သင်္ကြန်မဏ္ဍပ်မှာ သီချင်းစာသားမှားပြီး သီဆိုခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ချမ်းမြေ့မောင်ချို

1068

သင်္ကြန်မဏ္ဍပ်မှာ သီချင်းစာသားမှားပြီး သီဆိုခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ချမ်းမြေ့မောင်ချို

chanmyaemgcho 2

Myanmar Idol Season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုတော် တစ်ဦးပါ ။ သူမက ပွဲတွေမှာ သီချင်းတွေတောက်လျှောက်ဆို ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။ ချမ်းမြေ့မောင်ချိုက လက်ရှိသင်္ကြန်ကာလမှာတော့ ရန်ကုန်မြို့က (၁၉)လမ်း မဏ္ဍပ်မှာ တခြားသော အနုပညာရှင်မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။

chanmyaemgcho 3

ရန်ကုန်မြို့က မဏ္ဍပ်တွေမှာ လာရောက်အားပေးသူ ပရိသတ်တွေ အများအပြား အုံနဲ့ကြင်းနဲ့ ရှိသလို တီဗီရုပ်သံလိုင်းတွေကလဲ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်ရှုရအောင် တိုက်ရိုက်ထုတ်လွှင့် ပြသပေးနေတာပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကလဲ ပရိသတ်တွေကို မြူးမြူးကြွကြွ သီချင်းတွေနဲ့ အားရပါးရ ဖျော်ဖြေပေးနေတာကို တွေ့ရပါတယ်။

chanmyaemgcho 1

ဒါပေမယ့် မောင်ချိုတစ်ယောက် စိတ်လှုပ်ရှားပြီး စာသားတွေ မှားဆိုမိတာကို တချို့သော ပရိသတ်တွေက သတိထားမိကြပါတယ်။ တချို့ကတော့ မောင်ချိုကို ဝေဖန်ပြောဆိုတာတွေ ရှိခဲ့ပေမယ့် ပရိသတ်အများအပြားကတော့ ဒါကို အပြစ်ကြီးတစ်ခုလို့ လုံးဝမမြင်ကြပါဘူး။

အားကိုးမယ်နော် – ချမ်းမြေ့မောင်ချို

သီချင်းစာသားမှားလဲ မောင်ချိုလေးက နောက်ဆုံးထိ ပရိသတ်ကို စွဲဆောင်ပြီး ဖျော်ဖြေပေးနိုင်ခဲ့ပါတယ်။ မှားတာကို အပြစ်မမြင်ပဲ မေတ္တာနဲ့သာ ခံစားနားထောင်ပေးပါလို့ တောင်းဆိုပါတယ်နော်။ မောင်ချိုလေးလဲ ဒီထက်မက အောင်မြင်မှုတွေ ဆွတ်ခူးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိ ကျေးဇူးအထူးတင်ရှိပါတယ်။

Facebook Comments
5K Shares