
328







Unicode Font

နှလုံးရောဂါ ဖောက်လာလို့ အရေးပေါ်တင်လိုက်ရတဲ့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်

ယနေ့နေ့လည် ၁နာရီခန့်က နှလုံး ဖောက်လာ တာကြောင့် ပင်လုံဆေးရုံကို ရုတ်တရက်တင်ခဲ့ရပြီး အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

အဆိုပါ သတင်းကို ဟာသလူရွှင်တော် ကောင်းကျော်က သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

သူရေးသားခဲ့တာကတော့ “ လူရွှင်တော်အသင်း(ရန်ကုန်)၏ ဥက္ကဌ ဟာသလူရွှင်တော် ဒိန်းဒေါင်သည် နှလုံးအောင့်ရောဂါ ကြောင့် ပင်လုံဆေးရုံကြီး အခန်၁၄၃၃ ၃ လွှာ သို့ ယနေ့နေ့လည်၁နာရီခန့်က အရေးပေါ် ဆေးဝါးကုမှုခံနေရ ကြောင်းကြား သိရပါ၍ ညီလေးဒိန်းဒေါင် အမြန်ဆုံးသက်သာပျောက်ကင်းပါစေဟု လူရွှင်တော်အသင်းသားများအားလုံးက ဆုတောင်း ပေးနေကြပါတယ်။ ချစ်ပရိတ်သတ်ကြီးလဲ ဆုတောင်း ပေးကြပါဦးနော် းးးးး” ဆိုကာ ရေးသားခဲ့ပါတယ်။

ဒိန်းဒေါင်ဟာ ဟာသသရုပ်ဆောင်လောကမှာလဲ တကယ့်ကို ပီပြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဘုရားတရားလဲ အလွန်အမင် ပြုလုပ်သူဖြစ်ပြီး အလှူအတန်းတွေ ဘုရားတည်ကျောင်းဆောက် စတဲ့ ကုသိုလ်တွေများစွာ လုပ်ဆောင်ထား သူဖြစ်တာကြောင့် အမြန်ဆုံးပြန်လည်သက်သာနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

ဟာသတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးရေ ဦးဒိန်းဒေါင်အတွက် ဆုတောင်းပေးလိုက်ကြပါဦးနော်။

Facebook Comments
4K Shares