ဖြူဖြူထွေးနဲ့ ခြိမ့်ကေတို့နဲ့ရိုက်ဖို့ ပြင်ဆင်မှု အကြီးကြီးလုပ်ခဲ့ရတယ်လိုပြောလာတဲ့ ဒါရိုက်တာ

154

ဖြူဖြူထွေးနဲ့ ခြိမ့်ကေတို့နဲ့ရိုက်ဖို့ ပြင်ဆင်မှု အကြီးကြီးလုပ်ခဲ့ရတယ်လိုပြောလာတဲ့ ဒါရိုက်တာ

ckpp 1 1

ဒီတစ်ခါမှာတော့ ပရိတ်သတ်တွေကို အမြဲလို ဟာသvideoလေးတွေနဲ့ ဘဝအမောတွေ ခနတာပြေသွားအောင် အပြုံးတွေ အမူအရာတွေနဲ့ ချစ်စရာကောင်းတဲ့ မော်ဒယ်သရုပ်ဆောင် ဖြူဖြူထွေးနဲ့ မြန်မာidolရဲ့ နာမည်ကြီး မြန်မာပြည်သိန်းတန် ငှက်ပျော်သီးကျွေးခဲ့တဲ့ Bananaလို့ ပရိတ်သတ်တွေကြား ရေပန်းစားခဲ့ပြီး မမရေလွမ်းလို့ ဆိုတဲ့ သီချင်းနဲ့လူသိများလာခဲ့တဲ့ ခြိမ့်ကေကိုတို့ သရုပ်ဆောင် ထားတဲ့ MVနဲ့ပတ်သက်ပြီး ဒါရိုက်တာ မြူခိုးက ဒီMVကို ဘယ်လိုဖန်တီးထားလဲ ဆိုတာကို ပြောပြသွားမှာပဲ ဖြစ်ပါတယ်။

ckpp 6 1
ckpp 7 1

“ကျွန်တော် ဒီရိုက်ကူးရေးနဲ့ ပတ်သက်တာတွေတော့ တောက်လျောက်လုပ်ဖြစ်တယ် ဒီMTVတွေ ကြော်ငြာတွေပေါ့နော် ဗီဒီယိုကားကတော့ ရိုက်ထားတာ ဆယ်ကားလောက် ရှိပြီ MTVကတော့ အခုနောက်ပိုင်း ပိုပြီးတော့ မရွှေဖြူ သီချင်းပြီးထဲက တောက်လျောက်ဖြစ်သွားတာပေါ့နော် ကျွန်တော် တစ်လကို လက်ခံထားတာတော့ ဆယ်ပုဒ်လောက်ရှိတယ်။

ckpp 2 1
ckpp 3 1

လက်ရှိ activityကတော့ ကျွန်တော် ဒီရက်ပိုင်း ဖြူဖြူထွေးရယ် ခြိမ့်ကေကိုတို့ရဲ့ သုံးဘီးကားဆိုတဲ့ MTVလေးကို ရိုက်တယ် အဲ့ဒါပြိးတော့ နောက်နေ့မှာ မထွဋ်ထွဋ်သော်ရဲ့ သီချင်းကို စူးရှထက်နဲ့ ရိုက်ဖြစ်တယ် နောက်ရိုက်မယ့် နှစ်ပုဒ်ကတော့ တန်းစီထားတယ် ကျွန်တော် ဒီမှာ editလုပ်လို့ မပြီးသေးတော့လေ အဲ့ဒါက ကောင်းပြည့်နဲ့ တစ်ပုဒ်ရှိမယ် နေဒွေးနဲ့ တစ်ပုဒ်ရှိပါတယ်”လို့ သူရဲ့ လတ်တလော activityတွေကို ပြောပြသွားခဲ့ပါတယ်။

