ကြက်တောင်မယ် သက်ထားသူဇာ ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲတွင် ထိုင်းကစားသမားကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ရ

71

ကြက်တောင်မယ် သက်ထားသူဇာ ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲတွင် ထိုင်းကစားသမားကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ရ

werh 2 1

ဗီယက်နမ် International Challenge ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်နေသော မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်တွင် ထိုင်းကစားသမား Chananchida Jucharoen ကို (၁၂ – ၂၁) (၂၁ – ၁၆) (၂၃ – ၂၁) ဖြင့် နှစ်ပွဲ – တစ်ပွဲ ရှုံးနိမ့်ခဲ့သည့်အတွက် (၃၂) ဦးအဆင့်မှာပင် ပြိုင်ပွဲမှ ထွက်ခဲ့ရကြောင်း သိရသည်။

werh 1 1

သက်ထားသူဇာသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ ၂ ပွဲတွင် ပထမရရှိခဲ့သော်လည်း ယခုပြိုင်ပွဲတွင် မထင်မှတ်ပဲ ထိုင်းကစားသမားကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။“အကောင်းဆုံး ကစားခဲ့ပါတယ် ဒီပြိုင်ပွဲမှာ Result ကောင်းကောင်းရအောင် မလုပ်ပေးနိုင်တဲ့အတွက်လဲ အားလုံးကို တောင်းပန်ပါတယ်။ နောက်လာမယ့် ပွဲတွေမှာလဲ အကောင်းဆုံးကြိုးစားပြီး ဆုတွေရအောင်ကစားသွားပါမယ်” ဟု သက်ထားသူဇာက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

werh 2 1

အသက်၂၀ ပြည့်ရုံသာ ရှိသေးသော သူမမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုင်ငံတကာစီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် (၁) အင်ဒိုနီးရှား ကစားသမားကို အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ် ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ယူဂန်ဒါနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပခဲ့သော ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲနှင့် ကင်ညာ နိုင်ငံတကာစီးရီး ပြိုင်ပွဲတို့တွင်လည်း ချန်ပီယံဖြစ်ခဲ့သည်။

werh 1 1

ယခုသွားရောက်ယှဉ်ပြိုင်သည့် ဗီယက်နမ် International Challenge ပြိုင်ပွဲကို နိုင်ငံပေါင်း (၂၀) ကျော် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုနှစ် နိုင်ငံတကာပြိုင်ပွဲတွင် သက်ထားသူဇာ အနေဖြင့် ပထမဦးဆုံးအကြိမ် ပြိုင်ပွဲမှ ထွက်လာခဲ့ရခြင်း ဖြစ်သည်။အဆိုပါ ပြိုင်ပွဲနှင့်အတူ ၎င်းမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် (Association of Olympic Project)Training ကိုပါ ပူးတွဲလေ့ကျင့်သွားမည် ဖြစ်သည်။

Facebook Comments
651 Shares