ခီမောင်နှံရဲ့ အတင်းပြောခဲ့တာကို ဝမ်းနည်းဖွယ် ရင်ဖွင့်လိုက်လာတဲ့ နေမင်း

1506
0 Shares

ခီမောင်နှံရဲ့ အတင်းပြောခဲ့တာကို ဝမ်းနည်းဖွယ် ရင်ဖွင့်လိုက်လာတဲ့ နေမင်း

naymin 1

မေလ (၁၂) ရက်နေ့က ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆ ဖြစ်ပွားမှုတွင် လေယာဉ်အရေးပေါ်ဆင်းသက်ချိန် Video ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် နေမင်း က ထိုလုပ်ရပ်အား သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

naymin 3

အရင်တစ်ခါကား၅စီးဆင့်တိုက်တော့လည်း ကျွန်တော့်ကားတစ်စီးပဲ ဘာမှမဖြစ်တာပါ။ ဘယ်သူမှလည်း ကြီးကြီးမားမားမထိခိုက်ခဲ့ဘူး။ အခုဒီလေယာဉ်မှာလည်းအဲ့လိုပါပဲ။ ပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော်မင်းသား စလုပ်ထဲက အခုချိန်ထိ သူများကို တက်နိုင်သလောက် ကူညီတယ်။ ကျွန်တော်တက်နိုင်သလောက် ကြိုးစားပြီးနေတယ်။ ကျွန်တော့်မှာ ပြောစရာဆိုလို့ ဟိုအတင်းပြောတဲ့ ကိစ္စပဲ ရှိတယ်။ ဒါကလူဆိုတာ အမှားနဲ့မကင်းဘူးလေ။ အဲ့ဒါကိုလည်း ကျွန်တော် ဝန်ခံခဲ့ပြီးသားပါ။ အချိန်ခဏလေးအတွင်းမှာ မသိစိတ်ကဖြစ်မိပြီးပြောလိုက်မိတာပါ။ တက်နိုင်သလောက် ကိုယ်နဲ့စာပြီးတော့လည်း ကူညီခဲ့တယ်။ မိဘကိုလည်း တက်နိုင်သလောက် လုပ်ကျွေးခဲ့လို့ အခုကို အသက်ဘေးက လွတ်လာခဲ့တာပါလို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

naymin 2

ဒါ့ပြင် ဗီဒီယို ရိုက်တဲ့ ကိစ္စနဲ့ ပတ်သင်ပြီး သူက “ကျွန်တော် Video ရိုက်တဲ့ ကိစ္စကိုပဲ ရှင်းချင်ပါတယ်။ Video ကို ဘာဖြစ်လို့ ရိုက်ဖြစ်တာလည်းဆိုတော့ အသက်ဘေးကနေလွတ်လိုက်တဲ့ အချိန်မှာ ကျွန်တော့်စိတ်ထဲမှာ ဂုဏ်ယူစိတ်လေးဖြစ်မိတယ်။ ကျွန်တော်တို့ ဒီလို အဖြစ်မျိုးကို ရုပ်ရှင်တွေထဲမှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် ကြည့်လိုက်ရင် သူ့ထက်ငါရုန်းရင်းဆန်ခက်ဖြစ်နေတာပဲလေ။ အခုကျွန်တော်တို့ကျတော့ လေယာဉ်မှူးကြီးနဲ့ Crew တွေအကုန်လုံးက မိသားစု မောင်နှမအရင်းတွေလိုပဲ တစ်ယောက်ကိုတစ်ယောက် အန္တရာယ်မဖြစ်အောင် ထိန်းကြောင်းပြီး အကောင်းဆုံး ဖြစ်သွားခဲ့ပါတယ်။

