လေယာဉ်မှူးကြီး ကိုယ်တိုင်အိမ်ထိ သတင်းလာမေးလို့ နေမကောင်းသက်သာသွားတယ် ဆိုတဲ့ နေမင်း

1756
11K Shares

အသက်သခင်ဖြစ်တဲ့ လေယာဉ်မှူးကြီး ကိုယ်တိုင်အိမ်ထိ သတင်းလာမေးလို့ နေမကောင်းသက်သာသွားခဲ့ရတယ် ဆိုတဲ့ နေမင်း

naynim 4

လွန်ခဲ့တဲ့ ရက်တပတ်က မြန်မာ့လေကြောင်းလိုင်းရဲ့ လေယာဉ်စက်ချို့ယွင်းမှုကြောင့် လေယာဉ်တစ်စီး လုံးပျက်ကျမည်အရေးကနေ ကပ္ပတိန်ဖြစ်သူ လေယာဉ်မှုးကြီးရဲ့ ကျွမ်းကျင်သော ကြိုးစားအားထုတ်မှုကြောင့် လေယာဉ်ပေါ်က ခရီးသည်များအားလုံး အထိအခိုက်မရှိ အသက်ရှင်နိုင်ခဲ့တာဖြစ်ပြီး ခရီးသည်များထဲမှာ သရုပ်ဆောင်မင်းသား တစ်ယောက်ဖြစ်တဲ့ နေမင်းလည်း အပါအ၀င်ဖြစ်ခဲ့တာဖြစ်ပါတယ်။

naynim 2
naynim 3

အသက်သခင်ဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကြီး ကပ္ပတိန် ဦးမြတ်မိုးအောင် ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ သူကိုယ်တိုင် ဆုရရှိခဲ့တဲ့ ရွှေတံဆိပ်ပြားလေးကို ကျေးဇူးဆပ်တဲ့ အနေနဲ့ သာမက ဂုဏ်ပြုချီးမြင့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး တကယ့်အမှတ်တရ ဂုဏ်ပြုပွဲမှာတော့ နေမင်းတစ်ယောက် နေမကောင်းဖြစ်ကာ အိပ်ယာထဲလဲနေရတာမို့ ပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

naynim 1

ဂုဏ်ပြုပွဲ ပွဲမတက်နိုင်တဲ့ အပေါ် စိတ်မကောင်းဖြစ်မိသလို ကိုယ်တိုင်ဂုဏ်ပြုဆုချီးမြင်ချင်တဲ့ ရွှေတံဆိပ်ပြားလေးကို လူကြုံနဲ့ ထည့်ပေးလိုက်ရကာ အိမ်မှာ အိပ်နေရင်းက အမေဖြစ်သူက ရုတ်တရက် အခန်းထဲထိ လာနိုးတော့ ခံစားနေရတဲ့ နေထိုင်မကောင်းခြင်းတွေ သက်သာသလို ပျောက်ကင်းခဲ့ရပြီး အရမ်းကို ပျော်ရွှင်သွားခဲ့ရတယ်လို့ ဆိုထားတာဖြစ်ပါတယ။

naynim 5

အကြောင်းကတော့ အသက်သခင် ကျေးဇူးရှင်ဖြစ်တဲ့ လေယာဉ်မှူးကြီး နဲ့ အခြားလေယာဉ်မှူးငယ်၊ သရုပ်ဆောင် မင်းသား စည်သူမောင်တို့ပါ ပါဝင်လို့ အိမ်တိုင်ရာရောက် သတင်းလာရောက်မေးခဲ့ကြတာဖြစ်ပြီး ခံစားနေရတဲ့ ဝေဒနာနဲ့ နေမကောင်းခြင်းတွေပါ သက်သာသွားခဲ့ရတယ် လို့ နေမင်းက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နာထက်ကနေ ခုလို ခံစားချက်များကို မျှဝေထားတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Facebook Comments
11K Shares