ႏွစ္ ၁၀၀ ျပည့္ ေရႊမန္ဦးတင္ေမာင္ရဲ႕အထိမ္းအမွတ္ပြဲ

246
2K Shares

ႏွစ္ ၁၀၀ ျပည့္ ေရႊမန္ဦးတင္ေမာင္ရဲ႕အထိမ္းအမွတ္ပြဲ

အလကၤာေက်ာ္စြာ ေရႊမန္းဦးတင္ေမာင္လို႔ ေျပာလိုက္တာနဲ႔ လူႀကီး လူငယ္မေရြးဘဲ မသိသူေတြ မရိွေလာက္ေအာင္ ႐ွားပါးလြန္းလွပါတယ္။ သူ႔ေခတ္သူ႔ခါနဲ႔အညီ တစ္ခ်ိန္က လ်ွမ္းလ်ွမ္းေတာက္ ေအာင္ျမင္ေက်ာ္ၾကား နာမည္ႀကီးခဲ့တဲ့ မင္းသားၾကီး အလကၤာေက်ာ္စြာ ဘဘေရႊမန္းဦးတင္ေမာင္ဟာဆိုရင္ လူသာေသသြားခဲ့ေပမယ့္ နာမည္မေသေသးဘဲ ယခုအခ်ိန္အထိ ပရိသတ္ေတြၾကား အေျပာမ်ားၿပီး ထင္က်န္ေနခဲ့ရတာပဲျဖစ္ပါတယ္။အရမ္းကို ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့ရတဲ့ ဇာတ္မင္းသားႀကီး ေရႊမန္းဦးတင္ေမာင္ဟာဆိုရင္ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွာ ႏွစ္ ၁၀၀ တိတိကို ျပည့္ေျမာက္လာၿပီပဲျဖစ္ပါတယ္။

ႏွစ္ ၁၀၀ တိတိ ျပည့္ေျမာက္လာခဲ့တဲ့ ေရႊမန္းဦးတင္ေမာင္အတြက္ သားေျမးျမစ္တစ္စုတို႔က အထိမ္းအမွတ္ပြဲေလးကို က်င္းပျပဳလုပ္ ေပးခဲ့တာပဲျဖစ္ပါတယ္။မိမိရဲ႕ အေမြေတြကို သားေျမးျမစ္တို႔ဆီ အေမြေပးထားခဲ့တဲ့ ေရႊမန္းဦးတင္ေမာင္ရဲ႕ မ်ိဳးဆက္သစ္မ်ားဟာဆိုရင္လည္း အႏုပညာေလာကထဲမွာ အရမ္းကို ေအာင္ျမင္ေက်ာ္ၾကားေနခဲ့ရတာပဲျဖစ္ပါတယ္။ အဖိုးရဲ႕အေမြေတြကို ဆက္ခံရ႐ွိထားတဲ့ ေက်ာ္ေက်ာ္ဗိုလ္ဟာဆိုရင္လည္း ပရိသတ္ေတြ ခ်စ္ခင္ခဲ့ရတဲ့ အႏုပညာ႐ွင္ တစ္ေယာက္ပဲျဖစ္ပါတယ္။ အမ်ားရဲ႕ ခ်စ္ခင္မွဳေတြကို ရရိွထားခဲ့ရတဲ့ ကိုၾကံ႕ကေတာ့ အဖိုးရဲ႕ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္အေနနဲ႔ ဆုမြန္ေကာင္းေလးနဲ႔ ဆုေတာင္းေပးထားခဲ့တာပဲျဖစ္ပါတယ္။ဖိုးဖိုး ေရႊမန္းဦးတင္ေမာင္အတြက္ ဆုေတာင္းစကားဆိုေပးထားခဲ့တဲ့ ေက်ာ္ေက်ာ္ဗိုလ္ကေတာ့ ” အရွိန္တကယ္ေျပာင္ …. မသိမ္ငယ္ေပါင္ …. မိုးထိေအာင္တက္မယ့္ ” တင္ေမာင္ ” Happy Birthday ပါ ဖိုးဖိုး ကၽြန္ေတာ့္ သည္ဘဝ သည္ခႏၶာ ေရႊမန္းတင္ေမာင္ေျမး ျဖစ္ခြင့္ရခဲ့သည့္အတြက္ ေက်းဇူးေတာ္အနႏၲပါခင္ဗ်ာ 🙏🙏🙏🙏🙏 ” ဆိုတဲ့ စာသားေလးနဲ႔ သူ႔ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာကေန ေရးသားေဖာ္ျပ ေပးထားခဲ့တာပဲျဖစ္ပါတယ္။

ဖခင္ႀကီးကို ယခုအခ်ိန္အထိ မေမ့ႏိုင္ေသးတဲ့ မင္းသားႀကီး ထပ္ဆင့္အကယ္ဒမီ ၇ ဆု႐ွင္ ဦးၫႊန္႔ဝင္းဟာဆိုရင္လည္း ဖခင္ႀကီးရဲ႕ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ပြဲမွာ အလြန္ကို ဝမ္းနည္း ေၾကကြဲခဲ့ရတာပဲျဖစ္ပါတယ္။ ကိုယ့္အသက္အရြယ္ေတြ ဘယ္ေလာက္ပင္ ႀကီးလို႔ေနခဲ့ရေပမယ့္လည္း ” စိတ္မထိန္းႏိုင္ဘူး ေဖေဖ့အေၾကာင္းေျပာရရင္ဆိဳၿပီး ” ဝမ္းနည္းစြာနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုေပးထားခဲ့တာပဲျဖစ္ပါတယ္။ေက်းဇဴးရွင္ ဖခင္ႀကီး ေရႊမန္းဦးတင္ေမာင္ရဲ႕ ႏွစ္ ၁၀၀ ျပည့္ပြဲမွာ ေတြ႔ရိွခဲ့ရတဲ့ ဦးေရႊမန္းရဲ႕ မ်ိဳးဆက္သစ္ ညီအစ္တစ္စုတို႔ရဲ႕ ျမင္ကြင္းပံုရိပ္မၾကာမလိုလိုနဲ႔ ႏွစ္ ၁၀၀ေတာင္ ျပည့္ေျမာက္လာခဲ့ျပီျဖစ္တဲ့ ျပည္သူ႔အခ်စ္ေတာ္ႀကီး အလကၤာေက်ာ္စြာ ေရႊမန္းဦးတင္ေမာင္အတြက္ ဆုေတာင္းႏႈတ္ဆက္စကားေလး ေျပာေပးသြားၾကပါဦးေနာ္ ပရိသတ္ႀကီးေရ။ ဖတ္႐ွဳအားေပးၾကပါေသာ ခ်စ္ပရိသတ္မ်ားအေပါင္းကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။

