အရှေ့တီမောကို ဂိုးနှစ်ဒါဇင်ကျော်သွင်းတဲ့ မြန်မာအမျိုးသမီးလူငယ်အသင်း

313
425 Shares

အရှေ့တီမောကို ဂိုးနှစ်ဒါဇင်ကျော်သွင်းတဲ့ မြန်မာအမျိုးသမီးလူငယ်အသင်း

edr 3

လက်ရှိထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အသက် – ၁၅ နှစ်အောက် အမျိုးသမီးဘောလုံးကစားပွဲမှာတော့ ယနေ့ပွဲစဉ်မှာ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းက အရှေ့တီမောလက်ရွေးစင်အသင်းကို ၂၆ – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

edr 2

လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဒေါ်မေသူထွန်းကတော့ ယနေ့နိုင်ပွဲအတွက် ဝမ်းသာကြောင်း၊ ပြိုင်ဘက်အသင်းက အင်အားနည်းအသင်းဖြစ်တဲ့အတွက် အခုလို ဂိုးတွေအများကြီးသွင်းနိုင်ခဲ့တာ ဖြစ်ကြောင်းနဲ့ လက်ကျန်နှစ်ပွဲဟာ ပိုအရေးကြီးပြီး အကောင်းဆုံးပြင်ဆင်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

edr 2

မြန်မာအသင်းအတွက် ကျန်ရှိနေသေးတဲ့ လက်ကျန်နှစ်ပွဲကတော့ ဖိလစ်ပိုင်အသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဖြစ်ပါတယ်။

edr 1

မြန်မာလက်ရွေးစင်အသင်းအတွက် ဒီနေ့မှာ ဂိုးအများဆုံးသွင်းယူပေးခဲ့သူကတော့ စုမြတ်နိုး ဖြစ်ပြီး တစ်ဦးတည်း ခုနစ်ဂိုးထိ သွင်းယူခဲ့တာပါ။ ယုယနိုင်က ငါးဂိုး၊ သန်းသန်းစိုးက လေးဂိုး၊ ဇင်မိုးပြည့်က သုံးဂိုး၊ ထူးသိဂီင်္နိုင်က နှစ်ဂိုးနဲ့ နန်းချိုမွှေး၊ ပိုင်ဖြိုးဆု၊ အေးထက်ထက်ပိုင်၊ ဝေဟင်ဖြိုးတို့က တစ်ဂိုးစီ အသီးသီး သွင်းယူခဲ့ကာ Own Goal တစ်ဂိုးပါဝင်ပါတယ်။ပြောချင်လွန်းလို့တို့အနေနဲ့ ဒီလောက်ဂိုးပြတ်သွင်းတဲ့ လက်ရွေးစင်ပွဲမျိုးကို မမြင်ရတာဟာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ပါတယ်။

Facebook Comments
425 Shares