ဟိန္းမင္းသူက ေသမယ္ေျပာလို႔ စိတ္ထိခိုက္ရတယ္ဆိုတဲ့ ဟိန္းမင္းသူရဲ႕ဖခင္

84

မၾကာေသးမီကထြက္ေပၚလာတဲ့ သတင္းေတြအရ ဟိန္းမင္းသူရဲ႕ account hack ခံလိုက္ရျပီးေနာက္ပုိင္းမွာ hacker ေတြက ဟိန္းမင္းသူရဲ႕ အတြင္းေရး screenshots ေတြကုိခ်ျပလုိက္ျပီး ဟိန္းမင္းသူဟာ ေယာက္်ားစစ္စစ္မဟုတ္ပဲ အုပ္စုိးခန္႔ကုိလည္း ကိုကုိေရသဲေရနဲ႔ လုပ္ထားျပီးပိုင္တံခြန္နဲ႔လည္း ေကာင္မေလးေတြဆီသြားမယ္ဘာညာေျပာေနတဲ့ နွစ္ဖက္ခြ်န္ဆိုျပီးပရိသတ္ေတြကအထင္လြဲသြားၾကပါေတာ့တယ္။ ဒါ့အျပင္ ဒီလိုထြက္ေပၚလာတဲ့သတင္းေတြအေပၚမွာလည္း ညွာတာစိတ္မထားပဲ ပိုးစုိးပက္စက္ဝိုင္းေျပာၾကတဲ့လူေတြေၾကာင့္ ဟိန္းမင္းသူဟာ ေတာ္ေတာ္ကုိအရွက္ရသြားပံုေပၚပါတယ္။ ညၾကီးမင္းၾကီး ဘာမီတြန္တစ္ဘူးလံုးကုန္ေအာင္ေသာက္ပစ္လိုက္ျပီးေဆးရံုေရာက္သြားရွာပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ျပီး ဟိန္းမင္းသူရဲ႕ ဖခင္က Cele Yatkwat နဲ႔ Interview မွာ ခံစားရတာေတြကုိ ရိုးရိုးေအးေအးၾကီးေျပာျပသြားခဲ့ပါတယ္။

ဟိန္းမင္းသူေဆးရံုေရာက္သြားပံုကုိ ဟိန္းမင္းသူရဲ႕ဖခင္က “သူ မေန႔ကညေနက အျပင္ထြက္သြားတယ္။ သူ႔ဖုန္း hack ခံလိုက္ရလို႔ဆိုျပီးေတာ့ ေတာ္ေတာ္စိတ္ထိခိုက္ေနတာ။ ကြ်န္ေတာ္လည္း မသိဘူး။ ကုိယ့္အလုပ္ကုိယ္လုပ္ေနတာ။စကားလည္းမေျပာျဖစ္ဘူး။ သူဘာေတြလုပ္မွန္းမသိဘူး။ မေန႔ကအိပ္ေနရင္းနဲ႔မွ သန္းေခါင္ေက်ာ္ေလာက္မွ ဖုန္းလာတယ္။ ဟိန္းမင္းသူေဆးရံုတင္ထားတယ္။ ဂ်ပန္ေဆးရံုမွာဆိုေတာ့။အဲ့က်မွသိျပီးေတာ့ ကြ်န္ေတာ္လည္းအားခ်င္း အဝတ္အစားေတာင္မလဲနုိင္ဘူး။ညတြင္းခ်င္းလုိက္ျပီးေတာ့ သူ႔ကုိလာၾကည့္တာ”လို႔ ရိုးရိုးေအးေအးၾကီးေျပာျပထားပါတယ္။

 

ဟိန္းမင္းသူရဲ႕အေျခအေနကုိလည္း “သူက ေသာက္ထားတဲ့ ေဆးနဲ႔ ဝိုင္လည္းေသာက္ထားတယ္ေျပာတယ္။ အစာအဆိပ္သင့္တဲ့ပံုစံမ်ိဳးျဖစ္ေနတယ္။ ပါးစပ္ထဲကအျမွဳပ္ေလးေတြထြက္ေနတာ။ ကြ်န္ေတာ္လာတဲ့အခါေတာ့ အျမွဳပ္ေတြကနည္းနည္းနည္းသြားျပီ။ ေရွ႕ပုိင္းမွာေတာ့ သူ႔သူငယ္ခ်င္းေတြကေျပာတယ္။အျမွဳပ္ေတြထြက္တယ္တဲ့။ သူကဆန္႔ငင္ဆန္႔ငင္နဲ႔ေနမထိထုိင္မသာျဖစ္ေနတာ”လို႔ သားအတြက္စုိးရိမ္ပူပန္ေနတဲ့ ဖခင္တစ္ေယာက္ရဲ႕စကားသံကုိၾကားရပါတယ္။

 

ဟိန္းမင္းသူရဲ႕ဖခင္က စိတ္ထဲမွာဘယ္လုိမွမေကာင္းေၾကာင္း၊ေနလို႔မရေၾကာင္းကုိလည္း “ကြ်န္ေတာ္ ေတာ္ေတာ္စုိးရိမ္တာေပါ့ဗ်ာ။ေရာက္တဲ့အခါက်ေတာ့ သူကတစ္ခါထပ္ျပီးေတာ့ သူ႔ကုိယ္သူ မ်က္လံုးၾကီးလန္ျပီးေတာ့ ကြ်န္ေတာ္မေနရေတာ့ဘူးတဲ့ ကြ်န္ေတာ္ေသမယ္တဲ့ အဲ့လုိေျပာတယ္။ကြ်န္ေတာ္အဲ့လိုမ်ိဳးေျပာေတာ့ စိတ္ထဲမွာပိုျပီးေတာ့ ဝမ္းနည္းတာေပါ့။ သူ႔သူငယ္ခ်င္းေတြကလည္း ေကာင္းသြားမွာပါဘာညာဆိုျပီးေတာ့ အကုန္လံုးသူ႔ကုိဝုိင္းျပီးေတာ့အားေပးစကားေျပာတယ္။ အဲဒီညမွာတင္ သူ႔သူငယ္ခ်င္းအနုပညာရွင္ေတြ ကုိစစ္ေသြးတို႔၊ပုိင္တံခြန္တို႔၊ဂ်င္းနီတို႔ လာျပီးေတာ့ အားေပးၾကတယ္” လို႔ မ်က္ရည္ေတြဝဲျပီးေျပာျပထားပါတယ္။

 

Hack တဲ့ hacker နဲ႔ ဝိုင္းျပီးေလွာင္ေျပာင္ၾကတဲ့လူအမ်ားကိုလည္း ဟိန္းမင္းသူရဲ႕ဖခင္က “သူ ဒီေဆးကုိေသာက္တာအခ်ိဳးအစားမ်ားသြားလို႔ အသက္အႏၱရာယ္ျဖစ္သြားရင္လုပ္တဲ့သူလည္းဝမ္းသာမွာမဟုတ္ပါဘူး။ လူတစ္ေယာက္ရဲ႕အသက္ကတန္ဖိုးရွိပါတယ္။ ေနာက္ေနာင္ ဒါမ်ိဳးေတြမလုပ္ဖို႔ေမတၱာရပ္ခံခ်င္ပါတယ္။ ကြ်န္ေတာ့္သားရယ္မွမဟုတ္ဘူး။ဘယ္သူပဲျဖစ္ျဖစ္ေပါ့ေနာ္”လို႔ ေမတၱာရပ္ခံေတာင္းပန္စကားဆိုသြားပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ.. ဟိန္းမင္းသူကုိ ဝိုင္းျပီးအင္တိုက္အားတိုက္ေလွာင္ေျပာင္ခဲ့သူေတြထဲမွာပါခဲ့ဖူးလား။ ေလွာင္ခဲ့သူေတြလည္းအခုေတာ့တျဖည္းျဖည္းနဲ႔သနားလာၾကပါျပီ။ ဟိန္းမင္းသူဆိုတာ ဘာမွသိပ္မသိတတ္ေသးတဲ့၊စိတ္ထိခိုက္ခံစားလြယ္တဲ့လူငယ္ေလးပဲမုိ႔ သူ႔ကုိ cyber bullying လုပ္ခဲ့သူေတြလည္း သူတကယ္ေသဆံုးသြားရင္စိတ္ခ်မ္းသာနုိင္ၾကမွာမဟုတ္ပါဘူး။

