မြန်မာအိုင်ဒေါပြိုင်ပွဲကိုမကြာမီ လပိုင်းအတွင်း ပြုလုပ်သွားမည်ဟုဆို

22
551 Shares

မြန်မာအိုင်ဒေါပြိုင်ပွဲကိုမကြာမီ လပိုင်းအတွင်း ပြုလုပ်သွားမည်ဟုဆို

idol

မြန်မာအိုင်ဒေါ ပြိုင်ပွဲကျင်းပသည့် ရက်ကို နောက်သို့ရွှေ့ခဲ့ခြင်းဖြစ်ပြီး မကြာမီလ ပိုင်းအတွင်း စတင်ပြုလုပ်မည်ဖြစ် ကြောင်း ယင်းအစီအစဉ်ဦးဆောင်

ကျင်းပသူ MNTV ရုပ်သံလိုင်း၏ ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောဝ် ဆိုင်က ပြောသည်။နောက်ကျတာတော့ မဟုတ်ဘူး။ အစ်မတို့က အချိန်ရွှေ့လိုက်တာ။ အကုန်စီစဉ်ပြီး သားပါ’’ဟု၎င်းကပြောသည်။ဇွန်လတွင် ယင်းပွဲနှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ကာ အသိပေးမည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအနေဖြင့် ပါဝင်မည့်သူများကို စောင့်ကြည့်ပေးစေလိုကြောင်း ဒေါ်နန်းမောက် လောဝ်ဆိုင်က ဆိုသည်။

idol

မြန်မာအိုင်ဒေါ ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပသည့် အဆိုပြိုင်ပွဲများအနက် ပရိသတ် အားပေးမှုအများဆုံး ပြိုင်ပွဲတစ်ခု ဖြစ်သည်။အားပေးမှု ရရှိသည်နှင့်အတူ မိမိအားပေးသည့်ပြိုင်ပွဲဝင်များကို SMS အကန့်အသတ်မရှိ ပေးပို့ရသည့် စနစ်ကြောင့် နှစ်စဉ် လိုလို ဝေဖန်မှုများရှိခဲ့သည်။ပြိုင်ပွဲစတင်သည့် နှစ်တွင် အကဲဖြတ်ဒိုင်သုံးဦးသာ ပါဝင်သော်လည်းပြီးခဲ့သည့်နှစ်ကစတင်၍ အကဲဖြတ်ဒိုင် လေးဦးအထိ ပါဝင်လာသည်။ ယင်းပွဲတွင် အစီအစဉ် တင်ဆက်သူ ကျော်ထက် အောင်က တာဝန်ယူ ဆောင်ရွက် ပြီး ယခုနှစ်ပြိုင်ပွဲ၌လည်း အစီအစဉ်

idol

တင်ဆက်သူအဖြစ် ပါဝင်မည်ဖြစ်ကြောင်း ကျော်ထက် အောင်က ပြောကြားထားသည်။ယခင်နှစ်များက မြန်မာအိုင်ဒေါပြိုင်ပွဲကို နှစ်တစ်နှစ်၏ အစပိုင်းတွင် စတင်မိတ်ဆက်၍ ပြုလုပ်လေ့ရှိပြီးနောက်ဆုံးပြိုင်ပွဲကို သင်္ကြန်မတိုင်မီ ပြုလုပ်လေ့ရှိ သည်။

Facebook Comments
551 Shares