E.T.S

Every Time Story

အနုပညာသတင်း

ကိုနေတိုးရဲ့ ကောင်းကွက်တွေကို ဖောက်သည်ချလိုက်တဲ့ အေးမြတ်သူ

ayemyatthu55555555 1

ကိုနေတိုးရဲ့ ကောင်းကွက်တွေကို ဖောက်သည်ချလိုက်တဲ့ အေးမြတ်သူ

ayemyatthu55555555 1

အနုပညာလောကမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အေးမြတ်သူကတော့ ဇာတ်လမ်းပိုင်းကို ပီပြင်အောင်ပုံဖော်သရုပ်ဆောင်နိုင်ပြီး သူမရဲ့ အကောင်းဆုံးအကယ်ဒမီဆုကို” နောင်တွင်ဥဒါန်းတည်စေသတည်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်တစ်လက်လည်းဖြစ်ပါတယ်။

ayemyatthu55555555 3

အေးမြတ်သူဟာ လတ်တလောမှာတော့” စစ်ကား”ရုပ်ရှင်ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီနေတိုး၊ ရွှေထူး၊ထူးအောင်၊ကျော်ကျော်ဗိုလ်တိုနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာကိုပေါက်က ရိုက်ကူးမှာဖြစ်ပြီးတော့ ပါဝင်မယ့်သရုပ်ဆောင်တွေကလည်း ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေသူတွေပါ။

ayemyatthu55555555 2

ဒီဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်မယ့် နေတိုးနဲ့ ပတ်သက်ပြီးတော့ “ကိုနေတိုးနဲ့ ဆုံတာ”ပြုံးရွှင်ရေပျော်ရဲ့လား”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကနောက်ဆုံးပဲ။နောက်ထပ်ဒီကားမှာက ကိုနေတိုးနဲ့ ရွှေထူးဆိုလည်း ကောင်မလေးတွေရဲ့အသဲစွဲဆိုတော့ မင်းသားလေးယောက်နဲ့တင်ပဲ ကိုယ်တွေက သာသာလေးလိုက်ရမှာပေါ့။ကိုနေတိုးက ဘယ်သူကိုမဆို ဇာတ်ကားကောင်းဖို့အတွက် သူကိုမေးတာဖြစ်ဖြစ် သူအမြင်မတော်ရင် အမြဲတမ်းဆုံးမတယ်။

ayemyatthu55555555 1

အနေလည်းအေးတယ်။ဟက်ဟက်ပက်ပက်လည်းစကားမပြောရဲဘူး ရှိန်တယ်။သူငယ်ချင်းလိုလည်းမပေါင်းရဲဘူး။အကိုတစ်ယောက်စိတ်နဲ့ အကုန်လုံးကို ထောက်ပြပေးတယ်”လို့အေးမြတ်သူက ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နေတိုးကတော့ အနုပညာရှင်အချင်းချင်းတောင် လေးစားအားကျရတဲ့ သူတစ်ယောက်ပါနော်…….

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin