E.T.S

Every Time Story

အနုပညာသတင်း

တွဲနေကြပြီလားလို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးခံနေရတဲ့ တိုင်ရွန်နဲ့အိချောပို

eichawpo 1

တွဲနေကြပြီလားလို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးခံနေရတဲ့ တိုင်ရွန်နဲ့အိချောပို

eichawpo 1

တိုင်ရွန်ကတော့ မော်ဒယ်မင်းသားတစ်ယောက်အဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်ရံခြင်းခံနေရပါတယ်။ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုသာမက ယောက်ျားလေးပရိသတ်တွေရဲ့ အားကျခြင်းကိုလည်းခံနေရသူဖြစ်ပါတယ်။

eichawpo 4

MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ “မနေ့ကဖြစ်သည် (၂)”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အားပေးသူပရိသတ်ပိုမိုရရှိခဲ့ပြီး မကြာသေးမီကရုံတင်ပြသခဲ့တဲ့ “သတိ အန္တရာယ်ရှိသည်”ရုပ်ရှင်ဇာတ်ကားကြီးမှာ တက်သစ်စတစ်ဦးအနေနဲ့ ခက်ခဲတဲ့ ဗီလိန်ကာရိုက်တာကိုလည်း ပိုင်ပိုင်နိုင်နိုင်နဲ့ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

eichawpo 3

အိချောပိုကတော့ အနုပညာပျိုးခင်းက မြေတောင်မြှောက်ပေးလိုက်တဲ့ မင်းသမီးတွေထဲကတစ်ဦးအပါအ၀င်ဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်မှုရရှိပြီး ပရိသတ်တော်တော်များများရဲ့ အားပေးချစ်ခင်မှုကို ခံရတဲ့ မင်းသမီးချောတစ်လက်ဆိုလည်းမမှားပါဘူးနော်။လှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးကြောင့် ယောက်ျားလေးပရိသတ်တွေကသည်းသည်းလှုပ်အားပေးမှုကိုလည်း ခံရတဲ့ သူလေးပါ။ အကယ်ဒမီကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “ဒဏ္ဍာရီပင်လယ်” ဇာတ်ကားကြီးမှာလည်းပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိမှာ ရုံတင်ပြသနေဆဲဖြစ်တဲ့ “တ​စ္ဆေ များနဲ့ ​ပျော်​မြူးခြင်း ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းပရိသတ်တွေရဲ့ တခဲနက်အားပေးခြင်းကို ရရှိထားသူလည်းဖြစ်ပါတယ်။

eichawpo 5

နိုင်ငံကျော်မင်းသမီး အိချောပိုနဲ့ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်တို့ကတော့ “ချိုးရုပ်”ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတွဲဖက်သရုပ်ဆောင်ရင် သိကျွမ်းခဲ့ကြတာဖြစ်ပြီး Aroma ရဲ့ Wedding Show 2019 ပွဲမှာ မင်္ဂလာစုံတွဲအဖြစ် မင်္ဂလာဝတ်စုံလေးတွေကိုဝတ်ဆင်ကာ အတူတူပါဝင်ခဲ့တာဖြစ်ပါတယ်။ စင်ပေါ်မှာ ရှိုးလျှောက်နေရင်း သရုပ်ပြမှုတခုအနေဖြင့် အိချောပိုရဲ့ လက်ကို တိုင်ရွန်မှ အကြင်နာပေးလိုက်ပါသေးတယ်။ ထိုပွဲလေးမှာတော့ ရှေ့သွားနောက်လိုက်ညီတဲ့ သူတို့နှစ်ယောက်ကတော့ တကယ့်စုံတွဲတွေလားလို့ ထင်ရလောက်အောင် လိုက်ဖက်ညီခဲ့ပါတယ်။

eichawpo 2

အခုလို တစ်ယောက်နဲ့တစ်ယောက်ဂရုတစိုက်ရှိတဲ့ အပြုအမှုလေးတွေကြောင့် ပရိသတ်တချိုကတော့ တိုင်ရွန်နဲ့ အိချောပိုတို့ တွဲနေကြပြီလားဆိုတာ ထင်ကြေးပေးလာပါတယ်။E.T.S ပရိသတ်ကြီးရော အိချောပိုနဲ့ တိုင်ရွန်တို့ အမှန်တကယ်တွဲနေကြပြီဆိုရင် သဘောတူကြရဲ့လား။

Facebook Comments

Comments are Closed

Powered by M.N.T

470 Shares
Share470
Tweet
Share
Pin