E.T.S

Every Time Story

အနုပညာသတင်း

ပရိသတ်တွေရဲ့ သံသယဝင်တာခံနေရတဲ့ စိုင်းစိုင်းနဲ့ ပိုးမမှီသာ

poemithrsaisai 1

ပရိသတ်တွေရဲ့ သံသယဝင်တာခံနေရတဲ့ စိုင်းစိုင်းနဲ့ ပိုးမမှီသာ

poemithrsaisai 1

ပိုးမမှီသာဆိုတဲ့ ဆွဲဆောင်မှုရှိပြီးချစ်ဖို့ကောင်းတဲ့ မော်ဒယ်မင်းသမီးချောလေးဟာဆိုရင် စိုင်းစိုင်းရဲ့ “သိင်္ဂါရသီချင်းတစ်ပုဒ်” မှာ ပါဝင်သရုပ်ဆောင်ပေးခဲ့သလို စိုင်းစိုင်းနဲ့အတူ အခြားအနုပညာတွေလည်းအတူတူလုပ်ဖူးပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့အနုပညာရှင်တစ်ဦးပါ။

poemithrsaisai 4

ပိုးမမှီသာက ငယ်ငယ်ကတည်းက စိုင်းစိုင်းရဲ့ပရိသတ်တစ်ဦးလည်းဖြစ်ပြီး စိုင်းစိုင်းနဲ့မောင်နှမလိုခင်မင်တယ်လို့လည်း အင်တာဗျူးတွေမှာဖြေခဲ့ဖူးပါတယ်။ ဒါပေမယ့် မကြာသေးမီက လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာတဲ့ဓာတ်ပုံတွေကြောင့် ပရိသတ်တွေက စိုင်းစိုင်းနဲ့ ပိုးမမှီသာကို သို့လောသို့လော အတွေးများနေကြရတယ်ဆိုရင်လည်းမမှားပါဘူး။

poemithrsaisai 2

စိုင်းစိုင်းက ပြီးခဲ့တဲ့နေ့က သူ့ရဲ့ Instagram မှာ မင်းကွန်းမြသိန်းတန်စေတီမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုတင်ထားခဲ့ပါတယ်။ စိုင်းစိုင်းက စေတီဖြူဖြူရဲ့ သပ္ပါယ်လှတဲ့အရိပ်အောက်မှာ မတ်တပ်ရပ်နေတဲ့ ပုံလေးကို “ပေါင်းရဖို့အတွက် ရည်စူးရွယ်ကာ ဘုရားကိုတက် ကန်ဘောင်မှာအတူတူထို်င်ကာ တအားကိုဖက်”ဆိုတဲ့သီချင်းစာသားလေးနဲ့ တင်ထားခဲ့တာဖြစ်လို့ ဘုရားကို ချစ်သူနဲ့အတူတူသွားတာလားလို့ ပရိသတ်တွေကထင်မြင်ယူဆနေကြတာပါ။

poemithrsaisai 3

ဒါပေမယ့် စိုင်းစိုင်းက မကြာခင်က သူ့ရဲ့လူမှုကွန်ယက်မှာ “အသည်းတွေလည်းကွဲပါတယ်”ဆိုတဲ့ status လေးတင်ထားခဲ့တာလည်းပရိသတ်တွေတွေ့လိုက်ရပါတယ်။ အဲဒါကြောင့် စိုင်းစိုင်းရဲ့ ချစ်သူနဲ့အချစ်ရေးအဆင်ပြေရဲ့လားလို့ပရိသတ်တွေစိုးရိမ်နေတဲ့အချိန်မှာ စိုင်းစိုင်းက အခုလိုဓာတ်ပုံလေးတင်လိုက်တာပါ။

poemithrsaisai 1

ဒါပေမယ့် မရှေးမနှောင်းမှာပဲ ပိုးမမှီသာကလည်း သူမရဲ့ လူမှုကွန်ယက်မှာ မြသိန်းတန်စေတီမှာရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပဲစိုင်းစိုင်းရဲ့ဓာတ်ပုံထဲကနေရာမှာပဲ နောက်လှည့်ပြီးရိုက်ထားတဲ့ ပုံလေးကိုတင်ထားခဲ့ပါတယ်။ ပိုးမမှီသာကFacebook မှာတော့ မင်းကွန်းက ဓာတ်ပုံလေးတွေကို “ဒီပုံတွေအကုန်လုံးကို မင်းကွန်း မြသိန်းတန်ဘုရားက ၁၂ နှစ်အရွယ်ညီမလေးကဘဲ ရိုက်ပေးတာပါ သူလေးက pose ပါသင်ပေးသေးတာ”လို့ရေးပြီးတင်ထားခဲ့တာဖြစ်ပါတယ်။

poemithrsaisai 2

ဒါပေမယ့် ပရိသတ်တွေက အဲဒီလိုတိုက်တိုက်ဆိုင်ဆိုင်နေရာရော အင်္ကျီအဝတ်အစားအရောင်ပါ ခပ်ဆင်ဆင်တူတဲ့ဓာတ်ပုံလေးတွေနဲ့ပတ်သက်ပြီး စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့ မြသိန်းတန်စေတီကို အတူတူသွားခဲ့တာလား.. ချစ်သူတွေဖြစ်နေကြပြီလားဆိုတဲ့ မေးခွန်းတွေနဲ့ စိတ်ဝင်တစားဖြစ်နေကြပါပြီ။

poemithrsaisai 4

E.T.S ပရိသတ်ကြီးရော စိုင်းစိုင်းနဲ့ ပိုးမမှီသာကိုချစ်ကြလား။ ပရိသတ်တွေထင်သလို သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေရင်ရော သဘောတူကြမှာလား။ပြောခဲ့ကြပါဦး။

Facebook Comments

Comments are Closed

Powered by M.N.T

3K Shares
Share3K
Tweet
Share
Pin