 

Unicode Font

မကြာသေးမီကထွက်ပေါ်လာတဲ့ သတင်းတွေအရ ဟိန်းမင်းသူရဲ့ account hack ခံလိုက်ရပြီးနောက်ပိုင်းမှာ hacker တွေက ဟိန်းမင်းသူရဲ့ အတွင်းရေး screenshots တွေကိုချပြလိုက်ပြီး ဟိန်းမင်းသူဟာ ယောက်ျားစစ်စစ်မဟုတ်ပဲ အုပ်စိုးခန့်ကိုလည်း ကိုကိုရေသဲရေနဲ့ လုပ်ထားပြီးပိုင်တံခွန်နဲ့လည်း ကောင်မလေးတွေဆီသွားမယ်ဘာညာပြောနေတဲ့ နှစ်ဖက်ချွန်ဆိုပြီးပရိသတ်တွေကအထင်လွဲသွားကြပါတော့တယ်။ ဒါ့အပြင် ဒီလိုထွက်ပေါ်လာတဲ့သတင်းတွေအပေါ်မှာလည်း ညှာတာစိတ်မထားပဲ ပိုးစိုးပက်စက်ဝိုင်းပြောကြတဲ့လူတွေကြောင့် ဟိန်းမင်းသူဟာ တော်တော်ကိုအရှက်ရသွားပုံပေါ်ပါတယ်။ ညကြီးမင်းကြီး ဘာမီတွန်တစ်ဘူးလုံးကုန်အောင်သောက်ပစ်လိုက်ပြီးဆေးရုံရောက်သွားရှာပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဟိန်းမင်းသူရဲ့ ဖခင်က Cele Yatkwat နဲ့ Interview မှာ ခံစားရတာတွေကို ရိုးရိုးအေးအေးကြီးပြောပြသွားခဲ့ပါတယ်။

 

ဟိန်းမင်းသူဆေးရုံရောက်သွားပုံကို ဟိန်းမင်းသူရဲ့ဖခင်က “သူ မနေ့ကညနေက အပြင်ထွက်သွားတယ်။ သူ့ဖုန်း hack ခံလိုက်ရလို့ဆိုပြီးတော့ တော်တော်စိတ်ထိခိုက်နေတာ။ ကျွန်တော်လည်း မသိဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်နေတာ။စကားလည်းမပြောဖြစ်ဘူး။ သူဘာတွေလုပ်မှန်းမသိဘူး။ မနေ့ကအိပ်နေရင်းနဲ့မှ သန်းခေါင်ကျော်လောက်မှ ဖုန်းလာတယ်။ ဟိန်းမင်းသူဆေးရုံတင်ထားတယ်။ ဂျပန်ဆေးရုံမှာဆိုတော့။အဲ့ကျမှသိပြီးတော့ ကျွန်တော်လည်းအားချင်း အဝတ်အစားတောင်မလဲနိုင်ဘူး။ညတွင်းချင်းလိုက်ပြီးတော့ သူ့ကိုလာကြည့်တာ”လို့ ရိုးရိုးအေးအေးကြီးပြောပြထားပါတယ်။

 

