ဘုန်းကြီးကျောင်းမှာ အိမ်သာဆေး ကုသိုလ်ယူခဲ့တဲ့ ဟန်နာယူရီ

6
4 Shares

ဘုန်းကြီးကျောင်းမှာ အိမ်သာဆေး ကုသိုလ်ယူခဲ့တဲ့ ဟန်နာယူရီ

ytrwu 1

ချစ်ဖို့လည်းကောင်း တဖတ်မှာလည်း မိန်းကလေးတွေပါ အားကျရတဲ့ မိတ်ကပ်ပညာရှင် ဟန်နာယူရီက အခုလည်း ပရိသတ်တွေလေးစားအတုယူလောက်တဲ့ ကုသိုလ်တစ်ခုပြုလုပ်ခဲ့ကြောင်းကို ပြောပြပေးပါမယ်။

ဟိုအရင်ထဲက ဒါမျိုးကလုပ်နေကျပါ။ Social Media မှာ မတင်တာပဲရှိတယ်။ အခုတင်လိုက်တော့လည်းတစ်ချို့ ကပြောတယ် ဒီလိုညစ်ညစ်ပတ်ပတ်ကြီးတွေ ဘာလို့လုပ်တာလဲဆိုပြီး။ ယူရီကတော့ ခံယူထားတာဒါက ကုသိုလ်တစ်မျိုးပဲ။ ယူရီတို့ ဗုဒ္ဒဘာသာ တွေအနေနဲ့ပြောရမယ်ဆိုရင်ပေါ့။ ယူရီ ကိုယ်တိုင်က လည်း အိမ်ကို သူငယ်ချင်းတွေ ရေအိမ်သာညစ်ပတ်တာ၊ ရေချိုးခန်းညစ်ပတ်တာတွေ၊ ဆံပင်ချီတွေကျနေတာတွေ မကြိုက်ဘူး။ ယူရီကနဲနဲ ဇီဇာကြောင်တဲ့အထဲမှာပါတယ်။

ytrwu 6
ytrwu 2

တစ်ခါတစ်လေ ဘုန်းကြီးကျောင်းတွေမှာ ဧည့်သည်တွေများရင် သပ်သပ်ရပ်ရပ်မသုံးကြဘူးတော့။ အဲ့ဒါကို သံဃာတော်တွေက ဆေးကြောရတော့ ပိုပြီးတော့ ငရဲကြီးမယ်လို့ ထင်တယ်။ ခရီးသွားဧည့်သည်တွေများတဲ့ တောင်ပေါ်က ဘုရားတွေမှာဆိုရင် ကြုံရင်ကြုံသလို ယူရီအမြဲတမ်းဆေးဖြစ်ပါတယ်။ ဒါဟာကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်တဲ့ ကုသိုလ်ဖြစ်တယ်။ နောက်ပြီး ဆပ်ပြာမှုန့်၊ Brush တွေ၊ ဘုရားမှာ အပူခံကျောက်ပြားတွေ တက်နိုင်သလောက်လေးဖြစ်ဖြစ် လှူဒါန်းတာကပိုပြီးတော့ ကုသိုလ်ရပါတယ်။

ytrwu 5

အရင်ကလည်း တွေ့ဖူးမှာပါ ယူရီတို့ Myanmar Celebrity နဲ့ တစ်ခေါက်သွားဖူးတယ်။ ယူရီ့မွေးနေ့မှာပေါ့။ အဲ့တုန်းကလည်း သေချာဆေးကြောခဲ့တယ်။ အများအားဖြင့်ဒီလိုအညစ်အကြေးဆို ဘယ်သူမှ မကိုင်ချင်ကြဘူးလေ။ ဘုန်းကြီးကျောင်းမှာမှမဟုတ်ပါဘူး အိမ်မှာလည်း အမေ့ထဘီလျော်တာ ဖိနပ်ပေနေရင်ဆေးပေးတာ ကြုံရင်ကြုံသလိုလုပ်ဖြစ်ပါတယ်။

ytrwu 3

ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ သွားလည်း လာလမ်းဖောင့်ဖြူးတာပေါ့နော်။ ရေကန်သင့်ကြာသင့်၊ ကိုယ့်အခက်အခဲတွေလည်း ရှိရင်လည်း ပြေတယ်။ ယူရီပြောသလို တောတောင်တွေမှာဆိုရင် ပြီးပြီးရောထားခဲ့တဲ့အခါ သံဃာတော်တွေက ဆေးရတယ်။ အဲ့အခါကျရင် ပိုပြီးတော့ ငရဲကြီးပါတယ်။ ယူရီဆိုရင် ဒီဘဝမှာ ကောင်းကောင်းမွန်မွန်နေရတယ် အရင်ဘဝကကောင်းမှုကုသိုလ်လုပ်ခဲ့တဲ့အတွက်။

ytrwu 4

ဒီဘဝမှာလည်း ကုသိုလ်ကောင်းမှုတွေတက်နိုင်သလောက်လုပ်ချင်တယ်။ တစ်ခါတစ်လေ အခက်အခဲလေးတွေရှိတယ် အဲ့ဒါလေးတွေပြေလည်အောင်ပေါ့။ အခုဆိုရင် တစ်နေ့ကို ကြုံရင်ကြုံသလို မလုပ်ဖြစ်ဖူးဆိုရင်တောင် တောင်းစားတဲ့သူတွေကို တက်နိုင်သလောက်လေးကတော့ အမြဲတမ်းလှူပါလို့ သူမရဲ့ လေးစားဖွယ် အပြုအမူလေးတွေကို ပြောပြခဲ့ပါတယ်။

Facebook Comments
4 Shares