
129





Unicode Font

၉ နှစ်ကြာတာတောင် မပြောင်းလဲတဲ့ ပုံရိပ်လေးတွေနဲ့အတူ Challenge ပြုလုပ်ခဲ့တဲ့ ပုလဲဝင်း

မင်းသမီးလေး ပုလဲဝင်းကတော့ တချိန်တုန်းက ရာဇာနေဝင်း၊ ဆုရွှန်းလဲ့တို့နဲ့အတူ အတွဲညီညီတွေ့ခဲ့ရတဲ့ မင်းသမီးလေးပါ။ ကြေငြာပေါင်းများစွာကိုရိုက်ကူးခဲ့ပြီး ကြေငြာမင်းသမီးလေးအဖြစ် ပရိသတ်တွေက အသိအမှတ်ပြုခဲ့ရသူလေးပါ။ မင်းသမီးလေး ပုလဲဝင်းကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးခဲ့ပြီးနောက်မှာတော့ အနုပညာအလုပ်တွေကို ရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။ Single ဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ပုလဲဝင်းဟာ လက်ရှိမှာ ခရီးတွေထွက်နေတာလည်းတွေ့ရပါတယ်။

သဘာဝအလှတရားတွေနဲ့အတူ အတွေ့အကြုံသစ်တွေကို ရရှိစေဖို့ ခရီးတွေထွက်နေတဲ့ ပုလဲဝင်းရဲ့ ခရီးထွက်ခြင်းအစီအစဉ်ကလည်း အင်မတန်မှ အားကျဖို့သိပ်ကောင်းလွန်းပါတယ်နော်။ ပုလဲဝင်းဟာ ယနေ့ လူမှုကွန်ယက်တွေပေါ်မှာ ခေတ်စားနေတဲ့ Year Challenge လေးတွေကိုလည်း သဘောကျပြီး လုပ်ထားတာ တွေ့ရပါတယ်။ ပုလဲဝင်းကတော့ ၂၀၀၉ ခုနှစ်ကပုံလေးတွေ မရှိတဲ့အတွက်ကြောင့် ၂၀၁၀ ခုနှစ်ကပုံလေးနဲ့အတူ 9 Year Challenge လေးကိုပြုလုပ်ထားတာဖြစ်ပါတယ်။

ပုလဲဝင်းရဲ့ 9 Year Challenge မှာလည်းမြင်တွေ့ရတဲ့ ပုံရိပ်လေးကိုကြည့်ပြီး ပရိသတ်တွေလည်း တချိန်တုန်းက မင်းသမီးလေး ပုလဲဝင်းကို ပြန်လည်အမှတ်ရသွားကြမယ်လို့ ထင်ပါတယ်နော်။

Facebook Comments
1K Shares