စိုင်းစိုင်း​ကြောင့်​ မင်းသမီးဖြစ်​လာပုံကို ​ပြောပြလာတဲ့ စံရတီမိုးမြင့်

208
2K Shares

စိုင်းစိုင်း​ကြောင့်​ မင်းသမီးဖြစ်​လာပုံကို ​ပြောပြလာတဲ့ စံရတီမိုးမြင့်

sai 2 1

စိုင်းစိုင်းခမ်းလှိုင်က PR skill အရမ်းကောင်းလွန်းသူ ဖြစ်တာကြောင့် လူကြီးလူငယ် ကျား၊ မ မရွေး သဘောကြ နှစ်ခြိုက်ခံရတဲ့ အဆိုတော် ဖြစ်ပါတယ်။ အနုပညာ လောကသားထဲမှာတောင်မှ စိုင်းစိုင်းကို ကြိတ် crush ပါတယ် ဆိုသူတွေလည်း ပါပါတယ်။ ဒီထဲမှာမှ စိုင်းစိုင်းနဲ့ တွဲရိုက်ရမှာဖြစ်လို့ မင်းသမီး လုပ်ခဲ့သူကတော့ စံရတီမိုးမြင့် ဖြစ်ပါတယ်။စံရတီမိုးမြင့် တစ်ယောက် စိုင်းစိုင်းကို ဘယ်လောက်ကြိုက်လည်း ဆိုတာကို ခုလို ဖြေကြားသွားပါတယ်။

sai 1 1

မီဒီယာပိုင်းတွေလည်း တော်တော်များများ သိပါတယ်။ ကိုစိုင်းကို အရမ်းကြိုက်တယ်။ ကလေးတည်းကလေ။ ငယ်ငယ်တုန်းက ကိုစိုင်းက birthday show အရမ်းလုပ်တယ်။ ပြီးတော့ အခွေလုပ်ရင်လည်း blazon မှာ ရောင်းတာကအစ တိုးပြီး ဝယ်တာပေါ့နော်။ ကိုယ်တွေ ခေတ်တုန်းက local မှာ နာမည်ကြီးတဲ့ အဆိုတော်တွေက ကိုစိုင်းတို့ ကိုရဲလေးတို့ ကိုထွန်းထွန်းတို့ Examplez အဖွဲ့တို့ ပေါ့နော်။ ကိုယ်က ကိုစိုင်းကို crazy ဖြစ်တာ အရမ်းကြိုက်ခဲ့ရတာပေါ့နော်။

sai 3 1

အဲ့အချိန်တုန်းက အခွေတွေ ဝယ်ရတာ အရမ်းလွယ်တယ်နော်။ တစ်ခွေ ၂၀၀ ၃၀၀ နဲ့ birthday show ဆို အများကြီး ထွက်တယ်။ သဲသဲက ဘယ်တော့မှ မဝယ်ဘူး။ စိန်ဂေဟာ မှာသွားပြီး မူရင်းအခွေ သွားဝယ်တာ။ တစ်နေ့မှ မုန့်ဖိုး ၂၀၀၀ ရတာကို မုန့်ဖိုးစုပြီး ဝယ်တာ အဲ့လောက် ကြိုက်ခဲ့တာ။” လို့ ဆိုပါတယ်။ကိုစိုင်းနဲ့ တွဲရိုက်ရမယ်ဆိုလို့ မင်းသမီး လုပ်ခဲ့ကြောင်းကိုလည်း စံရတီမိုးမြင့်က ခုလို ပြောပြပါတယ်။

sai 4 1

ကိုစိုင်းနဲ့ တွဲပြီး ဗီဒီယိုတွေ ရိုက်ဖူးတယ်။ ငယ်ငယ်တည်းက အမေက တစ်ခုပဲ မျှားခဲ့တာ။ မင်းသမီး သိပ်မဖြစ်ချင်တော့ အမေရယ် မလုပ်ချင်ဘူးပေါ့။ ဆရာဂျွန်လွင် သင်တန်းကို မပို့ခင်တုန်းက အမေက ပြောတယ်။ မင်းသမီးလုပ်ရင် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲပြီး ရိုက်ရမယ်ဆိုတော့ အိုကေဆိုပြီး သင်တန်းသွားပလိုက်တာ။ကိုစိုင်းလည်း သိပါတယ်။ 8 days cover ဂျာနယ်ရိုက်တုန်းက စဆုံဖူးတာ။ အဲ့တုန်းက သူက သူ့ကို crazy ဖြစ်တဲ့ ကောင်မလေး အဖြစ် စသိတာ။ နောက်ပိုင်း ရုပ်ရှင်တွေ တူတူရိုက်ကြတယ်။ ကြော်ငြာတွေ တူတူရိုက်ကြတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

sai 5 1

စံရတီမိုးမြင့်က နောက်ပိုင်းမှာ စီးရီးထွက်ဖို့ရှိပြီး ကြော်ငြာတွေ ပိုများများ ရိုက်ဖြစ်သွားမယ်ဆိုပြီး အနုပညာလှုပ်ရှားမှု အကြောင်း ပြောပြသွားပါတယ်

Facebook Comments
2K Shares