မြောက်ကိုရီးယားကိုပေးမယ့် ခရစ္စမတ်စ် လက်ဆောင် အဆင်သင့်ပဲလို့ သမ္မတထရမ့်ပ်ပြော

E.T.S

Every Time Story

နိုင်ငံတကာသတင်း, သတင်း

မြောက်ကိုရီးယားကိုပေးမယ့် ခရစ္စမတ်စ် လက်ဆောင် အဆင်သင့်ပဲလို့ သမ္မတထရမ့်ပ်ပြော

Untitled 1 53

မြောက်ကိုရီးယားကိုပေးမယ့် ခရစ္စမတ်စ် လက်ဆောင် အတွက် အဆင်သင့်ပဲလို့ သမ္မတထရမ့်ပ်ပြော

Untitled 1 53

မြောက်ကိုရီးယားက ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတဲ့ ဘယ်လို “ခရစ္စမတ်စ် လက်ဆောင်” မျိုးကိုမဆို ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။ နှစ်နိုင်ငံအကြား နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းပွဲတွေ ရပ်ဆိုင်းနေချိန်မှာ မြောက်ကိုရီးယားက အခုလို ခြိမ်းခြောက်ထားတာပါ။ “သူက ဒုံးကျည်စမ်းသပ်မယ့်အစား လှပတဲ့ ပန်းအိုးတလုံးကို လက်ဆောင်အဖြစ် ကျနော့်ဆီပို့လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ ပန်းအိုးတလုံး ကျနော် ရချင်ရမှာပဲ” လို့ သမ္မတထရမ့်ပ်က သတင်းထောက်တွေကို အင်္ဂါနေ့မှာပြောပါတယ်။

Annotation 2019 12 25 105452
190630053806 trump dmz 28 exlarge 169
Annotation 2019 12 25 105403

နျူကလီးယားအရေး ဆွေးနွေးပွဲတွေမှာ လိုက်လျော်မှုတွေလုပ်ဖို့ မြောက်ကိုရီးယားက အမေရိကန်ကို တောင်းဆိုထားပြီး ဘယ်လို ခရစ္စမတ်လက်ဆောင် ကို ရွေးမလဲဆိုတာ အမေရိကန်အပေါ်မှာသာ လုံးဝမူတည်တယ်လို့ ဒီလအစောပိုင်းက သတိပေး ခြိမ်းခြောက်ထားတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလုပ်တဲ့ နျူကလီးယားအရေး ဆွေးနွေးပွဲတွေမှာ မြောက်ကိုရီးယားဘက်က ဘာမှ တိတိကျကျ မလိုက်လျောခင် အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ဖြေလျော့ပေးဖို့ အရင် တောင်းဆိုခဲ့တဲ့အတွက် အမေရိကန်က လက်မခြံ ငင်းပယ်ထားတာပါ။

Flag United States of America
Annotation 2019 12 25 105610
Annotation 2019 12 25 105452

ပြီးခဲ့တဲ့လအတွင်းကတော့ ဒုံးကျည်များစွာ ပစ်ခတ်နိုင်တဲ့စနစ်ကို မြောက်ကိုရီးယားက ဒီနှစ်အတွင်း ၄ ကြိမ်မြောက်အဖြစ် စမ်းသပ်ခဲ့ပါတယ်။ မကြာခင် ဂျပန်နိုင်ငံ အနီးဝန်းကျင်မှာ တကယ်ကို ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ဖို့ရှိတယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ြေ မာက်ကိုရီးယားဟာ ၂၀၁၇ နိုဝင်ဘာတုန်းက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သလို ၂၀၁၇ စက်တင်ဘာလ တုန်းကလည်း နျူကလီးယား စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
170 Shares

Comments are Closed

Powered by M.N.T

170 Shares
Tweet
Share170