E.T.S

Every Time Story

အနုပညာသတင်း

ယောကျာ်းလေးတွေလည်း ရှိသင့်ရှိထိုက်တာရှိမှ ဘာဝတ်ဝတ်လှတာဆိုတဲ့ ထူးအောင်

htooaung66399 1

ယောကျာ်းလေးတွေလည်း ရှိသင့်ရှိထိုက်တာရှိမှ ဘာဝတ်ဝတ်လှတာဆိုတဲ့ ထူးအောင်

htooaung66399 1

ဘော်ဒီအမိုက်စားနဲ့ မင်းသားသစ် တယောက်ဖြစ်တဲ့ ထူးအောင်ကိုတော့ ယခုနောက်ပိုင်းမှာတော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ထူးအောင်ကတော့ နှုတ်ခမ်းနီမလေးတွေ ရင်ခုန်စေလောက်တဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေလည်း လက်ခံအားပေးတဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။ ဘော်ဒီလှပ ကျစ်လျစ်တာကြောင့် သူဝတ်လိုက်တဲ့ အဝတ်အစားတိုင်းကတော့ ကြပ်ကြပ်နေပြီး သူပုဆိုးဝတ်ရင်လည်း တင်ပါးကလုံးနေတာကြောင့် ဖေ့ဘုတ်ပေါ်မှာ Troll တဲ့သူတွေများပြားနေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထူးအောင်ကတော့ အင်တာဗျူးမှာ ပြောကြားသွား ခဲ့ပါတယ်။

htooaung66399 3

ထူးအောင်ကတော့ MC နဲ့ အင်တာဗျူးတွင် ပုဆိုးဝတ်တာကို Troll ခံရတဲ့ အပေါ်မှာတော့ “ဖင်ရှိနေမှ ဘောင်းဘီဝတ်ရတာ လှတာ။ စတိုင်လ်ဘောင်းဘီတွေ ပုဆိုးတွေဝတ်ရင်လှတာ။ အရမ်းကြီး ဖင်ကြီးကို ကြီးခိုင်းတာတော့ မဟုတ်ဘူး။ ရှိသင့်ရှိထိုက်တာလေး ရှိမှ လှတာကို ပြောပြတာပါ။ ပုဆိုးဝတ်ရတာကိုတော့ ပိုကြိုက်ပါတယ်။

htooaung66399 2

ဒါပေမယ့်လည်း ကျနော်တို့က Gym ဆော့တဲ့သူတွဆိုတော့ အကျီဘောင်းဘီ ဝတ်လိုက်တဲ့ အချိန်မှာ ကျပ်သွားတာတွေ ရှိတော့ Troll စရာလေးတွေ ဖြစ်သွားတာပေါ့။ ကျစ်ကျစ်လစ်လစ်လေး ဖြစ်သွားတာပေါ့။ ဒီလိုလေးတွေ ဝတ်တာကို ပြောကြပေမယ့်လည်း မထင်နဲ့နော် ကိုယ့်မှာ အဲ့လိုလေးတွေ ရှိနေမှ ဘောင်းဘီတွေ ဝတ်မှ တကယ့်ကိုလှတာ။ ဒါကြောင့် ခူနောက်ပိုင်း ကိုယ့်ဆီမှာ Gym လာဆော့တဲ့သူတွေကိုဆို ပြောပြတယ်။ အဲ့လိုမျိုး သူများပြောတာတွေကို စိတ်ထဲထားမနေနဲ့ပေါ့။

htooaung66399 3

ကိုယ်လုံးလေးက ယောကျာ်းလေးတွေလည်းရှိနေမှ လှတာ ရူးရူးကြီးဆို ကြည့်လို့မကောင်းတော့ဘူးလေ။ Streetwear စတိုင်လ်တွေဆိုရင်တော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမယ့်လည်း လူကြီးလူကောင်း ဆန်ဆန် Gentleman စတိုင်လ် ဝတ်တော့မယ်ဆိုရင်တော့ ရှိသင့်ရှိထိုက်တာကတော့ ရှိရမယ်။ ဖင်ကြီးကို အရမ်းကြီးခိုင်းတာ မဟုတ်ဘူးနော်။ ကျနော်ကတော့ ရှိတယ်။ ဒါပေမယ့်လည်း ခုနောက်ပိုင်း လက်ဝှေ့လည်းထိုးနေတော့ ပိုပြီးကျစ်သွားတာပေါ့”

htooaung66399 4

ကိုယ့်ဘော်ဒီကို လူအများက ချီးကျူးအားကျ ကြတဲ့ အပေါ်မှာတော့ “အရမ်းဝမ်းသာပါတယ်။ ဒီလိုမျိုး ဖြစ်လာအောင်လည်း ကျနော်အများကြီး ကြိုစားခဲ့ရတာပါ။ ဒီလိုဘော်ဒီ ဖြစ်လာဖို့ဆိုတာ ကြည့်ရတာလွယ်ပေမယ့်လည်း အခက်အခဲတွေကတော့ ရှိပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါလေးတွေကို ကျနော်ထိန်းထားပါတယ်။ ဘယ်အချိန်ထိ ထိန်းထားနိုင်မလဲတော့ မသိဘူးပေါ့” ဆိုပြီးတော့ သူ့ရဲ့ ဘော်ဒီနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin