E.T.S

Every Time Story

အနုပညာသတင်း

မြမြနေရာက သရုပ်ဆောင်မယ့် မင်းသမီးအကြောင်း ပြောပြလိုက်တဲ့ ညိုမင်းလွင်

nyominlwin556933 1

မြမြနေရာက သရုပ်ဆောင်မယ့် မင်းသမီးအကြောင်း ပြောပြလိုက်တဲ့ ညိုမင်းလွင်

nyominlwin556933 1

မတရား အနိုင်ကျင့်ခံရပြီး အလောင်းဖျောက်ခံလိုက်ရတဲ့ စက်ရုံဝန်ထမ်း မြမြ အကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပေမဲ့ ပြန်လည်လှုံ့ဆော်တဲ့ အနေနဲ့ ဇာတ်ကား ရိုက်မယ့်သူက ဒါရိုက်တာ ညိုမင်းလွင် ဖြစ်ပါတယ်။ သရုပ်ဆောင်သစ်တွေကို ရွေးချယ်ပြီး ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ပုံစံဟောင်းကနေ ခွဲထွက်ပြီး သရုပ်ဆောင်သွားမယ့်ပုံပေါ်ပါတယ်။ မြမြနေရာက သရုပ်ဆောင်မယ့် မင်းသမီး ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဒါရိုက်တာ ညိုမင်းလွင်က ခုလို ပြောသွားပါတယ်။

nyominlwin556933 2

“အခုလက်ရှိ လျှောက်ထားသူပေါင်း ရာကျော် နေပါပြီ။ မြမြဘယ်သူလဲ ဆိုတာကို ကျွန်တော်တို့ မကြာခင် ပြောပါ့မယ်။ မြမြက ကျွန်တော်နဲ့ ရိုက်ဖူးတဲ့ သရုပ်ဆောင် မင်းသမီး တစ်လက်ပါ။ သူနဲ့ ကျွန်တော် လက်တွဲပြီး ဇာတ်ကားတွေ အများကြီး ရိုက်ခဲ့ဖူးပါတယ်။ မြမြကို စိတ်ဝင်စားတဲ့ ပရိသတ်တွေ အတွက် ထိုက်တန်တဲ့ ဇာတ်ကားတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဆိုပါတယ်။သရုပ်ဆောင်သစ်တွေကို အခွင့်အရေးပေးဖြစ်ပုံကိုလည်း ညိုမင်းလွင်က ခုလို ပြောသွားပါတယ်။

nyominlwin556933 3

“အဲ့ဇာတ်လမ်းကို စဉ်းစားမိပြီး ခေါင်းထဲ ရောက်တည်းက သူ့ကိုပဲ မြင်တယ်။ သူက မြမြပဲ။ စက်တင်ဘာ ပထမပိုင်းမှာ မုဒိမ်းသမားဇာတ်ကောင်အတွက် audition လုပ်ပါမယ်။ ကျွန်တော်က ရုပ်ရှင်လောကထဲက လူကို မရွေးတာက ဆင်ဆာကို မေ့ထားပြီး ရိုက်ချင်လို့။

nyominlwin556933 2

ရုပ်ရှင်လောကထဲက လူကျတော့ ဒါက ရပါ့မလားတို့ ၊ဆင်ဆာလွတ်ပါ့မလားဆိုပြီး မေးခွန်းတွေ ထုတ်တယ်။ ကျွန်တော်က မေ့ပြီး ရိုက်စေချင်တာ။ အဟောင်းတွေကျတော့ မင်းချွတ်ကွာဆိုရင် ချွတ်တာက ဖြစ်ပါ့မလားလို့ ပြောနေမှာဆိုတော့ အသစ်တစ်ယောက်ကို အခွင့်အရေး ပေးလိုက်တာ ပိုကောင်းပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

nyominlwin556933 3

မြမြ ရုပ်ရှင်ကတော့ တကယ်ရှိတယ် မရှိဘူး ငြင်းခုံနေတဲ့ ပရိသတ် နှစ်မျိုးစလုံးအတွက် ထိုက်တန်တဲ့ ဇာတ်ကား ဖြစ်မှာပါဆိုပြီး ညိုမင်းလွင်က ပြောကြားသွားခဲ့ပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

931 Shares
Share931
Tweet
Share
Pin