Unicode Font

နှစ် ၁၀၀ ပြည့် ရွှေမန်ဦးတင်မောင်ရဲ့အထိမ်းအမှတ်ပွဲ

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်လို့ ပြောလိုက်တာနဲ့ လူကြီး လူငယ်မရွေးဘဲ မသိသူတွေ မရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ သူ့ခေတ်သူ့ခါနဲ့အညီ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ မင်းသားကြီး အလင်္ကာကျော်စွာ ဘဘရွှေမန်းဦးတင်မောင်ဟာဆိုရင် လူသာသေသွားခဲ့ပေမယ့် နာမည်မသေသေးဘဲ ယခုအချိန်အထိ ပရိသတ်တွေကြား အပြောများပြီး ထင်ကျန်နေခဲ့ရတာပဲဖြစ်ပါတယ်။အရမ်းကို အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ရတဲ့ ဇာတ်မင်းသားကြီး ရွှေမန်းဦးတင်မောင်ဟာဆိုရင် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ နှစ် ၁၀၀ တိတိကို ပြည့်မြောက်လာပြီပဲဖြစ်ပါတယ်။

နှစ် ၁၀၀ တိတိ ပြည့်မြောက်လာခဲ့တဲ့ ရွှေမန်းဦးတင်မောင်အတွက် သားမြေးမြစ်တစ်စုတို့က အထိမ်းအမှတ်ပွဲလေးကို ကျင်းပပြုလုပ် ပေးခဲ့တာပဲဖြစ်ပါတယ်။မိမိရဲ့ အမွေတွေကို သားမြေးမြစ်တို့ဆီ အမွေပေးထားခဲ့တဲ့ ရွှေမန်းဦးတင်မောင်ရဲ့ မျိုးဆက်သစ်များဟာဆိုရင်လည်း အနုပညာလောကထဲမှာ အရမ်းကို အောင်မြင်ကျော်ကြားနေခဲ့ရတာပဲဖြစ်ပါတယ်။ အဖိုးရဲ့အမွေတွေကို ဆက်ခံရရှိထားတဲ့ ကျော်ကျော်ဗိုလ်ဟာဆိုရင်လည်း ပရိသတ်တွေ ချစ်ခင်ခဲ့ရတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ အများရဲ့ ချစ်ခင်မှုတွေကို ရရှိထားခဲ့ရတဲ့ ကိုကြံ့ကတော့ အဖိုးရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ဖိုးဖိုး ရွှေမန်းဦးတင်မောင်အတွက် ဆုတောင်းစကားဆိုပေးထားခဲ့တဲ့ ကျော်ကျော်ဗိုလ်ကတော့ ” အရှိန်တကယ်ပြောင် …. မသိမ်ငယ်ပေါင် …. မိုးထိအောင်တက်မယ့် ” တင်မောင် ” Happy Birthday ပါ ဖိုးဖိုး ကျွန်တော့် သည်ဘဝ သည်ခန္ဓာ ရွှေမန်းတင်မောင်မြေး ဖြစ်ခွင့်ရခဲ့သည့်အတွက် ကျေးဇူးတော်အနန္တပါခင်ဗျာ 🙏🙏🙏🙏🙏 ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။

ဖခင်ကြီးကို ယခုအချိန်အထိ မမေ့နိုင်သေးတဲ့ မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ၇ ဆုရှင် ဦးညွှန့်ဝင်းဟာဆိုရင်လည်း ဖခင်ကြီးရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲမှာ အလွန်ကို ဝမ်းနည်း ကြေကွဲခဲ့ရတာပဲဖြစ်ပါတယ်။ ကိုယ့်အသက်အရွယ်တွေ ဘယ်လောက်ပင် ကြီးလို့နေခဲ့ရပေမယ့်လည်း ” စိတ်မထိန်းနိုင်ဘူး ဖေဖေ့အကြောင်းပြောရရင်ဆိုပြီး ” ဝမ်းနည်းစွာနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုပေးထားခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးရှင် ဖခင်ကြီး ရွှေမန်းဦးတင်မောင်ရဲ့ နှစ် ၁၀၀ ပြည့်ပွဲမှာ တွေ့ရှိခဲ့ရတဲ့ ဦးရွှေမန်းရဲ့ မျိုးဆက်သစ် ညီအစ်တစ်စုတို့ရဲ့ မြင်ကွင်းပုံရိပ်မကြာမလိုလိုနဲ့ နှစ် ၁၀၀တောင် ပြည့်မြောက်လာခဲ့ပြီဖြစ်တဲ့ ပြည်သူ့အချစ်တော်ကြီး အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်အတွက် ဆုတောင်းနှုတ်ဆက်စကားလေး ပြောပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Facebook Comments
2K Shares