E.T.S

Every Time Story

အနုပညာသတင်း

နိုင်ငံခြားသားနဲ့မြန်မာနဲ့ကွာခြားပုံကို ပြောပြတဲ့ သင်ဇာဝင့်ကျော်

thinzarwintkyaw44533 1

နိုင်ငံခြားသားနဲ့မြန်မာနဲ့ကွာခြားပုံကို ပြောပြတဲ့ သင်ဇာဝင့်ကျော်

thinzarwintkyaw44533 1

သင်ဇာဝင့်ကျော်က မကြာသေးမီကမှ နိုင်ငံခြားသားချစ်သူနဲ့လမ်းခွဲထားပေမယ့်လည်း ထွေထွေထူးထူးအသည်းကွဲနေတာမျိုးမတွေ့ရပဲ ကိုယ့်အလုပ်ကိုယ်သာအေးအေးလူလူဆက်လုပ်နေတာတွေ့ရပါတယ်။ သင်ဇာက မကြာမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ချစ်သူနဲ့လမ်းခွဲလိုက်ပေမယ့်သိပ်မခံစားရတဲ့အကြောင်းနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေကိုပြောပြသွားပါတယ်။

thinzarwintkyaw44533 5

သင်ဇာက ပွဲတက်တွေများပြီး ကားရိုက်နည်းလို့ ပွဲတက်မင်းသမီးဖြစ်သွားမှာမစိုးရိမ်ဘူးလားဆိုတဲ့အပေါ် “ပွဲတက်တာက သိပ်မပင်ပန်းဘူးပေါ့နော်။ နယ်ပွဲတွေကတော့နည်းနည်းပင်ပန်းတယ်။ အချိန်လည်းပေးရတာကို။ သရုပ်ဆောင်လည်းသရုပ်ဆာင်အလျောက်ပေါ့နော်။ ကိုယ်ရိုက်ချင်တဲ့ကားလေးတွေ ဇာတ်လမ်းလေးတွေစုထားတယ်။အဲဒီဟာအတွက်အချိန်သေချာပေးပြီးကိုရိုက်မှာ။ ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်တယ်ဆိုပေမယ့် လာတဲ့ဇာတ်တိုင်းကိုတော့ လက်မခံဖြစ်တော့ဘူး”လို့ ပြောပြထားပါတယ်။

thinzarwintkyaw44533 2

သင်ဇာက ပွဲတက်တွေဆိုရင်ဒေါ်လာနဲ့ပဲယူတယ်လို့လည်း “ပွဲတက်ဆိုရင်သင်ဇာ ဒေါ်လာနဲ့ပဲယူတယ်။ စုထားသမျှဒေါ်လာတွေအားလုံးက ပွဲတက်ကရတာပဲဆိုပြီး ကိုယ့်ဟာကိုယ်လေးခွဲလိုက်ချင်လို့”လို့ ပြောပြထားပါတယ်။ အချစ်ရေးကတည်ငြိမ်သွားပြီလားဆိုတဲ့မေးခွန်းကိုလည်း သင်ဇာက “တည်ငြိမ်ပါတယ် အစကတည်းက တည်ငြိမ်ပါတယ်။ဘယ်သူက ရွနေလို့လဲ”လို့ ပညာသားပါပါလေးရယ်မောရင်းဖြေသွားခဲ့ပါတယ်။ ချစ်သူအသစ်တွေ့ဦးမှာလားဆိုတာကိုတော့ “ဒါကတော့မပြောနိုင်ဘူး။ သုံးလေးလှမ်းလျှောက်သွားရုံနဲ့လည်းတစ်ယောက်တွေ့ချင်တွေ့မှာပဲ”လို့ ဖြေထားပါတယ်။

thinzarwintkyaw44533 3

သင်ဇာက ရည်းစားဟောင်းနဲ့လမ်းခွဲပြီးတော့ သိပ်မခံစားရတဲ့အကြောင်း “အဲဒါက သူနဲ့တွေ့တာက ခြောက်လ၊ ကြိုက်သွားတာက သုံးလပဲဆိုတော့ အဲဒီသုံးလအတွင်းမှာမှတွေ့တဲ့အခေါက်ကလက်ချိုးရေလို့ရတယ်။ သုံးခေါက်လေးခေါက်လောက်ပဲဆိုတော့ သိပ်ပြီးတော့ စိတ်ထဲမှာ serious ကြီးမရှိဘူး”လို့ ပြောပြထားပြီး လူတွေသိကုန်လို့ သည်းခံပြီးဆက်တွဲနေတာမျိုးမလုပ်နိုင်ဘူးလို့လည်း “ငါ official ချပြပြီးမှ ငါသူ့ကိုမဖြတ်သင့်ဘူးဆိုတဲ့စိတ်ကြီးလည်းခေါင်းထဲမှာအဲ့လိုမျိုးမဖြစ်ချင်ဘူးလေ။ အဆင်မပြေရင်တော့ပြတ်မှာပဲသိတယ်မလား။ official အားလုံးသိသွားလို့ဆိုပြီးသည်းခံပြီးလည်းဆက်မတွဲနိုင်ဘူးလေ။ကိုယ်မှအဆင်မပြေတာ။ အဲ့လိုမျိုးပေါ့နော်။ သင်ခန်းစာရတယ်တော့မဟုတ်ဘူး။ အတွေ့အကြုံတစ်ခုရသွားတယ်ပေါ့”လို့ရဲရဲဝံ့ဝံ့ရင်ဖွင့်ပြောပြသွားပါတယ်။

thinzarwintkyaw44533 4

နိုင်ငံခြားသားနဲ့ မြန်မာအမျိုးသားတွေနဲ့ချစ်သူတော်ရတာကွာခြားပုံတွေကို သင်ဇာက “ဖော်ရိန်နာက ရစ်တာဘာညာမရှိဘူး။ မြန်မာတွေအရမ်းရစ်တယ်။ ဟိုနားသွားလည်းသွားပြန်ပြီ၊ဟိုကြည့်လည်း ဘယ်တွေလျှောက်ကြည့်နေတာလဲအဲ့လိုမျိုး။ ဖော်ရိန်နာကျတော့ ကိုယ်လည်းကြည့်စရာရှိတာကြည့်တယ်။သူတို့လည်းကြည့်စရာရှိတာကြည့်တယ်။

thinzarwintkyaw44533 5

ကိုယ့်ကိုလည်း ပြဿနာမရှာဘူး။ သူ့ကိုလည်းကိုယ်က ပြဿနာမရှာဘူး။ အဲလိုမျိုးပေါ့။ ရစ်တာတော့ကွာတာပေါ့။”လို့ပြောပြထားပြီး နောက်ထပ်ရည်းစားထားဖြစ်မလားဆိုတာကိုတော့ ထားဖြစ်မယ်ဆိုရင်လည်းဒီမှာနေတဲ့ ဖော်ရိန်နာပဲထားဖြစ်မယ်ထင်တယ်။ သင်ဇာသူ့ကိုမေးတယ်။ နင်ဒီမှာအခြေချနိုင်လားဆိုတော့ မနေနိုင်ဘူးတဲ့ ရန်ကုန်မှာသူမနေနိုင်ဘူးပေါ့။ သင်ဇာကလည်း အလုပ်တွေက ဒီမှာဆိုတော့ ဒီတစ်ခုပဲလုပ်တတ်တာဆိုတော့ သူ့ဆီလိုက်သွားရင်လည်း သင်ဇာ့ဘဝကအဓိပ္ပါယ်မရှိဘူး”လို့ ရှင်းပြသွားပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

2K Shares
Share2K
Tweet
Share
Pin