ခ်စ္သူေလးကို ဂ်ာမနီကို ေဆြျပမ်ိဳးျပ ေခၚသြားမယ္ လို႕ေျပာလာတဲ့ မစ္ကီ

229

ခ်စ္သူေလးကို ဂ်ာမနီကို ေဆြျပမ်ိဳးျပ ေခၚသြားမယ္ လို႕ေျပာလာတဲ့ မစ္ကီ

ဂ်ာမနီႏိုင္ငံသား အဆိုေတာ္ မစ္ကီ ကိုေတာ့ ေတာ္ေတာ္ မ်ားမ်ားလည္း ရင္းႏွီးျပီးသား ျဖစ္မွာပါ။ ဥေရာပသား ျဖစ္ေပမယ့္လည္း ျမန္မာစကားကို လည္လည္ ဝယ္ဝယ္ ေျပာတတ္ျပီး ခ်စ္စရာ ေကာင္းတဲ့ အျပဳအမူေလး ေတြေၾကာင့္ ပရိသတ္လည္း အခိုင္ အမာ ရရွိလာတာ ျဖစ္ပါတယ္ ။

မစ္ကီ ကေတာ့ ျမန္မာႏိုင္ငံကို ခ်စ္ရံုသာ မက ျမန္မာမေလးနဲ႔လည္း ခ်စ္ၾကိဳးသြယ္ေနျပီ ျဖစ္ပါတယ္ ။ မစ္ကီကေတာ့ သူ႔ခ်စ္သူေလးကို ဂ်ာမနီကို ေဆြျပမ်ိဳးျပေခၚသြားမယ့္ အေၾကာင္းနဲ႔ သူတို႔ရဲ့ မဂၤလာ သတင္း အေၾကာင္းေတြကို ေျပာၾကားသြားခဲ့ ပါတယ္။

The Radar နဲ႔ အင္တာဗ်ဴးမွာေတာ့ မစ္ကီက “ ကြ်န္ေတာ္သူ႔ကို မသိခင္ ကတည္းက ျမန္မာႏိုင္ငံကို ခ်စ္ေနျပီ။ အခုသူနဲ႔ သိေတာ့ ပိုခ်စ္သြားတယ္ ။ သူနဲ႔ ဘယ္လို စသိလည္း ဆုိေတာ့ အြန္လိုင္းမွာ စကားေျပာတာ ၃ ႏွစ္ေလာက္ ရွိျပီ။ ဒါေပမယ့္ တကယ္ အျပင္မွာ စသိတာက မႏွစ္က သၾကၤန္မွာ စကား စ ေျပာျဖစ္တယ္ ။

သူ႔ကို သေဘာက်သြားတယ္ ။ အစ ကြ်န္ေတာ္ လံုးဝ မထင္ဘူး။ ရည္းစားျဖစ္သြားမယ္ ဆိုတာ။ ဒါေပမယ့္လည္း တကယ္ ခ်စ္တဲ့ သူေတြ ျဖစ္ေနျပီ ဆိုေတာ့ ကြ်န္ေတာ္ အရမ္း ဝမ္းသာတယ္။ ျမန္မာႏိုင္ငံမွာ ဆက္ေနဖို႔ အေၾကာင္း ပိုမ်ား လာတယ္ ။ သူက လွေတာ့ လွတယ္ ။ အကုန္လံုးေတာ့ မဟုတ္ဘူး။ သူ႔ေခါင္းထဲမွာ ေတြးေခၚတာေတြကို ပိုသေဘာက် ေနတယ္ ”

မစ္ကီခ်စ္သူ စုစုေဝကေတာ့ “ သူ႔စိတ္ဓါတ္ေလးေတြ သေဘာက် လာတယ္။ သူ႔ကို ေလ့လာျပီး ၾကာလာတဲ့အမွ် သူ႔မွာ ေယာက်ာ္းေကာင္း ဆိုတဲ့ အရာေတြ ရွိလာတယ္။ သူညီမ ကိုးကြယ္တဲ့ ဗုဒၶဘာသာကို ကိုးကြယ္တယ္ ။ ညီမတို႔ရဲ့ ျမန္မာစကားကို ေျပာတယ္။ ေတာ္ေတာ္ မ်ားမ်ား အဲ့မွာကို အဆင္ေျပေန ပါတယ္။ အခုခ်ိန္ မွာေတာ့ တေယာက္နဲ႔ တေယာက္ ဆိုးတူ ေကာင္းဖက္ ေျဖရွင္းသြားမယ္”

