အသင်းအတွက် မလိုအပ်တဲ့ ကစားသမားတွေကို ရွေးချယ်ပြလိုက်တဲ့ ဆိုးလ်ရှား…

270
644 Shares

အသင်းအတွက် မလိုအပ်တဲ့ ကစားသမားတွေကို ရွေးချယ်ပြလိုက်တဲ့ ဆိုးလ်ရှား…

ggg 1 14

ယူနိုက်တက်ယာယီနည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ လာမယ့်ရာသီကုန်မှာ အသင်းအတွက် မလိုအပ်တော့တဲ့ ကစားသမား (၃)ဦးရဲ့ နာမည်ကို အသင်းဒုဥက္ကဌ အက်ဝုဒ်ဝက်ဒ်ဆီကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဆိုးလ်ရှားအနေနဲ့ လက်ရှိအချိန်ထိ အမြဲတမ်းနည်းပြရာထူးအတွက် မသေချာသေးပေမယ့်လည်း လာမယ့်ရာသီအတွက် ကစားသမားကိုင်တွယ်မှုအပိုင်းကို စီမံဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ggg 4 6

ဆိုးလ်ရှားက သူ အလိုရှိတဲ့ ကစားသမားတွေကိုလည်း အသင်းထံ ပေးပို့ထားပြီး ဖြစ်တယ်လို့ ယုံကြည်ရပြီး ဒေါ့မွန်လူငယ်ကစားသမား ဆန်ချိုက သူအလိုရှိတဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံးကရှိနေတယ်လို့လည်း သိရပါတယ်။ ဆိုးလ်ရှားက သူအလိုမရှိတဲ့ ကစားသမားစာရင်းကို ပေးပို့ခဲ့ရာမှာတော့ အသင်းခေါင်းဆောင်ဗလန်စီယာ၊ နောက်ခံလူ ရိုဟို နဲ့ တိုက်စစ်မှူးဆန်းချက်ဇ်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

ggg 2 14

ဗလန်စီယာကတော့ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့လို့ မဖြစ်မနေ ထွက်ခွာတော့မှာဖြစ်ပြီး ရိုဟို နဲ့ ဆန်းချက်ဇ်တို့ကတော့ ပြန်လည်ရောင်းချခံရတော့မှာ ဖြစ်ပါတယ်။ ဗလန်စီယာရဲ့ အသက်အရွယ်နဲ့ ဒဏ်ရာပြသနာတွေ မကြာခဏရရှိနေခဲ့လို့ ဆိုးလ်ရှားကရော၊ ကလပ်အသင်းဘက်ကပါ စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ggg 3 11

ရိုဟိုကလည်း ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေရပြီး အသင်းမှာ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ဘိုင်ယီ၊ လင်ဒီလော့ဖ်တို့နောက်မှာသာ ဦးစားပေးခံနေရတဲ့ ကစားသမားဖြစ်လို့ ဆိုးလ်ရှားက ရောင်းချဖို့ သတ်မှတ်ခဲ့တာလို့ သိရပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်ကတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး သူ့ရဲ့ များပြားတဲ့ လစာငွေပမာဏက အသင်းအတွက် ၀န်ပိစေတယ်လို့ ဆိုးလ်ရှားက ယူဆခဲ့ကြောင်း သိရပါတယ်။

ggg 4 6

ဒီအတွက် ဒီကစားသမား (၃)ဦးဟာ အသင်းအတွက် မလိုအပ်တော့ဘူးလို့ ဆိုးလ်ရှားက အသင်းကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားမနှစ်သက်တဲ့ ကစားသမား (၃)ဦးလုံးကလည်း ရာသီကုန်မှာ အသင်းကနေ ထွက်ခွာနိုင်ချေ ရာနှုန်းပြည့်ရှိတယ်လို့ Fox Sports Asia က သုံးသပ်ခန့်မှန်းထားပါတယ်။

Facebook Comments
644 Shares