စိုင်းစိုင်းသီချင်းကို Cover ပြန်တီးလိုက်တဲ့ ချစ်စမ်းမောင်ရဲ့သမီး ငဲငယ်လေး

165
1K Shares

စိုင်းစိုင်းသီချင်းကို Cover ပြန်တီးလိုက်တဲ့ ချစ်စမ်းမောင်ရဲ့သမီး ငဲငယ်လေး

ng 2

မိဘအမွေကို လက်ဆင့်ကမ်းသယ်ယူလာကြတာဟာ ကမ္ဘနိုင်ငံအနှံ့အပြားမှာ ရှိတဲ့ချစ်စရာဓလေ့တစ်ခုဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများကလည်း သူတို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြတဲ့ သားသမီးတွေကို သူတို့ရဲ့အနုပညာအမွေတွေကို လက်ဆင့်ကမ်းပေးလေ့ရှိကြပါတယ်။အဲ့ဒီထဲမှာ မြန်မာနိုင်ငံရဲ့ဆယ်စုနှစ်တွေအများကြီးအအောင်မြင်မှုကိုထိန်းထားနိုင်တဲ့တီးဝိုင်းတစ်ခုဖြစ်တဲ့ IC ရဲ့ ပင်တိုင် ဂစ်တာသမားဖြစ်တဲ့ ဆရာချစ် (ချစ်စမ်းမောင်)ကလည်း သူရဲ့ သမီးဖြစ်တဲ့ ငဲငယ်လေးကို သူရဲ့ဂီတအနုပညာကို လက်ဆင့်ကမ်းပေးနေပါတယ်။ သူရဲ့သမီးဖြစ်သူငဲငယ်လေးကတော့ အဆိုပိုင်းရော အတီးပိုင်းကို ပါကြိုးစားလုပ်ကိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်။

ng 3

အခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်ကြီးကို အခုတင်ဆက်ပေးချင်တဲ့ Videoလေးတစ်ခုရှိပါတယ် ။ အဲ့ဒါကတော့ Franzo Production ရဲ့အဆိုတော်တွေသီဆိုထားတဲ့ လူငယ်တွေကြားအလွန်ရေပန်းစားတဲ့သီချင်းတစ်ပုဒ် လည်းဖြစ်တဲ့ ငါ့ရည်းစားပိုမိုက်တယ်သီချင်းကို ချစ်စမ်းမောင်ရဲ့သမီး ငဲငယ်လေးကနေပြီး Solo အပိုဒ်ကို ဂစ်တာနဲ့ Cover ပြန်တီးထားတဲ့ Video လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းကို ငဲငယ်လေး ဘယ်လိုတွေခံစားပြီးပြန်လည်တီးခတ်ထားလည်းဆိုတာကို Video မှာဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။

ng 1

အခုသီချင်းလေးက Animation Music Video ထွက်လာတဲ့အချိန်တုန်းက လည်း ပရိသတ်တွေကြားမှာ အုန်းအုန်းကြွက်ကြွက်ဖြစ်စေခဲ့ပါတယ်။ အခုလိုအောင်မြင်နေတဲ့သီချင်းကို ပြန်လည် Cover တီးခတ်ထားတဲ့ ငဲငယ်လေးရဲ့ တီးခတ်တဲ့ Video လေးကိုကြည့်ရှုခံစားနားဆင်ပြီး မိတ်ဆွေတို့ရဲ့အမြင်လေးကိုလည်းပြန်လည်မျှဝေပေးသွားပါဦးခင်ဗျာ။

Facebook Comments
1K Shares