E.T.S

Every Time Story

အနုပညာသတင်း

မြင့်မြတ်နဲ့ ယုန်လေးက ဆုံးမထားလို့ ပေါတောတောတွေမလုပ်တော့ဘူးဆိုတဲ့ စည်သူပလပ်ကျွတ်

drgvwdvdiusbf2100457 2

မြင့်မြတ်နဲ့ ယုန်လေးက ဆုံးမထားလို့ ပေါတောတောတွေမလုပ်တော့ဘူးဆိုတဲ့ စည်သူပလပ်ကျွတ်

drgvwdvdiusbf2100457 2

စပါဟီးရိုးဝတ်စုံတွေ ဝင်ဆင်မှုကြောင့် နာမည်ကြီးလူသိများခဲ့ရုံမကဘဲ ရုပ်ရှင်ကားကြီးတစ်ကားမှာ တောင် ခေါင်းဆောင်မင်းသားအဖြစ်ပါဝင် သရုပ်ဆောင်ထားရတဲ့ စည်သူ (ပလပ်ကျွတ်) ကိုအားလုံးသိကြမှာပါ ။ အခု Cele 7 နဲ့အင်တာဗျူးမှာ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

drgvwdvdiusbf2100457 5

စည်သူ(ပလပ်ကျွတ်)က “ဆင်ခြင်တာကတော့ ကျနော်အရမ်းကို ဆင်ခြင်လိုက်ပါပြီ အဲ့ဒါ ဘယ်သူ့ကျေးဇူးတွေကြောင့်လဲဆိုတော့ ကိုမြင့်မြတ်တို့ ကိုယုန်လေးတို့ သူတို့ကြောင့်ပဲ ဆင်ခြင်လိုက်တာပါ။ ပေါတောတောကြီးတွေ မနေနဲ့တဲ့ ပရမ်းပတာတွေမနေနဲ့ပေါ့နော် ကိုမြင့်မြတ်တို့ကို ယုန်လေးတို့ဆုံးမ တာပါ။ ဒီလိုပဲနေတော့မှာပါ အတည်လိုင်းလေးတွေပဲ သွားတော့မယ် ဗျ။

drgvwdvdiusbf2100457 3

အမှန်အတိုင်းကျနော်ပြောပါ့မယ် ကျနော်က ကိုယုန်လေးကို ကပ်တာပါ ဟိုး Special 9 ထွက်ကတည်းက ကိုမြင့်မြတ်ရတဲ့ အကယ်ဒမီပေးပွဲမှာ သူကို ကျနော်နှုတ်ဆက်တယ် ပြောတယ် ။ အဲ့ဒီမှာ သူကဘာပြောလဲဆိုရင် ကိုစည်သူမနောက်ပါနဲ့ဗျ ခင်ဗျားလိုင်းနဲ့ကျနော်နဲ့ မတူဘူးပေါ့နော် ခင်ဗျားကို ထည့်ရိုက်ရင် ရယ်ကုန်မှာပေါ့တဲ့ ။ အဲ့ဒီမှာ ကျနော်နည်းနည်း ခံစားရတယ် အဲ့ဒီကတည်းက ကျနော်က အတည်လိုင်းတွေ ကြိုးစားချင်နေတာ။

drgvwdvdiusbf2100457 1

ကျနော်ဝါသနာပါတာက အဲ့ဒီလို ဒရာမာ အက်ရှင်ပိုင်းတွေ ဝါသနာပါတာ ကျနော့်ကုသိုလ်ကံကြောင့် ကျနော့်ကိုခေါ်ရိုက်တဲ့ ပရိုဂျူဆာတွေ ဒါရိုက်တာတွေက ကျနော့်ကို ဟာသပဲရိုက်တာ ။ အခုတော့ အခွင့်အရေးရခဲ့ပြီ နောက်ပိုင်းကျနော် ကြိုးစားတယ် ကြိုးစားတော့ နောက်ဆုံးသတိအန္တရာယ် ရှိသည်မှာ တစ်ကားလုံးလည်းကြည့်ကောင်းတယ် ကြိုးစားတယ် အဲ့ဒီထဲမှာ ပါဝင်ခွင့်ရချင်လိုက်တာဆိုတော့ ဖဲရိုက်တဲ့ အခန်း ကျနော့်အခန်းမှာ ကျနော့်ကို ခေါ်တယ် ကျနော့်က ဖားကန့်မှာ သီချင်းဆိုနေလို့မပါလိုက်ရဘူး ။ မာဖီးယားစီးတီးရိုက်တဲ့အချိန်မှာ ကျနော်သွားတယ် ကျနော်မပါဘူး ကျနော်သွားတယ် ကျနော်ဝိုင်းလုပ်ပေးတယ် ။ အဲ့ဒီတော့ ကျနော့်စိတ်ဓာတ်တွေကို သူလေးစားသွားတယ် ရိုးသားမှုရယ်ကြိုးစားမှုရယ် သူလေးစားသွားတယ် ။ လေးစားတဲ့အတွက် ကျနော်အရမ်းလည်း ဝမ်းသာသွားတယ် ။

drgvwdvdiusbf2100457 4

ကျနော့်ကို အစတုန်းကတော့ ကိုသားညီနားမှာကပ်ဖို့ပဲ နောက်ပြီးတော့ မင်းလည်း ကာရိုက်တာတစ်ခုရနေပြီ ကိုပေါရုပ်ရှင်ကားလည်းရိုက်ရတာပဲဆိုပြီး ကျနော်ကို့ ကာရိုက်တာ တစ်နေရာပေးပါတယ် ။ သူရဲ့ဇာတ်အိမ်လည်းမထိအောင် မာဖီးယား စီးတီးကားကိုလည်း မထိအောင် ။

drgvwdvdiusbf2100457 5

တကယ်လို့များ ကျနော့်ကို ထည့်ရိုက်လိုက်ရင် တချို့ပရိသတ်တွေက ဟီးရိုးကြီးက ဒီကားထဲမှာ ဘာလုပ်တာတုန်း သိတယ်မလား အဲ့ဒီလိုမျိုး ဝေဖန်ခံရမှာကြောက်လို့ ကျနော်လည်း ကိုယ်ချင်းစာပါတယ် ။ ကိုယုန်လေးက ကျနော်ကို အကောင်းဆုံးပြင်ဆင်ပေးထားတယ် မင်းအဲ့လို မပေါနဲ့တော့ မင်းရဲ့စိတ်ဓာတ် မင်းရဲ့ ရိုးသားမှုကို ငါလေးစားတယ် ။ မပေါနဲ့တော့ ပေါ့”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Facebook Comments

Comments are Closed

Powered by M.N.T

3K Shares
Share3K
Tweet
Share
Pin