E.T.S

Every Time Story

အနုပညာသတင်း

ဗိုလ်ချုပ်ရုပ်ရှင်ကို ဘတ်ဂျက် သိန်း ၁၅၀၀၀ခွဲနဲ့ ၅ လအတွင်းအပြီးရိုက်ကူးမယ်ဆိုတဲ့ လူမင်း

lumin55634 2

ဗိုလ်ချုပ်ရုပ်ရှင်ကို ဘတ်ဂျက် သိန်း ၁၅၀၀၀ခွဲနဲ့ ၅ လအတွင်းအပြီးရိုက်ကူးမယ်ဆိုတဲ့ လူမင်း

lumin55634 2

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသားကြီး လူမင်းကတော့ လက်ရှိချိန်ထိလည်း အောင်မြင်မှုက မကျသွားသေးပဲ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတုန်းပါပဲ။ မင်းသား လူမင်းကတော့ လက်ရှိမှာ အောင်မြင်တဲ့ သရုပ်ဆောင်ကောင်း တယောက်ဖြစ်တဲ့အပြင် လူငယ်တွေကိုလည်း အမြဲလိုလို လက်တွဲခေါ်တတ်တဲ့ အနုပညာရှင်လည်း ဖြစ်ပါတယ်။

lumin55634 4

လူမင်းကတော့ သရုပ်ဆောင်အပြင် ဒါရိုက်တာပိုင်းကိုလည်း လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ လူမင်းကတော့ လွန်ခဲ့တဲ့နှစ်တွေလောက်ကတည်းက အကောင်အထည်ဖော် ရိုက်ကူးဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာ တယောက်အနေနဲ့ တာဝန်ယူထားတာ ဖြစ်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ကို လာမယ့် ၅ လအတွင်းမှာ ရိုက်ကူးသွားမယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

lumin55634 5

လူမင်းကတော့ “ဒီနှစ်အစည်းဝေး ရလဒ်ကိုပြောရမယ်ဆိုရင်တော့ ဒါအားလုံးလဲ သိချင်မျှော်လင့်နေတဲ့ အဖြေလေးတစ်ခုပါ ကျွန်တော်တို့ ဒီနှစ်စက်တင်ဘာ အကုန်မှာရိုက်ကူးရေး စတင်ဖို့ ကျွန်တော်တို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ် အဲ့အတိုင်းဖြစ်အောင်လဲ ကျွန်တော်တို့ ကြိုးစားကျဖို့ ဆွေးနွေးခဲ့ပါတယ်။

lumin55634 1

ဘယ်လိုပြင်ဆင်ထားလဲ” ပြင်ဆင်မှုအပိုင်းတွေက အမျိုးမျိုးရှိပါတယ် ငယ်ဘဝရှိတယ် ကျောင်းသားဘဝ ဂျပန်နဲ့ရဲဘော်သုံးကျိတ်ရှိမယ် နိူင်ငံရေးသမားဘဝရှိမယ် အဲ့လိုအပိုင်းပိုင်းလိုက်မှာ တချို့အပိုင်းတွေက ပြင်ဆင်မှု ၇၅ရာခိုင်နှုန်းလောက် ပြီးပါပြီ တစ်ချို့အပိုင်းတွေ ၄၀ရာခိုင်နှုန်း ၅၀ရာခိုင်နှုန်း ပြီးတာတွေရှိတယ် တချို့ဒီထက်ပိုပြီးတဲ့ အပိုင်းတွေလဲရှိတယ်ဆိုတော့ ကျွန်တော်တို့က ရိုက်ကူးရေးကိုစပြီး ပြီးတဲ့အပိုင်းတွေကို ဆက်လက်ပြင်ဆင်ရင်း ရိုက်ရင်းပြင်ရင်းနဲ့ သွားဖို့ရှိပါတယ်

