ရွှေ​ရွှေတို့ စုံတွဲကို အားကျ​တယ်လို့ ပြောလာတဲ့ ဖုန်းသီရိ​ကျော်

57
0 Shares

ရွှေ​ရွှေတို့ စုံတွဲကို အားကျ​တယ်လို့ ပြောလာတဲ့ ဖုန်းသီရိ​ကျော်

phonethiyekyaw 1

ဖုန်းသီရိကျော်ကတော့ ပြည့်စုံလွန်း သီချင်းလေးနဲ့ အတူအွန်လိုင်းမှာ နာမည်ကြီးလာတဲ့အချောလေးဖြစ်ပြီးချစ်စရာကောင်းတဲ့ သူမရဲ့အပြုံးလေးက ပုရိသပရိသတ်တွေကြားမှာနာမည်ကြီးရေပန်းစားနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချိုသာတဲ့အပြုံးလေးတွေက လူငယ်ပရိသတ်တွေရဲ့ အသည်းကိုခြွေနိုင်သူလေးဖြစ်ပါတယ်။အခုနောက်ပိုင်းမှာလည်း ကြော်ငြာ ၊ mtv တွေရိုက်ကူးလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့နေ့စဉ်လှုပ်ရှားမှု နဲ့ အနုပညာလှုပ်ရှားမှုတွေ ကိုသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးလေ့ရှိပါတယ်

phonethiyekyaw 2

လတ်တလောမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ယောက်ရဲ့အလှူကို သူမရဲ့အမြင်ကိုဖော်ပြထားပါတယ်။ သူတို့နှစ်ယောက်တို့ရဲ့စိတ်ရင်းလေးတွေပါတာကိုမြင်တွေ့ရပြီး ” မရွှေမှုံရတီကိုယ်တိုင် ချက်ပြုတ်ပြီး ကိုရွှေထူးဆိုလည်း စောင်လေးတွေကို အစွပ်လေးတွေပါပါအောင်လုပ်ထားတာမို့ တကယ့်စိတ်ရင်းနဲ့အလှူဆိုတာကို သိရပါတယ်”လို့ ပြောပြခဲ့ပါတယ်။

phonethiyekyaw 3

လှူတဲ့သူတွေစားနေပုံကိုကြည့်ပြီးမျက်ရည်ဝဲမိတယ်လို့ ပြောပြခဲ့ပါတယ်။ရွှေနှစ်ရွှေရဲ့ စိတ်တူကိုယ်တူရှိတာလေးကို အားကျတယ်လို့ ပြောပြခဲ့ပြီး သူတို့လိုအချိန်ပေးပြီးမလုပ်နိုင်တာမို့ သူတို့အစားကျေနပ်ပြီး ဂုဏ်ယူဝမ်းသာမိတယ်လို့ ပြောပြခဲ့ပါတယ်။

phonethiyekyaw 4

ပရိသတ်ကြီးရော ရွှေနှစ်ရွှေကို ဖုန်းသီရိကျော် လို အားကျလားလို့ ပြောပြပေးခဲ့ပါဦးနော်။

Facebook Comments
0 Shares