ချစ်​သူ​ရွေးမယ်​ဆိုရင်​ ​မောင်​​လေး​တွေထက်​ အားကိုးရတဲ့ ကိုကို​တွေကိုပဲ ​ရွေးမယ်​ဆိုတဲ့ ​မေမြင့်​မိုရ်

100
0 Shares

ချစ်​သူ​ရွေးမယ်​ဆိုရင်​ ​မောင်​​လေး​တွေထက်​ အားကိုးရတဲ့ ကိုကို​တွေကိုပဲ ​ရွေးမယ်​ဆိုတဲ့ ​မေမြင့်​မိုရ်

cdf 3

MTTV-4ရုပ်သံကနေ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာရှိနေတဲ့မင်းသမီးတစ်ယောက်လို့ဆိုနိုင်ပါတယ်။ Star Awards ဆုကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ချစ်သူကိုရွေးရင်တော့မောင်လေးတွေကိုမရွေးဘဲ ကိုကို့ ကိုပဲရွေးမယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။

cdf 2

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အချစ်ရေးကို အကုန်လုံးချပြမှာတော့မဟုတ်ဘူး ဒါပေမဲ့လည်းအကုန်းလုံးကသိကြမှာပါလို့ပြောပြထားပါတယ်။ချစ်သူရွေးမယ်ဆိုရင်တော့ မောင်လေးတွေကိုမရွေးဘူး ကိုယ်အားကိုးရမယ့် ကိုကို့ ကိုပဲစဉ်စားမယ်လို့ သူရွေးမယ့်ချစ်သူကိုပြော ပြသွားပါတယ်။ ကိုယ်ရွေးချယ်တဲ့သူက ကိုယ်လည်းသဘောကျမယ် မိဘတွေလည်းသဘောကျမယ်ထင်တယ်“လို့လည်းသူကဆက်ပြီးတော့ ပြောပြထားပါသေးတယ်။

cdf 1

အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိမယ့်သူ ကိုယ်အပေါ်တကယ်နားလည်ပေးနိုင်တဲ့ သူကိုပဲရွေးချယ်သွားမယ် လို့လည်းပြောပြထားတာဖြစ်ပါတယ်။နှလုံးသားကချစ်မှလက်ထပ်နိုင်မှာ ဦးနှောက်ကဆုံးဖြတ်ရင်လည်း မချစ်ဘဲ တစ်သက်လုံးလက်တွဲဖို့ကမဖြစ်နိုင်ဘူး အားကြောင့် နှလုံးသားနဲ့ဦးနှောက်ကအတူတူပါပဲ“လို့မှတ်ချက်ရေးသွားပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရော မေမြင့်မိုလ်ရဲ့မှတ်ချက်အပေါ်မှတ်ချက်လေးရေးပေးခဲ့ပါဦး။

Facebook Comments
0 Shares