naymin 3

အဲ့လိုပဲ ခရီးသည်တွေထဲမှာပါတဲ့ ဦးလေးကြီးကလည်း ဒါဘာမှမဖြစ်ဘူး အဆင်ပြေသွားလိမ့်မယ်ဆိုပြီး နှစ်သိမ့်တယ်။ အဲ့လိုတောက်လျောက်ပြောနေပေမယ့်လည်း သူ့အသံက ဝမ်းနည်းသံပါနေတော့ အဲ့ဒါတွေကို ကြားနေရတဲ့ကျွန်တော်တို့ မြန်မာ လူမျိုးတွေက တကယ်လို့ တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် ကိုယ့်အသက်ကိုတောင် မငဲ့ပဲ ကျန်တဲ့သူတွေရဲ့ စိတ်ချမ်းသားမှုကို အလေးပေးပါလားဆိုတာတွေ့ရတယ်။ ဒါပေမယ့် သေမလားလို့လည်း တွေးမိတယ်။ ကျွန်တော်တို့ အောက်ကို ရောက်တဲ့ အချိန်မှာ အစောထဲက ပစ္စည်းတွေအကုန်ဖယ်ထားပြီးပြီး၊ ဖုန်းကလည်း အစောထဲက Flight Mood လုပ်ထားပြီးသား ဖြစ်ပါတယ်။ ဒီ Video ဓာတ်ပုံကလည်း အစောထဲက ရိုက်လေ့ရိုက်ထ ရှိပါတယ်။ အမှန်ဆို အစောထဲက အသက်ဘေးက လွတ်တဲ့အချိန် ဦးလေးကြီးပြောတာကို ရိုက်ထားချင်တာ။ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးကြောင်းကို ပြချင်တာ။ ကြည့်တဲ့ သူတွေလည်း အတွေ့အကြုံရအောင် ကျွန်တော်က ရိုက်ပြချင်ခဲ့တာပါ။

naymin 4

ကျွန်တော်တို့သည် ဒီလိုဖြစ်တဲ့အချိန်မှာ သူ့ထက်ငါအရင်ထွက်မယ်ဆိုတာ မရှိဘူး။ တစ်ယောက်ပြီးမှ တစ်ယောက် ဆင်းခဲ့ကြတာ ကို ကျွန်တော် နောက်ဆုံးမှ ကျန်ရင် ကျန်ပါစေ ငါဒီ Video ကို ရအောင်ယူမယ်။ ဒီမှတ်တမ်းက ငါတို့ မြန်မာပြည်မှာရှိသင့်တဲ့ မှတ်တမ်းတစ်ခုဖြစ်တယ်။ ကိုယ်ကလည်း ဒါနဲ့ မစိမ်းတဲ့ သူဆိုတော့ မရိုက်ဖြစ်လို့ နောင်တရမျိုးမဖြစ်အောင်၊ ဖြစ်ချင်ရာဖြစ် ငါရအောင်ရိုက်မယ်ဆိုတဲ့စိတ်နဲ့ ရိုက်ခဲ့တာပါ။ ဒါကို ရိုက်မိတဲ့အတွက်တောင်းပန်သင့်တယ်ဆိုရင်လည်း ကျွန်တော် တောင်းပန်ပါတယ်။ ဒါကိုသတင်းအဖြစ်နဲ့ အားလုံးလည်းမြင်ကြတဲ့ အတွက် ကျွန်တော် နောင်တ ရတာမျိုးမရှိပါဘူး။

naymin 5

လေယာဉ်မှူးကြီးကိုလည်း ကျေးဇူးဆပ်ဖို့ရှိပါတယ်။ ကျွန်တော်လေယာဉ်ပေါ်မှာ ခင်လာတဲ့ ကတ္တရာ သွင်းတဲ့ လုပ်ငန်းရှင် ဦးကိုကိုမြင်က ဒီလိုပွဲမျိုးလုပ်ဖို့ရှိရင် ပြောပါဆိုပြီးဆက်သွယ်လာတယ်။ တစ်စုတစ်စည်းထဲ လေယာဉ်မှူးကြီးကို ကျေးဇူးဆပ်ကြမယ်ဆိုပြီးပြောပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးက ဒီလို စွမ်းစွမ်းတစ်မံအများအတွက် ကိုယ်ကျိုးစွန့်တဲ့ လူမျိုးကို သူရဲကောင်းအဖြစ် ဂုဏ်ပြုဖို့ စိတ်ကလူတိုင်းကိုယ်စီရှိကြတယ်။ ကိုယ်ရှိတဲ့ ချမ်းသာမှုပေါ်မှာ မူတည်ပြီး အနည်းအများကွဲသွားမှာပါ။သေချာတစ်ခုကတော့ အဲ့ပွဲကို ရက်တိတိကျကျ နေရာတိတိကျကျသိရင် အကုန်လုံးကို Sharing လုပ်မှာပါ။” လို့ ပြောပြသွားခဲ့ပါတယ်။

Facebook Comments
0 Shares