ဒီနှစ်သင်္ကြန်မှာ IC အဖွဲ့ကြီးနဲ့ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတူနေပါတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

958
3K Shares

ဒီနှစ်သင်္ကြန်မှာ IC အဖွဲ့ကြီးနဲ့ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတူနေပါတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ.

kyawic 1

ဆက်ပက်သင်္ကြန်သီချင်းကနေစပြီး ပရိသတ်တွေရဲ့ အဆဲပေါင်းများစွာ ဆဲဆိုခြင်းတွေခံရပြီး နာမည်ကြီး လူသိများလာတဲ့ ဆက်ပက်သီချင်း အဆိုတော် ကျော်ကျော်နန္ဒကတော့ သူကိုယ်တိုင်သုံးနေတဲ့ လူမှုကွန်ယက် ဖေ့ဘုတ်အကောင့်ကနေပြီး ပရိသတ်တွေသိအောင် သင်္ကြန်နဲ့ပတ်သက်ပြီး တင်လိုက်ပြန်ပါပြီ..။

ဒီနှစ်သင်္ကြန်မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ချစ်ခင်အားပေးခဲ့ကြပြီး အဆိုလောကမှာ ရှမ်းရှမ်တောက် နာမည်ကြီး အဖွဲ့ဖြစ်တဲ့ Iron Cross (IC) အဖွဲ့ကြီး ဟာ သင်္ကြန်​အတွင်း Show ပွဲများ လက်ခံသီဆိုချင်းမရှိတာနဲ့ ပတ်သက်ပြီး ကျော်ကျော်နန္ဒကလည်း ဒီနှစ်သင်္ကြန် ဘယ်မဏ္ဍပ်မှ သီချင်း လက်ခံသီဆိုချင်း မရှိတာကို တိုက်တိုက် ဆိုင်ဆိုင်လာတူနေတဲ့ အကြောင်း ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်..။

kyawic 5

အခုလိုရေးသား ဖော်ပြချက်များနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာတော့ ဘယ်လိုတွေ ပြောဆိုကြတာကို မြင်ရဦးမလဲဆိုတာ ချစ်ပရိသတ်ကြီး စောင့်ကြည့်ကြရအောင်နော်..။ ပရိသတ်ကြီးလည်း ပြောချင်တာလေးများ ပြောခဲ့နိုင်ပါသည်။ ပရိသတ်အားလုံးကို လေးစားစွာဖြင့်…

kyawic 6

လူမှုကွန်ယက်မှာ ကျော်ကျော်နန္ဒတင်ထားတာကတော့” ဒီနှစ်​သင်္ကြန်​မှာ နာမည်​အရမ်းကြီးပြီ ပရိသတ်​အကုန်​ချစ်​တဲ့ ကျ​နော်​လည်းချစ်​တဲ့ Iron Cross အဖွဲ့ ကြီးနှင့်​ အတူယခုနှစ်​ပရိသတ်​အကုန်​ဆဲပြီး အရမ်းနာမည်​ကြီးတဲ့ ဆက်​ပက်​ သင်္ကြန်​ သီချင်းအဆို​တော်​ ​ကျော်​​ကျော်​နန္ဒ တို့ သည်​ သင်္ကြန်​အတွင်း show ပွဲများ လက်​ခံဆိုခဲ့ခြင်းမရှိခြင်းများသွားတူ​နေ​သော​ကြောင့်​ IC အဖွဲ့ ကြီးအား ရို​သေဂါဝရပြုပါတယ်​ဗျ ” ဆိုပြီး ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။ ပရိသတ်အားလုံးကို လေးစားစွာဖြင့်…

kyawic 4
kyawic 2

မည့်သည့်စာမျက်နှာ Website များတွင်မဆို အပျော်တမ်းမျှဝေဖော်ပြခြင်း စီးပွားဖြစ် မျှဝေဖော်ပြခြင်းများ Credit ပေး၍ လွတ်လတ်စွာ ကူးယူဖော်ပြနိုင်ပါသည်။

kyawic 3
Facebook Comments
3K Shares