E.T.S

Every Time Story

အနုပညာသတင်း

ကိုကိုတွေကို သဘောကျတယ်ဆိုတဲ့ အလှမယ် ရွှေအိမ်စည်

shweeisi55238 1

ကိုကိုတွေကို သဘောကျတယ်ဆိုတဲ့ အလှမယ် ရွှေအိမ်စည်

shweeisi55238 1

ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာသွင်ပြင်လေး နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အလှမယ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည် ကိုတော့အားလုံးပဲ သိပြီးသားဖြစ်မှာပါ ။ သူနဲ့ Myanmar Celebrtiy နဲ့ အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။

shweeisi55238 2

ရွှေအိမ်စည်က “ အိမ်စည်ဆိုရင် ငယ်ငယ်က အသက် ၁၃နှစ် ၁၄ နှစ် ကိုယ့်ထက်ကြီးသူကိုကြိုက်တာ ကိုယ့်အရွယ်ကောင်လေးတွေနဲ့ မတွဲချင်ဘူး ဘာလုပ်မှာလည်း သူတို့က အခုချိန်ထိ ဘာလုပ်မှာလည်း အကိုကြီးတွေဆိုရင် သူတို့ဘဝနဲ့သူတို့ရပ်တည်နေတယ်ဆိုပြီး ပိုပြီးတော့ Independence ဖြစ်တယ်ဆိုပြီး အဲ့ဒီလို အားကိုးချင်တဲ့စိတ်တွေရှိတယ် ။ ရှိတဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့ သူတို့ကကိုယ့်ကို နိုင်တယ် ။ ကိုယ်ကတော့ သူငါ့ကိုချစ်လို့ပေါ့ ငါ့အနားမှာနေနေတယ်ပေါ့ သူ့အရွယ်ကောင်မလေးတွေ တွဲလို့ရတာတောင် မတွဲဘဲနဲ့ ငါ့ကိုမှာ သူရဲ့ Soulmate ပါပေါ့ ။ အဲ့ဒီလိုမျိုးကွာ ။

shweeisi55238 2

စကားလုံးတွေပြောလိုက်တိုင်းမှာလည်း အယုံအကြည်ရှိပြီးတော့ ဖြစ်ခဲ့တဲ့ အချိန်တွေရှိတယ် ။ အိမ်စည်ဆိုရင်လည်း Relationship တစ်ခုမှာတော်တော်ခံခဲ့ရတယ် ။ Lesson တွေလည်း အရမ်းရသွားတယ် ။ နောက်ပြီးဖြစ်ချင်တော့ ဘယ်သူမှ မယုံတော့ဘူးဖြစ်သွားတယ် (ရယ်လျက်) ။ အမြဲတမ်းတော့ လူတွေကို သံသယစိတ်နဲ့ ကြည့်ဖြစ်တယ် ကိုယ့်အတွက်တော့ကောင်းပါတယ် ။ သူတို့အတွက်မကောင်းဘူးပေါ့ ။

shweeisi55238 2

အခုလည်းဘာမှတော့မထူးပါဘူး အဲ့ဒီလိုမျိုးပေါ့ အသက်ကြီးတာကို သဘာကျတယ် ။ အဲ့ဒီတုန်းက ဂုဏ်ဆာတာလို့ပြောရမှာပေါ့ အိမ်စည်လန်ဒန်မှာကြီးတဲ့ ကိုယ့်အရွယ်မဟုတ်ဘဲနဲ့ ကလေးမဟုတ်ဘဲနဲ့ တစ်နှစ်လောက်ကြီးတဲ့ကောင်လေးနဲ့ တွဲလိုက်တယ်ဆိုရင် လက်လေးတွဲပြီးသွားတယ်ဆိုရင်တောင်မှ ဂုဏ်ယူနေတာ သိတယ်မလား နင်တို့လိုမဟုတ်ဘူးပေါ့ ငါ့ထက်အတန်းနှစ်တန်းကြီးးတဲ့ကောင်လေးနဲ့ တွဲတာဆိုပြီးတော့ ဂုဏ်ဆာကြတယ်လေ။ အဲ့ဒီလိုမျိုးပေါ့ ပေါ်ပင်Trend တစ်ခုနောက်ကိုလိုက်သွားတာ လည်းပါတယ်။(သဘောကျလျက်)”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin