သဘာဝကျလွန်းတဲ့နေရာလေးမှာ လွတ်လွတ်လပ်လပ်ရေကူးရင်း အနားယူအပန်းဖြေနေတဲ့ သင်ဇာဝင့်ကျော်

243
107 Shares

သဘာဝကျလွန်းတဲ့နေရာလေးမှာ လွတ်လွတ်လပ်လပ်ရေကူးရင်း အနားယူအပန်းဖြေနေတဲ့ သင်ဇာဝင့်ကျော်

trwea 1

ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမကိုယ်သူမ အမြဲ ယုံကြည်မှုရှိပြီး တက်ကြွလန်းဆန်းနေတတ်တဲ့ ဆွဲဆောင်မှုရှိလွန်းသူလေး တစ်ဦးပါ။ အမြဲလိုလို စိတ်ဝင်စားစရာကောင်းတဲ့ အမိုက်စား ဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိတဲ့ သင်ဇာလေးကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို အမြဲဖမ်းစားထားနိုင်သူလေးဆိုရင်လည်း မမှားပါဘူး။

လတ်တလောမှာတော့ သင်ဇာလေးက သဘာဝဆန်လွန်းတဲ့ ဖူးခက်ကမ်းခြေမှာ ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို တစ်လောကလုံး လှုပ်ခတ်သွားအောင် လူမှုကွန်ယက်ပေါ်မှာဝေမျှပေးထားတာပါ။

မိုမိုလေး ချစ်ပရိသတ်တွေအတွက် ရေကူးကန်ထဲမှ ရေကူးနေတဲ့ ပုံရိပ်လေးတွေနဲ့ ပုရိသတွေကို ဗြောင်းဆန်သွားအောင် လုပ်လိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ ချစ်စရာပုံရိပ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

trwea 2trwea 3trwea 4

သင်ဇာလေးကတော့ ” 😇 Doing what you like is freedom . Liking what you do is happiness 😇 ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ အလန်းစားပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ လွတ်လွတ်လပ်လပ်ရေကူးရင်း လွတ်လပ်မှုကို အပြည့်အဝခံစားနေတဲ့ သင်ဇာရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။

အနုပညာသမားကောင်း တစ်ဦးဖြစ်တဲ့ သင်ဇာလေးကတော့ အခက်အခဲတွေကို မမှုပဲ သူမချစ်တဲ့ အနုပညာကိုသာ အကောင်းဆုံးနဲ့ တာဝန်အကျေဆုံး ပုံဖော်နေတာပဲ ဖြစ်ပါတယ်။

အရမ်းမိုက်တဲ့ body ကို ပိုင်ဆိုင်ထားတဲ့ သင်ဇာလေးကတော့ တစ်နေ့တစ်ခြားကို လှလာတာပါနော်။

trwea 5trwea 6

သာယာလှပလွန်းတဲ့ နေရာလေးမှာ အနားယူအပန်းဖြေနေတဲ့ သင်ဇာလေးက ချစ်ဖို့ကောင်းလိုက်တာနော်။

သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ချစ်ပရိသတ်တွေလည်း တစ်ခါတစ်လေမှာ အားလုံးနဲ့ဆန့်ကျင်ပြီးနေရတာ သဘောကျတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ ရေကူးကန်ထဲမှာ ရိုက်ကူးထားတဲ့ အလှကြီးလှနေတဲ့ အလန်းစား ပုံရိပ်လေးကိုကြည့်ရင်း သဘောကျ ကြိုက်နှစ်သက်မိတယ်ဆိုရင် မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။

Facebook Comments
107 Shares