ckpp 4 1
ckpp 5 1

ဆက်လက်ပြီး ဖြူဖြူထွေးနဲ့ ခြိမ့်ကေကို တို့ သရုပ်ဆောင်ထားတဲ့ သုံးဘီးကား သီချင်း MVနဲ့ ပတ်သက်ပြီး ” ကျွန်တော် ဘယ်လို အိုင်ဒီယာလေးလည်း ဆိုတော့ ကျွန်တော် ရိုက်နေကြအတိုင်းလေးပဲ ဖြူဖြူထွေးနဲ့ ခြိမ့်ကေကိုနဲ့က ဒီဇာတ်လမ်းမှာ ဒီသုံးဘီးကားဆိုတာ လုံးဝ နိုင်ငံခြား သတို့သား သတို့သမီး ဝတ်စုံတွေ ဆင်ပြီးတော့ တကယ် တက်လိုက်တဲ့ အချိန်ကျမှ သုံးဘီးကားဖြစ်နေတယ်ဆိုတော့ အဲ့ကနေပြီး တောက်လျှောက် အလွဲလေးတွေပေါ့နော် အဲ့လိုလေး ဖန်တီးထားတယ် ပြီးတော့ ကောင်းဘွိုင် အခန်းလေးတွေ အဲ့ဒါလေးတွေနဲ့ ဇာတ်လမ်းလေး ဖော်ထားတာပါ အဲ့လိုမျိုး သူတို့နှစ်ယောက်ကို တွဲရိုက်ဖို့အတွက် ဘာလို့ ရွေးဖြစ်တာလဲ ဆိုတော့ ကျွန်တော်ကို အဆိုတော်က လာပြောတယ် ဒီ ဖြူဖြူထွေးနဲ့ ခြိမ့်ကေကိုနဲ့ရိုက်ချင်တယ်ဆိုပြီး ပြောလာတော့ ကျွန်တော်က သူငယ်ချင်း ဖြစ်ပါ့မလားဆိုပြီး ဖြူဖြူထွေးကိုတော့ ပြောကြည့်ဦးမယ်လို့ ဒါပေမယ့် ကျွန်တော် ဖြူဖြူထွေးကို ပြောတဲ့အချိန်မှာ သူ့ကိုကြည့်ပြီး မပြောရဲဘူး အဲ့ဒါနဲ့ အဆိုတော် ကို နောက်တစ်ယောက်ကို ချိတ်ခိုင်းထားတယ်ပေါ့နော် အဲ့ဒါကလည်းအဆင်မပြေဘူး အဲ့ဒါနဲ့ နောက်နေ့ကျတော့ ခြိမ့်ကေကိုနဲ့ရိုက်ဖြစ်သွားတယ် ဒါပေမယ့် အဲ့စကားကို ကျွန်တော် ဖြူဖြူထွေးကို မပြောခဲ့ဘူး ကျွန်တော်ပြောတဲ့ ကိစ္စကို ကျွန်တော် ရှင်းရဲတယ် ဖြူဖြူထွေးကို ကျွန်တော် ခြိမ့်ကေကိုနဲ့ ရိုက်မယ်ဆိုတာကို မပြောခဲ့ဘူး။

ckpp 6 1
ckpp 7 1

ဒါပေမယ့် ကျွန်တော့်ဘက်ကတော့ ပြင်ဆင်ထားတာတွေတော့ အများကြီးပဲ ဘာတွေပြင်ဆင်တာလဲဆိုတော့ မရိုက်ခင် နှစ်ရက်လောက် အလိုမှာ ကျွန်တော် ဇာတ်ညွှန်းပေးတယ် ဘယ်sceneတွေ ဘယ်အခန်းတွေ ဘယ်လိုတွေပါတယ်ဆိုတာ အကုန် ပါပြိးသား ပြင်ဆင်ထားပြီးသားပါ ပြင်ဆင်ထားပြီးမှ သူ့ကို ကျွန်တော် ပေးခဲ့တာပါ MTVနဲ့ပတ်သက်ပြီး ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ထားလည်း ဆိုတာကို ဒီသုံးဘီးကား သီချင်း ထွက်လာရင် စောင့်ကြည့်ကြပါဦး”လို့ ပြောပြသွားခဲ့ပြီး ဖြူဖြူထွေးက ခြိမ့်ကေကိုနဲ့ရိုက်မယ့်အကြောင်းမသိခဲ့ရတဲ့အကြောင်းကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

Facebook Comments
959 Shares