ပြင်ဦးလွင်ကိုရောက်တုန်း သားငယ်ရဲ့ဆိုင်လေးမှာပဲကြော်တွေ အားပေးခဲ့တဲ့စမိုင်းလ်

70
151 Shares

ပြင်ဦးလွင်ကိုရောက်တုန်း သားငယ်ရဲ့ဆိုင်လေးမှာပဲကြော်တွေ အားပေးခဲ့တဲ့စမိုင်းလ်

fat 1

ပရိသတ်ကြီးရေ အနုပညာရှင်မျိုး ရိုးကဆင်းသက်လာတဲ့စမိုင်းလ်ကတော့ ရေခြားမြေခြားမှာ ချစ်ရတဲ့မိသားစုနဲ့အတူ နှစ်အတော်ကြာအောင် နေထိုင်ခဲ့ပါသေးတယ်နော်။အခုဆိုရင်တော့ မြန်မာပြည်မှာပြန်လည်အခြေချနေပြီး မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေကြတာပါနော်။စမိုင်းလ်ကတော့ အနုပညာအလုပ်တွေခြေလှမ်းကျဲနေပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေဆဲဖြစ်ပါတယ်။

fat 2

လက်တလောမှာတော့ စမိုင်းလ်က ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေပြီး ဇာတ်ကားကြီးအတွက် လိုအပ်တဲ့မြန်မာအကကို ဆရာမနဲ့အတူ နည်းစနစ်ကျကျ သင်ယူပါသေးတယ်နော်။စမိုင်းလ်ကတော့ မြင့်မြတ် ခိုင်သင်းကြည် အေးသောင်းတို့နဲ့အတူ ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူးနေကြပြီး မကြာခင်မှာ နောက်တစ်နေရာသိုဆက်လက်ချီတက်သွားကြမှာဖြစ်ပါတယ်။

fat 3

ဇာတ်ကားကြီးမှာ စမိုင်းလ်ရဲ့ပုံစံအသစ်လေးကို ပရိသတ်တွေက ရင်ခုန်စွာနဲ့စောင့်မျှော်နေပါပြီနော်။

စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနောက်ကို လိုက်ပြီး ချစ်ဇနီးလေးရဲ့ လိုအပ်တာတွေအကုန်လုံးကို ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း စမိုင်းလ်က ပြင်ဦးလွင်ကိုရောက်တုန်းလေးမှာ Myanmar Idol season 2မှာ Winnerဖြစ်ခဲ့တဲ့ အဆိုတော်သားငယ်ရဲ့ဆိုင်မှာ ကျွတ်ရွပြီးအရသာရှိတဲ့ပဲကြော်တွေအများကြီးကို ဝယ်ပြီးအားပေးခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Facebook Comments
151 Shares