အဆိုတော် သားသားနဲ့လမ်းခွဲ လိုက်တဲ့အကြောင်းပြောပြလာတဲ့ ခေမာ

97
982 Shares

အဆိုတော် သားသားနဲ့လမ်းခွဲ လိုက်တဲ့အကြောင်းပြောပြလာတဲ့ ခေမာ

kaymar 4

ခေမာဟာဆိုရင် လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပြီး Supermodel အဆိုတော်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ခေမာဟာ သီချင်းတွေကို ပရိသတ်တွေရင်ထဲရောက်အောင်ဆိုတတ်သူမို့ လူငယ်ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ ခေမာက အဆိုတော်သားသားနဲ့ အချိန်တွေအကြာကြီးချစ်ခဲ့ဖူးသူဖြစ်ပြီး လမ်းခွဲလိုက်တာကတော့ နှစ်အနည်းငယ်ရှိပါပြီ။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ခေမာက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ သားသားနဲ့လမ်းခွဲဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်းပြန်ပြောင်းပြောပြထားပါသေးတယ်။

kaymar 1

ခေမာက လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်းအသစ်တစ်ပုဒ်ထွက်ဖို့ရှိကြောင်း ခေမာ Record သီချင်းခွေထဲမှာ ရူးနေပြီဆိုတဲ့သီချင်းလေးပေါ့နော်။ ခေမာတစ်ယောက်တည်းမဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်နဲ့ Duet ပုံစံလေးဆိုထားတာပေါ့။ သီချင်းပုံစံကတော့ ရူးနေတဲ့အကြောင်းပေါ့နော်။ ရူးနေတယ်ဆိုတာ ကိုယ့်ကောင်လေးတစ်ယောက်ကို crush တယ်ပေါ့။ ငါနင့်ကိုရူးရူးမူးမူးစွဲလန်းနေပြီဆိုတဲ့အကြောင်းရေးထားတာပါ။ သီချင်းကတော့ အေးအေးလေးပဲ”လို့ပြောပြထားပါတယ်။

kaymar 2

လက်ရှိ show ပွဲဈေးကွက်တွေမရှိတော့ပဲ EDM တွေက အစားထိုးဝင်ရောက်လာတဲ့အပေါ်ကို ခေမာက “အမှန်အတိုင်းပြောရင်အများကြီးနစ်နာတယ်ပေါ့။ တော်တော်ကိုအများကြီးနစ်နာတယ်။ ရန်ကုန်မှာဆိုရင် Show ပွဲဆိုတာ သိသိသာသာကိုမရှိသလောက်ဖြစ်သွားတယ်။ ပျောက်တောင်ပျောက်ကွယ်ခါနီးဖြစ်နေပြီ။ ကိုဘိုစန်းတို့ဒီလိုအခွေတွေပြန်ထုတ်တယ်ဆိုတာ တော်တော်ကောင်းတယ်။ခက်ခဲနေတဲ့ကြားကမှ ဒီအခွေကိုသူတို့ရအောင်စီစဉ်တယ်ပေါ့နော်။ EDM ပွဲတွေဝင်လာတာတော့ကောင်းပါတယ်။ဒါပေမယ့် ဒီကလူတွေကိုလည်း ကိုယ့်နိုင်ငံကလူတွေကိုလည်းအားပေးစေချင်သေးတယ်ပေါ့။ ဟုတ်”လို့ ဖြေကြားထားပါတယ်။

kaymar 3

ခေမာက သားသားနဲ့နှစ်တွေအကြာကြီးတွဲခဲ့ပြီးမှလမ်းခွဲလိုက်ရတဲ့အကြောင်းကို “Relationship က အရမ်းကြာတယ်ပေါ့။ ရှစ်နှစ်ကျော်လောက်တွဲပြီးမှပြတ်သွားတာပေါ့။ မိန်းကလေးအနေနဲ့လည်းမကောင်းဘူး။ ယောက်ျားလေးအနေနဲ့လည်းမကောင်းဘူးပေါ့နော်။ ပိုမကောင်းတာကတော့ မိန်းကလေးပေါ့။ အချိန်တွေအများကြီးကြာတယ်လေ။ ခေမာဆိုရင်လည်း ခေမာ အသက်ဆယ့်ခုနစ်နှစ်ကတည်းက အသက်အစိတ်မှာပြတ်သွားတယ်ဆိုတော့ ကိုယ့်ငယ်ဘဝအကုန်လုံး ဆုံးရှုံးသွားတယ်ပေါ့။ ဒါပေမယ့်လည်း ဒါကြီးကိုနှမျောပြီးဒီလူတစ်ယောက်ကိုဆွဲထားလို့ရှိရင် ပိုပြီး ဒုက္ခရောက်တယ်လေ။ သူလည်းစိတ်မပါကိုယ်လည်းစိတ်မပါဆိုတော့ နှစ်ယောက်လုံး ဖြတ်လိုက်ပါတယ်”လို့ ပြောပြထားပါတယ်။

kaymar 5

ရည်းစားဟောင်းနဲ့ပြန်တွေ့ရင်တော့ သူငယ်ချင်းလိုမောင်နှမလိုအေးဆေးပဲဆိုတဲ့အကြောင်းလည်း “ပြန်တွေ့ကြရင်တော့ သူငယ်ချင်းတွေလိုပါပဲ။ အခုအချိန်အထိလည်း ကိုယ်သီချင်းတွေဘာတွေတီးဖို့ရှိတယ်။ အကူအညီလိုတယ်ဆိုရင်တော့ သူလုပ်ပေးတယ်ပေါ့နော်။ သူနဲ့ကိုယ်နဲ့က ချစ်တာတွေဘာတွေညာတွေမရှိတော့ဘူး။ မောင်နှမလိုသူငယ်ချင်းကောင်းတစ်ယောက်လို ဖြစ်နေတော့ အပြင်တွေမှာပြန်တွေ့ရင်လည်းအေးအေးဆေးဆေးပါပဲ။ သူလည်းကိုယ့်အပေါ်မှာတွဲခဲ့တုန်းက ဘာမှမကောင်းတာမလုပ်ခဲ့ဘူး။ ကိုယ်လည်းဘာမှမကောင်းတာမလုပ်ခဲ့ဘူး။အကျင့်ယုတ်ပြီးမကောင်းပါစေတော့ဆိုတဲ့စိတ်မျိုးနဲ့ သူရောကိုယ်ရောနှစ်ယောက်လုံးမရှိခဲ့ဘူး။ နှစ်ယောက်လုံးက ရိုးရိုးသားသားပဲ ပွင့်ပွင့်လင်းလင်းပဲ။ ဘယ်သူကမှဖောက်ပြန်လို့ပြတ်သွားတာမဟုတ်တဲ့အတွက်ကြောင့် နှစ်ယောက်လုံးက ဘယ်လိုမှရှေ့ဆက်လို့အဆင်မပြေလို့ပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့် အခုလမ်းမှာပြန်တွေ့ရင်တောင်အဆင်ပြေတယ်”လို့ ဖြေကြားထားပါတယ်။ပရိသတ်ကြီးရော ခေမာကိုအားပေးကြလား။ ခေမာရဲ့သီချင်းအသစ်လေးထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Facebook Comments
982 Shares