E.T.S

Every Time Story

အနုပညာသတင်း

ပိုင်တံခွန်နဲ့တကယ်နမ်းတဲ့အကြောင်းကို ရှင်းပြလိုက်တဲ့ ဆိုဖီယာ

fgkdsnlfkvnldsknfvlknlkvnldknvlkn 2

ပိုင်တံခွန်နဲ့တကယ်နမ်းတဲ့အကြောင်းကို ရှင်းပြလိုက်တဲ့ ဆိုဖီယာ

fgkdsnlfkvnldsknfvlknlkvnldknvlkn 2

မကြာသေးမီက ပရိသတ်တွေကို အုံးအုံးကြွက်ကြွက်ဖြစ်သွားစေခဲ့တဲ့ ဆိုဖီယာနဲ့ နင်ဇီမေတို့ရဲ့ ဧည့်သည် MTV ကို ပရိသတ်တော်တော်များများကြည့်ပြီးဖြစ်ကြမှာပါ။ Music Video ထဲမှာ ဆိုဖီယာနဲ့ နင်ဇီမေနှစ်ယောက်စလုံးနဲ့ သရုပ်ဆောင်ပိုင်တံခွန်နဲ့ ခပ်ကြမ်းကြမ်းအနမ်းခန်းတွေပါဝင်တာကြောင့် အဲဒီလိုသရုပ်ဆောင်မှုမျိုးကိုစိမ်းနေသေးတဲ့ မြန်မာပရိသတ်တွေအတွက် တစ်မျိုးတစ်မည်ဖြစ်သွားစေပြီး ဝေဖန်မှုတွေမျိုးစုံထွက်လာစေခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ Music Video ထဲမှာ ပိုင်တံခွန်နဲ့ နှုတ်ခမ်းချင်းနမ်းခဲ့တာနဲ့ပတ်သက်ပြီး ဆိုဖီယာက အင်တာဗျူးမှာဖြေကြားသွားပါတယ်။

fgkdsnlfkvnldsknfvlknlkvnldknvlkn 1

ဆိုဖီယာက Music Video ထဲက အနုပညာရှင်သုံးယောက်စလုံးရဲ့ ပရိသတ်တွေဆီကဝေဖန်သံတွေကြားရကြောင်း “ဆိုဖီက result ကိုတော့ ကြိုက်ပါတယ်။ ရှေ့က နင့်ရဲ့ ထက် result ပိုကောင်းတယ်ထင်တယ်။ ဒီထဲမှာ artist သုံးယောက်ပါနေတာဆိုတော့ Kissing ဆွဲတဲ့အခန်းပါနေတယ်ဆိုတော့ အချို့ယောက်ျားလေးတွေကလည်း ဖီဖီ့ကိုထိတယ်တို့ နင်ဇီ့ကိုထိတယ်တို့ပြောကြတယ်။ တံခွန့်ရဲ့ fan တွေကလည်း အဲ့လိုပေါ့။ ပြောကြတယ်”လို့ ပြောထားပါတယ်။

fgkdsnlfkvnldsknfvlknlkvnldknvlkn 3

Music Video ရဲ့ Storyline ကိုတော့ ဆိုဖီယာက “ဒါကတော့ ဆိုဖီရော ဒါရိုက်တာရောစဉ်းစားထားတာ။ သီချင်းနာမည်က ဧည့်သည်ဆိုတော့ နင်ဇီ့ရဲ့ ဧည့်သည်လည်းဟုတ်တယ် ဆိုဖီ့ရဲ့ ဧည့်သည်လည်းဟုတ်တယ်။ နင်ဇီနဲ့ တွဲတယ်ပြတ်တယ်။ ဆိုဖီနဲ့တွဲတယ်ပြတ်တယ်။ ဒီလိုပါပဲ။ ရှင်းရှင်းလေးပါပဲဒီတစ်ခေါက်တော့”လို့ ပြောထားပါတယ်။ ပိုင်တံခွန်နဲ့ Kiss ပေးတဲ့အခန်းအကြာင်းကို ဆိုဖီယာက “တံခွန်ကတော့ အငယ်လေ။ ဆိုဖီနဲ့ နင်ဇီနဲ့က အကြီးဆိုတော့ သူ့ကို ဒီ MTV မှာ အကူအညီတောင်းတယ် သူကလည်း ကူညီပေးတယ်။ ဒါပါပဲ။ အဲဒီနေ့က မနက်ကနေညအထိ တစ်နေ့လုံးဆိုတော့ အခန်းတိုင်းကတော့ အမှတ်တရပါပဲ။ Kissing ဆွဲတဲ့အခန်းမှာတော့ နင်ဇီကတော့ ရှက်နေတယ်ထင်တယ်။ ဆိုဖီကတော့ အလုပ်ပဲဆိုတော့ ဒီလိုပါပဲ”လို့ ပြောပြထားပါတယ်။

fgkdsnlfkvnldsknfvlknlkvnldknvlkn 4

ဆိုဖီယာက ပိုင်တံခွန်ကိုစိုးရိမ်နေကြတဲ့ပရိသတ်တွေကိုအပြင်မှာဘာမှမဟုတ်လို့ မစိုးရိမ်ပါနဲ့လို့လည်း “ဒါကအလုပ်သဘောရပါ။ ဘာမှမဟုတ်ပါဘူးလို့။ MTV ထဲမှာပါတယ်ဆိုရင် စိတ်ချရတယ်။ဘာမှမဟုတ်ဘူး။ စိတ်မပူပါနဲ့လို့ တံခွန်က အလုပ်ကြိုးစားနေတာပေါ့နော်။ ပြီးတော့အစ်မတို့ကိုလည်းကူညီပေးနေတာပါလို့။ ဒါအလုပ်သဘောအရ သီချင်းလေးကို အနုပညာသဘောအရပဲကြည့်ပေးပါလို့ ပြောချင်ပါတယ်”လို့ သေချာရှင်းပြသွားပါတယ်။

fgkdsnlfkvnldsknfvlknlkvnldknvlkn 5

ဒီသီချင်းလေးနဲ့ဆက်စပ်ပြီး ဆိုဖီယာက ယောက်ျားလေးတွေအကြောင်းလည်းအမျိုးသမီးထုကြီးဘက်ကနေသတိပေးသွားပါသေးတယ်။ “မိန်းကလေးတွေဘက်ကနေပဲပြောချင်ပါတယ်။ ယောက်ျားလေးတွေက အချို့တွေက သူတို့မှာအဆင်မပြေတာတွေကအရမ်းများတယ် ကိုယ့်ဆီရောက်နေတဲ့အချိန်မှာ။ သူတို့လောက်အဆင်မပြေတာလည်းသူတို့ပဲ။ သူတို့လောက်ဘဝမှာ အဆင်းရဲဆုံး၊အားအနည်းဆုံးအခြေအနေဖြစ်နေတာလည်းသူတို့ပဲ။ ဒါပေမယ့်သူတို့ဟာသူတို့ကျရင်တော့ အဆင်တွေပြေနေတာပဲ။ အဲဒီတော့ ဧည့်သည်ဖြစ်တာတော့ကောင်းပါတယ်။ ဝင်လာတဲ့အချိန်မှာ ဧည့်သည်လုပ်နေရင်းနဲ့ သူခိုးတော့မဖြစ်စေနဲ့ပေါ့”လို့ ရယ်မောရင်းပြောသွားပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin