မှာ ရတဲ့ကြေးနဲ့ နာမည်နည်းနည်းလေး ကျသွားတဲ့အချိန်မှာ ရတဲ့ကြေး မတူပါဘူး။ ကျွန်တော်က ပရိသတ်အားပေးမှုများတဲ့အချိန်မို့ ကျွန်တော့်အနုပညာကြေးများတာပါ။ အဲ့ဒါကြောင့် ကျွန်တော့်ကို အားပေးမှုနဲ့ သရုပ်ဆောင်ကြေးက တိုက်ရိုက်အချိုးကျနေပါတယ်။

hjjjjj5233htkkk 2

ကျွန်တော် အခုအချိန်ထိ အောင်မြင်နေတာက သည်းခံစိတ်ရှိလို့ပါ။ သည်းခံစိတ်ရှိမှလည်း အောင်မြင်မယ် ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားလည်းရှိခဲ့ပါတယ်။ အောင်မြင်မှုရဲ့ လျို့ဝှက်ချက်မှာ သည်းခံမှုက ၈၀ရာခိုင်နှုန်းလောက်ကို အကျုံးဝင်ပါတယ်။ နောက်ပြီး ကာရိုက်တာ ရွေးချယ်တဲ့အပေါ်မှာလည်း ပရိသတ်ရဲ့ အကြိုက်ကိုလိုက်ပြီး ရွေးချယ်ပါတယ်။ ဒီနှစ်ထဲမှာဆို ၅ကားလက်ခံထားရင် ၅ကားလုံး မထပ်အောင်တော့လည်း ပြန်စဉ်းစားရတဲ့အပိုင်းလည်းရှိပါတယ်။ အခုတင်ထားတဲ့ ကျွန်တော်ကားတွေမှာ တစ်ကားနဲ့တစ်ကား မတူအောင် ကြိုးစားပြီးတော့ရိုက်ထားတယ်ဆိုတာ သိနိုင်ပါတယ်။

hjjjjj5233htkkk 3

ကျွန်တော်ပရိသတ်တွေဆိုရင် အပြင်မှာ ကျွန်တော်ဘယ်လိုနေတယ်ဆိုတာသိပါတယ်။ တည်ငြိမ်တယ်ဆိုတာက ကိုယ်က Professional လမ်းကြောင်းကို သွားနေရင် တကယ့် Professional တစ်ယောက်လို နေထိုင်တက်ဖို့လိုပါတယ်။ ခံစားမှုတွေကတော့ရှိတာပေါ့။ ဒါပေမယ့် ရုပ်ရှင်ရိုက်နေတဲ့အချိန် Interview ဖြေနေတဲ့အချိန်ဆိုရင် ခံစားမှုတွေကိုမေ့ပျောက်နိုင်အောင်တော့ ကြိုးစားရတာပါပဲ။ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ တည်တည်ငြိမ်ငြိမ်လုပ်လို့လည်း ပရိသတ်ရဲ့ အလေးထားမှုတွေ ချစ်ခင်မှုတွေကိုရတယ်လို့ သူ့ရဲ့ ပီတိစကားကိုပြောသွားခဲ့ပါတယ်။

Facebook Comments
1K Shares

Comments are Closed

Powered by M.N.T

1K Shares
Tweet
Share1K