lumin55634 3

သရုပ်ဆောင် တွေရောပြင်ဆင်ပြီးပြီလား ဆိုတာကိုတော့” သရုပ်ဆောင် တွေတော်တော်များများတော့ ရနေပါပြီ တစ်ချို့အနဲငယ်ဘဲကျန်ပါတယ် လျှောက်လွှာတင်ထားတဲ့ ကလေးတွေ အနုပညာသင်တန်းက ကလေးတွေရော ရုပ်ရှင်လောကထဲ အရွယ်တူအနုပညာရှင်တွေရော ကျွန်တော်တို့ အကြမ်းဖျင်းတော့အကုန် ရွေးချယ်ပြီးပါပြီဘယ်နေရာတွေမှာရိုန်မလဲကိုတော့” Location တွေက နတ်မောက်တို့ ရေနံချောင်းတို့ပါမယ် အများစုတွေကလဲ ရန်ကုန်လဲပါမယ် နောက် စစ်ချီတပ်တဲ့အခန်းတွေ တိုက်ပွဲတွေက နေရာစုံအောင် ရိုက်ဖို့လဲရှိပါတယ်

lumin55634 4

ရိုက်ကူးဖို့အချိန်ဘယ်လောက်ယူလဲ” အကြမ်းဖျင်းဘဲ မှန်းလို့ရအူးမယ် ခုနကပြောသလို ကျွန်တော်တို့က တစ်ပိုင်းပြီးတစ်ပိုင်းဘဲ ရိုက်သွားမှာဖြစ်တဲ့တွက် ပြင်ဆင်နေတုန်းမှာ အဆင့်သင်ဖြစ်တဲ့အပိုင်းကို ရိုတ်သွားမှာဆိုရင် ခန့်မှန်းထားတဲ့အတိုင်ပြီးမယ် ဆိုရင် ဒီနှစ် ဇန်နဝါရီမှာ ကျွန်တော်တို့အပြီးသက်ရိုက်ကူး နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ငါးလအတွင်းအပြီးရိုက်မှာပေါ့နော်။ အဲ့လိုရည်ရွယ်ထားပါတယ် လိုချင်တဲ့ပြင်ဆင်မှုတွေ နောက်ကပံ့ပိုးပြီး လုပ်နိူင်မယ်ဆိုရင်ပေါ့ ”

lumin55634 5

ဘက်ဂျက်ဘယ်လောက်နဲ့စရိုက်ဖြစ်မလဲ” အခုလောလောဆယ်က ရှေ့အစည်းဝေးမှာ ပြောသလိုပါဘဲ ကျွန်တော်တို့မှာ ဘက်ဂျက် သိန်းတစ်သောင်းခွဲ ရှိပါတယ် ဒါနဲ့စပြီးရိုက်ပါမယ် လိုအပ်တာတွေတော့ ရုပ်ရှင်ဥက္ကဠ အာမခံထားတော့ ရိုက်စရာရှိတာရိုက်ရမှာပေါ့” ဗိုလ်ချုပ်ရုပ်ရှင်အတွက်စိုးရိမ်မှုရှိလား” စိုးရိမ်စိတ်တော့ရှိပါတယ် ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုရုပ်ရှင်ရိုက်ရတယ် ဆိုတာခက်ပါတယ် ပြင်ဆင်ရတဲ့အပိုင်းတွေ လွန်ခဲ့တဲနှစ်ပေါင်များစွာက Location တွေ အကြောင်းအရာတွေ နောက်တကယ်ဖြစ်ရပ ်သမိုင်းကြောင်းတွေကို ရိုက်ရတာဖြစ်တဲ့အတွက် ဖိဆီးမှုတွေ တော်တော်များပါတယ် နောက်ပီးတော့ နိူင်ငံအနေထားအရဆိုရင်လဲ ဒါစိန်ခေါ်မှုတွေအများကြီး ရှိပါတယ် ဝေဖန်မှုတွေအများကြီးကလဲ ဆီးကြိုစောင့်နေတာ အားလုံးကလဲသိနေတော့ ဆိုးရိမ်မှုကတော့ရှိပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

9K Shares
Share9K
Tweet
Share
Pin