E.T.S

Every Time Story

အနုပညာသတင်း

သမီးကို သေတဲ့ထိ မတွေ့ဘူးလို့ အပြတ်သားဆုံးပြောလိုက်တဲ့ ကစ်ကစ်

kitkit566 4

သမီးကို သေတဲ့ထိ မတွေ့ဘူးလို့ အပြတ်သားဆုံးပြောလိုက်တဲ့ ကစ်ကစ်

kitkit566 4

ကစ်ကစ်ဟာ ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်နေရပြီးဆေးရုံပေါ်မှအသည်းအသန်ဖြစ်နေတဲ့အချိန်တွေကိုလည်းကျော်ဖြတ်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ မင်းသမီးခင်သဇင်နဲ့ ပြုစုတဲ့လူတွေ အလှူရှင်တွေရဲ့အားနဲ့ ပြန်ပြီးရောဂါသက်သာလာခဲ့ပါတယ်။ ကစ်ကစ်က မကြာသေးမီက အကုန်သိမီဒီယာတွေနဲ့အင်တာဗျူးမှာ သမီးနဲ့ပတ်သက်ပြီး ခံစားရတာတွေနာကျင်ရတာတွေကိုရင်ဖွင့်လာခဲ့ပါတယ်။

ကစ်ကစ်က သမီးလေးဟာ အရင်တုန်းကအရမ်းလိမ်မာခဲ့ဖူးတဲ့အကြောင်း “အရမ်းလိမ္မာတာ။အမေကိုဆို ဖိနပ်စီးပေးတယ်။ ထမင်းခွံံ့တယ်။ ရုပ်ရှင်လောကကလူတွေအကုန်လုံးသိတယ်။ ဒီကလေးလိမ်မာတာ။ သူမပြုစုလိုက်ရလို့ိုဆိုပြီး ငိုသေးတာ။ ကားတွေဘာတွေရိုက်လို့ ပုပ္ပါးတောင်ပေါ်တက်သွားတာလေ။

kitkit566 3

ချဉ်ပေါင်ခါး အရမ်းခါးတဲ့ဟာကိုလည်း တကယ်ကိုရိုးရိုးချဉ်ပေါင်လိုဖြစ်အောင် ကြော်ကျွေးတာ။ တကယ်ကိုကြော်တတ်တယ်။ အဲဒါလေးကတော့ အမှတ်တရပဲ။ အဲဒီသမိုင်း မုဒိတာအိမ်ရာကိုရောက်သွားပြီးကတည်းက အဲဒီတစ်ယောက်နဲ့ပတ်သက်ပြီးတဲ့နောက်ပိုင်းပျက်စီးတော့တာပဲ။ ဒီနေ့အထိ သုံးစားလို့ကိုမရတော့ဘူး”လို့ပြောပြထားပါတယ်။

သမီးက ပတ်သက်နေတဲ့ Tomboy တစ်ယောက်ကြောင့် ကိုယ့်သမီးကိုယ်သေအောင်သတ်နေတယ်လို့အပြောခံရတယ်ဆိုတဲ့အကြောင်း ကစ်ကစ်က “ကိုယ့်ကိုကျောက်ကပ်တွေလှူပါ့မယ်ဆိုတဲ့အလှူရှင်တွေထွက်လာတယ်။ ဒါပေမယ့် တစ်ရှုးမတူတဲ့အတွက် ပြဿနာလေးတွေဖြစ်သွားတယ်။

kitkit566 1

အဲဒီပြဿနာပေါ်မူတည်ပြီး အိမ်ကသမီးကိုစမ်းသပ်တယ်။ သမီး နင်တို့ကအဆောင်မှာနေတယ်ဆိုတော့ သူရယ် သူ့သူငယ်ချင်း Tomboy နဲ့ အဆောင်မှာနေတယ်။ နင်တို့လည်းပိုက်ဆံလိုနေတာပဲလို့နင့်ဆီက ကျောက်ကပ်ကိုငါ သိန်းသုံးဆယ်နဲ့ဝယ်မယ်လေလို့။ အမှန်က မလုပ်ပါဘူး။ကိုယ့်သမီးဟာကို။ ကိုယ့်မှာဆီးချိုရှိရင် သူ့မှာလည်းရှိနိုင်တယ်