ဟိန်းမင်းသူရဲ့အခြေအနေကိုလည်း “သူက သောက်ထားတဲ့ ဆေးနဲ့ ဝိုင်လည်းသောက်ထားတယ်ပြောတယ်။ အစာအဆိပ်သင့်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ပါးစပ်ထဲကအမြှုပ်လေးတွေထွက်နေတာ။ ကျွန်တော်လာတဲ့အခါတော့ အမြှုပ်တွေကနည်းနည်းနည်းသွားပြီ။ ရှေ့ပိုင်းမှာတော့ သူ့သူငယ်ချင်းတွေကပြောတယ်။အမြှုပ်တွေထွက်တယ်တဲ့။ သူကဆန့်ငင်ဆန့်ငင်နဲ့နေမထိထိုင်မသာဖြစ်နေတာ”လို့ သားအတွက်စိုးရိမ်ပူပန်နေတဲ့ ဖခင်တစ်ယောက်ရဲ့စကားသံကိုကြားရပါတယ်။

 

ဟိန်းမင်းသူရဲ့ဖခင်က စိတ်ထဲမှာဘယ်လိုမှမကောင်းကြောင်း၊နေလို့မရကြောင်းကိုလည်း “ကျွန်တော် တော်တော်စိုးရိမ်တာပေါ့ဗျာ။ရောက်တဲ့အခါကျတော့ သူကတစ်ခါထပ်ပြီးတော့ သူ့ကိုယ်သူ မျက်လုံးကြီးလန်ပြီးတော့ ကျွန်တော်မနေရတော့ဘူးတဲ့ ကျွန်တော်သေမယ်တဲ့ အဲ့လိုပြောတယ်။ကျွန်တော်အဲ့လိုမျိုးပြောတော့ စိတ်ထဲမှာပိုပြီးတော့ ဝမ်းနည်းတာပေါ့။ သူ့သူငယ်ချင်းတွေကလည်း ကောင်းသွားမှာပါဘာညာဆိုပြီးတော့ အကုန်လုံးသူ့ကိုဝိုင်းပြီးတော့အားပေးစကားပြောတယ်။ အဲဒီညမှာတင် သူ့သူငယ်ချင်းအနုပညာရှင်တွေ ကိုစစ်သွေးတို့၊ပိုင်တံခွန်တို့၊ဂျင်းနီတို့ လာပြီးတော့ အားပေးကြတယ်” လို့ မျက်ရည်တွေဝဲပြီးပြောပြထားပါတယ်။

 

Hack တဲ့ hacker နဲ့ ဝိုင်းပြီးလှောင်ပြောင်ကြတဲ့လူအများကိုလည်း ဟိန်းမင်းသူရဲ့ဖခင်က “သူ ဒီဆေးကိုသောက်တာအချိုးအစားများသွားလို့ အသက်အန္တရာယ်ဖြစ်သွားရင်လုပ်တဲ့သူလည်းဝမ်းသာမှာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့အသက်ကတန်ဖိုးရှိပါတယ်။ နောက်နောင် ဒါမျိုးတွေမလုပ်ဖို့မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော့်သားရယ်မှမဟုတ်ဘူး။ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်”လို့ မေတ္တာရပ်ခံတောင်းပန်စကားဆိုသွားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. ဟိန်းမင်းသူကို ဝိုင်းပြီးအင်တိုက်အားတိုက်လှောင်ပြောင်ခဲ့သူတွေထဲမှာပါခဲ့ဖူးလား။ လှောင်ခဲ့သူတွေလည်းအခုတော့တဖြည်းဖြည်းနဲ့သနားလာကြပါပြီ။ ဟိန်းမင်းသူဆိုတာ ဘာမှသိပ်မသိတတ်သေးတဲ့၊စိတ်ထိခိုက်ခံစားလွယ်တဲ့လူငယ်လေးပဲမို့ သူ့ကို cyber bullying လုပ်ခဲ့သူတွေလည်း သူတကယ်သေဆုံးသွားရင်စိတ်ချမ်းသာနိုင်ကြမှာမဟုတ်ပါဘူး။

Facebook Comments
243 Shares