မစ္ကီကေတာ့ “ကြ်န္ေတာ္ အနာဂတ္အတြက္ ပါပဲ။ အခ်င္းခ်င္းကုိ ခ်စ္တယ္။ ျမတ္ႏိုးတယ္။ ဒုကၡတခုခုေရာက္ရင္ တူတူေက်ာ္ ျဖတ္မယ္။ မဂၤလာေဆာင္ရမယ္ အဲ့ဒါေတြ ကြ်န္ေတာ့္မွာ မရွိေတာ့ဘူး။ ကြ်န္ေတာ္တု႔ိက ယဥ္ေက်းမႈ မတူဘူးေလ ။ ကြ်န္ေတာ္တို႔ဆီ မွာလည္း ေဆာင္ေတာ့ ေဆာင္တယ္ေလ။ ကြ်န္ေတာ္သူ႔ကို ဖိအားမေပးဘူး။

သူကြ်န္ေတ္ာ့ အျမင္ကို လက္ခံတယ္ ။ မဂၤလာမေဆာင္ ရလည္း ခ်စ္တယ္။ ေဆာင္ျပီးေတာ့လည္း ခ်စ္မွာပဲေလ ။ မဂၤလာေဆာင္ျပီးမွ ပိုခ်စ္လာ ၾကတာ မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ဒါေတြက ေလာေလာဆယ္ မလိုအပ္ဘူးေလ ။ အခ်င္းခ်င္း သစၥာ ရွိတယ္။ ယံုၾကည္တယ္။ တေန႔ေန႔ေတာ့ အဲ့လို လုပ္ျဖစ္မွာပါ”

စုစုေဝ ကေတာ့ “ ေတာ္ေတာ္မ်ားမ်ား ေမးေနၾကတယ္။ ဘယ္ေတာ့လဲ မသိဘူး။ ညီမတို႔ အခ်ိန္ေတာ့ယူရဦးမယ္ေလ။ အခ်ိန္မွန္တဲ့ အခ်ိန္ မွာေတာ့ ညီမတို႔ လုပ္သြားမွာ ပါရွင့္ ”

မစ္ကီက “ ၇ လပိုင္း ေလာက္မွာ ဂ်ာမနီကို သြားမယ္။ သူ႔ကို ေခၚသြားမယ္။ သူ႔ကို မိသားစုနဲ႔ သြားျပီးေတာ့ မိတ္ဆက္ ခ်င္တယ္။ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပး ခ်င္တယ္။ သူ႔ကို ဂ်ာမနီ ႏိုင္ငံကို လိုက္ျပီးေတာ့ ျပခ်င္တယ္။ ၉ လပိုင္း ေလာက္မွာ ျမန္မာႏိုင္ငံကို ျပန္လာမယ္ ။ ေနရာ ေတာ္ေတာ္ မ်ားမ်ားကို သြားၾကမယ္ ” ဟု ေျပာၾကားသြား ခဲ့ပါတယ္ ။

Unicode Font

ချစ်သူလေးကို ဂျာမနီကို ဆွေပြမျိုးပြ ခေါ်သွားမယ် လို့ပြောလာတဲ့ မစ်ကီ

ဂျာမနီနိုင်ငံသား အဆိုတော် မစ်ကီ ကိုတော့ တော်တော် များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဥရောပသား ဖြစ်ပေမယ့်လည်း မြန်မာစကားကို လည်လည် ဝယ်ဝယ် ပြောတတ်ပြီး ချစ်စရာ ကောင်းတဲ့ အပြုအမူလေး တွေကြောင့် ပရိသတ်လည်း အခိုင် အမာ ရရှိလာတာ ဖြစ်ပါတယ် ။

မစ်ကီ ကတော့ မြန်မာနိုင်ငံကို ချစ်ရုံသာ မက မြန်မာမလေးနဲ့လည်း ချစ်ကြိုးသွယ်နေပြီ ဖြစ်ပါတယ် ။ မစ်ကီကတော့ သူ့ချစ်သူလေးကို ဂျာမနီကို ဆွေပြမျိုးပြခေါ်သွားမယ့် အကြောင်းနဲ့ သူတို့ရဲ့ မင်္ဂလာ သတင်း အကြောင်းတွေကို ပြောကြားသွားခဲ့ ပါတယ်။

The Radar နဲ့ အင်တာဗျူးမှာတော့ မစ်ကီက “ ကျွန်တော်သူ့ကို မသိခင် ကတည်းက မြန်မာနိုင်ငံကို ချစ်နေပြီ။ အခုသူနဲ့ သိတော့ ပိုချစ်သွားတယ် ။ သူနဲ့ ဘယ်လို စသိလည်း ဆိုတော့ အွန်လိုင်းမှာ စကားပြောတာ ၃ နှစ်လောက် ရှိပြီ။ ဒါပေမယ့် တကယ် အပြင်မှာ စသိတာက မနှစ်က သြင်္ကန်မှာ စကား စ ပြောဖြစ်တယ် ။

သူ့ကို သဘောကျသွားတယ် ။ အစ ကျွန်တော် လုံးဝ မထင်ဘူး။ ရည်းစားဖြစ်သွားမယ် ဆိုတာ။ ဒါပေမယ့်လည်း တကယ် ချစ်တဲ့ သူတွေ ဖြစ်နေပြီ ဆိုတော့ ကျွန်တော် အရမ်း ဝမ်းသာတယ်။ မြန်မာနိုင်ငံမှာ ဆက်နေဖို့ အကြောင်း ပိုများ လာတယ် ။ သူက လှတော့ လှတယ် ။ အကုန်လုံးတော့ မဟုတ်ဘူး။ သူ့ခေါင်းထဲမှာ တွေးခေါ်တာတွေကို ပိုသဘောကျ နေတယ် ”

မစ်ကီချစ်သူ စုစုဝေကတော့ “ သူ့စိတ်ဓါတ်လေးတွေ သဘောကျ လာတယ်။ သူ့ကို လေ့လာပြီး ကြာလာတဲ့အမျှ သူ့မှာ ယောကျာ်းကောင်း ဆိုတဲ့ အရာတွေ ရှိလာတယ်။ သူညီမ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်တယ် ။ ညီမတို့ရဲ့ မြန်မာစကားကို ပြောတယ်။ တော်တော် များများ အဲ့မှာကို အဆင်ပြေနေ ပါတယ်။ အခုချိန် မှာတော့ တယောက်နဲ့ တယောက် ဆိုးတူ ကောင်းဖက် ဖြေရှင်းသွားမယ်”

မစ်ကီကတော့ “ကျွန်တော် အနာဂတ်အတွက် ပါပဲ။ အချင်းချင်းကို ချစ်တယ်။ မြတ်နိုးတယ်။ ဒုက္ခတခုခုရောက်ရင် တူတူကျော် ဖြတ်မယ်။ မင်္ဂလာဆောင်ရမယ် အဲ့ဒါတွေ ကျွန်တော့်မှာ မရှိတော့ဘူး။ ကျွန်တော်တု့ိက ယဉ်ကျေးမှု မတူဘူးလေ ။ ကျွန်တော်တို့ဆီ မှာလည်း ဆောင်တော့ ဆောင်တယ်လေ။ ကျွန်တော်သူ့ကို ဖိအားမပေးဘူး။

သူကျွန်တေ်ာ့ အမြင်ကို လက်ခံတယ် ။ မင်္ဂလာမဆောင် ရလည်း ချစ်တယ်။ ဆောင်ပြီးတော့လည်း ချစ်မှာပဲလေ ။ မင်္ဂလာဆောင်ပြီးမှ ပိုချစ်လာ ကြတာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဒါတွေက လောလောဆယ် မလိုအပ်ဘူးလေ ။ အချင်းချင်း သစ္စာ ရှိတယ်။ ယုံကြည်တယ်။ တနေ့နေ့တော့ အဲ့လို လုပ်ဖြစ်မှာပါ”

စုစုဝေ ကတော့ “ တော်တော်များများ မေးနေကြတယ်။ ဘယ်တော့လဲ မသိဘူး။ ညီမတို့ အချိန်တော့ယူရဦးမယ်လေ။ အချိန်မှန်တဲ့ အချိန် မှာတော့ ညီမတို့ လုပ်သွားမှာ ပါရှင့် ”

မစ်ကီက “ ၇ လပိုင်း လောက်မှာ ဂျာမနီကို သွားမယ်။ သူ့ကို ခေါ်သွားမယ်။ သူ့ကို မိသားစုနဲ့ သွားပြီးတော့ မိတ်ဆက် ချင်တယ်။ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေး ချင်တယ်။ သူ့ကို ဂျာမနီ နိုင်ငံကို လိုက်ပြီးတော့ ပြချင်တယ်။ ၉ လပိုင်း လောက်မှာ မြန်မာနိုင်ငံကို ပြန်လာမယ် ။ နေရာ တော်တော် များများကို သွားကြမယ် ” ဟု ပြောကြားသွား ခဲ့ပါတယ် ။

Facebook Comments
5K Shares