ကျောက်ကပ်လဲပြီးပါပြီတဲ့မျိုးရိုးအရ ဆီးချိုရှိနေရင် ပြန်ဖြစ် ဘာထူးမလဲ။ အဲ့လိုပေ့ါ။ ကိုယ့်သမီးကအရိုးခံဆိုတာကိုသိလို့ သိန်းသုံးဆယ်နဲ့ နင့်ကျောက်ကပ်ကိုဝယ်မယ်လို့ ပြောတော့ တကယ်ကြီးသိန်းသုံးဆယ်ရမှာလားတဲ့။ အေးပေါ့လို့ နင်လိုချင်ရင်ပေးမှာပေါ့လို့ဆိုတော့ ပေးမယ်ပေးမယ်တဲ့။ အဲဒါကိုသူက သူ့ရဲ့ Tomboy ကို သွားပြောပြရောပြောတော့ အဲဒီဟာလေးက နင့်အမေက နင့်ကိုသတ်နေတာတဲ့။ကျောက်ကပ်မရှိရင်သေသွားမှာပေါ့တဲ့။

kitkit566 3

ကလေးတွေက ညဏ်ရည်မဖွံ့ဖြိုးလို့ပြောလိုက်တာထားပါတော့။အဲဒီဟာလေးရဲ့ အမေကပါ နင့်အမေက နင့်ကိုသတ်နေတာတဲ့။ ကိုယ့်သားသမီးကိုယ်သေအောင်သတ်နေတာဆိုတဲ့ဟာမျိုးက ပြောသင့်လားမပြောသင့်လား။ တကယ်ဆိုရင် မိဘချင်းကိုယ်ချင်းစာတဲ့အနေနဲ့ သမီးရယ်ဒီအလှူလောက်မွန်မြတ်တာဘာရှိဦးမလဲ။ဒီလိုဖြစ်ရမယ်လေ။ နင့်အမေက နင့်ကိုသေအောင်သတ်နေတာဆိုတဲ့စကားမျိုးက လုံးဝမခံစားနိုင်ဘူး။ခွေးကိုက်တာထက်နာတယ်”လို့ ပြောသွားပါတယ်။

သမီးဖြစ်သူက Tomboy နဲ့ပတ်သက်ရင်မရတော့ဘူးလို့လည်း “အဲဒီတစ်ယောက်မရှိရင်အကုန်ကောင်းတယ်။ ကားလမ်းမကိုထွက်ပြေးတယ်။စိတ်ညစ်တယ်ဆိုပြီးတော့။ သူ့ကိုယ်သူဓားတွေနဲ့မွှန်းပစ်တယ်။ မအေနဲ့သူနဲ့ကြားထဲမှာ စိတ်ထွက်ပေါက်ပိတ်သွားပြီဆိုရင်အဲဒီလိုတွေ လုပ်တဲ့အကျင့်ဖြစ်လာတယ်။အဲ့တော့ မဟော်သဓာဇာတ်ထဲကလို ကိုယ့်သားသမီးတော့အနာမခံနိုင်လို့လွှတ်ပေးလိုက်တယ်

kitkit566 2

။သူ့ဘဝနဲ့သူ့အကြောင်းပဲ”လို့ ပြောပြထားပါတယ်။တစ်ခါတစ်လေကိုယ်မွေးထားတာမှဟုတ်ရဲ့လားလို့တွေးမိကြောင်း “ဆေးရုံလာတယ်။ဆေးရုံကိုပိုက်ဆံလာတောင်းတယ်။ မပေးလို့ရှိရင် ဆေးရုံမှာရှိတဲ့လူနာစောင့်တွေဆီကနေပိုက်ဆံချေးသွားမယ်လို့ပြောတဲ့အချိန်မှာ ကိုယ်ကလုံးဝမေ့မျောနေတယ်။ ဆေးရုံကြီးမှာကုတင်ငါးရာကို ပြောင်းရမယ့်နေ့။ကုတင်ငါးရာကနေ ဗဟိုရ်စည်မှာ ကျောက်ကပ်ဆေးရမှာ။လူက လုံးဝသတိကမလည်တော့ဘူး။နောက်ဆုံးအချိန်ရောက်နေပြီ။

အဲဒါကို အဲဒီမိန်းကလေး ဒီလိုပြောရက်သလား။ တစ်ခါတစ်လေ ကိုယ်မွေးထားတာမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်။ ငါမွေးထားတဲ့သမီးက ပြောလိုက်တဲ့စကားလားဟုတ်ရောဟုတ်ရဲ့လားလို့ အတွေးပေါင်းများစွာဝင်တယ်”လို့ နာကျင်စွာရင်ဖွင့်ထားပါတယ်။

kitkit566 1

သမီးက အမေဖြစ်သူကို အမေ့ရောဂါနဲ့အမေသေမှာလို့ ပြောခဲ့ဖူးကြောင်း “အခုသူက တော်တော်ကြီးကိုဆိုးလွန်းတယ်။အမေကိုတောင်မှ အမေတဲ့သူများကိုသတ်ဖို့မစဉ်းစားနဲ့ အမေသာ ကိုယ့်ရောဂါနဲ့ကိုယ်သေမှာဆိုတဲ့စကား။ တွက်သာကြည့်တော့ ။အဲ့လောက်ထိတောင်ပြောလာပြီဆိုရင် ဒီမိန်းကလေးကို ကိုယ်နဲ့အနီးမှာထားသင့်မထားသင့်။ အိမ်မှာနေရင်ငါးဆယ့်နှစ်လက်မတီဗီတစ်လုံးကွဲပြီးပြီ။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin