သူ့​နောက်​​လိုက်​​နေတဲ့ မီဒီယာ​တွေ​ကြောင့်​ စိတ်​မသက်​မသာ ဖြစ်​​နေရတဲ့ ​ကျော်​​ကျော်​နန္ဒ

129
1K Shares

သူ့​နောက်​​လိုက်​​နေတဲ့ မီဒီယာ​တွေ​ကြောင့်​ စိတ်​မသက်​မသာ ဖြစ်​​နေရတဲ့ ​ကျော်​​ကျော်​နန္ဒ

sedn 1

ဖက်ရှင် အဆန်းကြီးတွေနဲ့ သင်္ကြန်သီချင်း အဆန်းကြီးတွေ ကြောင့် ပရိသတ်တွေကြားမှာ ပြောစရာဖြစ်ခဲ့ပြီး လူသိများလာတဲ့ အဆိုတော် ကျော်ကျော်နန္ဒ ကတော့ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီလိုမျိုး သူများနဲ့ မတူအော် အဆန်းကြီးတွေ လုပ်ပြတာကြောင့် ဝေဖန်မှုတွေကိုပဲ ရင်ဆိုင်ခဲ့ရတဲ့ ကျော်ကျော်နန္ဒ တယောက်ကတော့ ဒီလိုဝေဖန်မှုတွေကြားထဲကပဲ နာမည်ကြီးလာသလိုဖြစ်လာတာ ဖြစ်လာတာပါ။ ဒါကြောင့်လည်း သတင်းမီဒီယာတွေကတော့ ကျော်ကျော်နန္ဒ ကို မကြာခဏ အင်တာဗျူးတွေ ပြုလုပ်လေ့ ရှိပြီး ပရိသတ်တွေကလည်း စိတ်ဝင်တစား ရှိကြပါတယ်။

sedn 2

ဒီတခေါက်မှာလည်း ကျော်ကျော်နန္ဒ တယောက် သူ့မွေးရပ် တွံတေးကို ပြန်သွားတဲ့ အချိန်မှာလည်း သူ့အနေနဲ့ ဘယ်မီဒီယာမှကို မပြောပဲ ပြန်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မီဒီယာတချို့ကတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို အနိးကပ်မှတ်တမ်းလိုက်ပြီးတော့ တင်နေတာကြောင့် သူကတော့ သူ့ရဲ့ပေ့ခ်ျလေးမှာ ဒီလိုဖြစ်ရတဲ့ ကိစ္စလေးကို တင်ထားတာ ဖြစ်ပါတယ်။ကျော်ကျော်နန္ဒ ကတော့ “ကျွန်တော် အတွက်တော့ မီဒီယာဆိုတဲ့ စကားလုံးကို မသုံးသင့်တော့ဘူးဗျာ။နိုင်ငံခြားကအနုပညာရှင်တွေလိုမျိုး ပါပါရာဇီတွေလို့ ပြောင်းခေါ်ရမယ့်ပုံစံဖြစ်နေပြီဗျာ။ဘယ်သူမှမသိအောင် ကျွန်တော် ဇာတိ တွံ့တေးမြိုးလေးမှာ တနေ့တာ လှုပ်ရှားမှုလာရိုက်နေတာ ပါပါရာဇီတွေ သတင်းနံ့ရပြီး ရောက်လာတော့လည်း ဟန်ဆောင်ပြုံးနေရပြီ။ အောင်မြင်မှုဒဏ်ကို ကျွန်တော်ခံနိုင်ရည်ရှိအောင်ကြိုးစားမယ်” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

sedn 2

ကျော်ကျော်နန္ဒ ကတော့ သူ့အနေနဲ့ ဒီလိုမျိုး လွတ်လွတ်လပ်လပ် သူ့တနေ့တာလေးတွေကို ပြုလုပ်ပေးမယ့်လည်း မီဒီယာတွေက သူ့နောက်လိုက်လာတာကြောင့် သူ့အနေနဲ့ လွတ်လွတ်လပ်လပ် မရှိတာကို ရေးသားထားတာ ဖြစ်ပါတယ်။ အောင်မြင်မှုကြီးကြီးမားမား ရရှိထားတဲ့ လူတွေအနေနဲ့ ပါပါရာဇီတွေက အမြဲတမ်း နောက်က တကောက်ကောက်လိုက်နေသလိုမျိုးကိုတော့ ကျော်ကျော်နန္ဒ က ကြုံနေရပြီဖြစ်ပါတယ်။

ဒါကြောင့်လည်း သူက အောင်မြင်မှုဒဏ်ကို ခံနိုင်အောင် ကြိုးစားပါ့မယ် ဆိုပြီးတော့ ရေးသားထားတာလည်း ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော ကျော်ကျော်နန္ဒ ကို အားပေးကြတဲ့သူတွေ ရှိကြလား။

Facebook Comments
1K Shares