မူးယစ်သားကောင် ဖခင်ကြောင့် နိုင်ငံအကျိုးပြု ပန်းကောင်းတစ်ပွင့် ကြွေလွင့်ခဲ့ရပြီ

မူးယစ်သားကောင် ဖခင်ကြောင့် နိုင်ငံအကျိုးပြု ပန်းကောင်းတစ်ပွင့် ကြွေလွင့်ခဲ့ရပြီ

6K Shares

မူးယစ်သားကောင် ဖခင်ကြောင့် နိုင်ငံအကျိုးပြု ပန်းကောင်းတစ်ပွင့် ကြွေလွင့်ခဲ့ရပြီ

မိမိတို့ကရင်ပြည်နယ်က ပေါများလှတဲ့ မူးယစ်ဆေးဝါးတွေ ပေါများလှတဲ့ လက်နက်ကိုင် ပေါများလှတဲ့ လောင်းကစားအကြောင်းတွေကို အလျဉ်းသင့်သလိုရေးတင်ပါတယ်။ ရေးတင်တိုင်း ဆဲခံထိ၊ ကြိမ်းမောင်းခံထိတယ်။ ကိုယ့်ကရင်အုပ်စုထဲမှာ ကောင်းရောင်း ကောင်းဝယ်၊ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်တဲ့သူတွေထက် ဖြတ်လမ်းသမားတွေက ပိုပြီးပေါ်ပြူလာဖြစ်နေကြတဲ့ခေတ်ကိုး။ www.everytimestory.com | Every Time Story | E.T.S

မနေ့က (မတ်လ ၂၄) ဘားအံမြို့နယ်၊ ခလောက်နို့ အုန်းတပင်ရွာမှာ ဗုံးမတော်တဆမှု (အဖြစ်မှန်ကို ရေးတင်ရင် ကိုယ့်လူမျိုးသိက္ခာကျမှာစိုးလို့) အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးပါ သေဆုံးမှု ဖြစ်လို့ဘဲ ပို့စ်အကျဉ်းရေးတင်ခဲ့ပါတယ်။ အဖြစ်မှန်ကို နီးစပ်ရာလူတွေက သိပြီးသားဖြစ်ပမဲ့ မသိသေးတဲ့သူတွေလည်း အများကြီးရှိပါတယ်။ www.everytimestory.com | Every Time Story | E.T.S

အဖေနဲ့သမီး နှစ်ယောက် စကားများရာကနေ ဆေးကြောင်တဲ့အဖေက လက်ပစ်ဗုံးကို လက်ထဲမှာဘဲခွဲပစ်ပြီး အဖေဖြစ်သူက အခင်းဖြစ်ပွါးရာနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အသက် ၂၄နှစ်အရွယ် အပြစ်မဲ့တဲ့ သမီးလေးက ဆေးရုံရောက်ရုံလေးတင်မှာ သေဆုံးသွားပါတယ်။ www.everytimestory.com | Every Time Story | E.T.S

ပေါများလှတဲ့ မူးယစ်ဆေးဝါး လက်နက်ပုန်း၊ လောင်းကစားတွေကြောင့် အပြစ်မဲ့တဲ့ ပန်းကောင်းတွေ ဘယ်လောက်ထိ ဆက်ပြီး ကြွေနေရအုံးမလဲ? ပညာကို အပတ်တကုတ်ကြိုးစားသင်ယူပြီး အသက် ၂၄ နှစ်သာရှိသေးတဲ့ နှမျောစရာကောင်းတဲ့ အထက်တန်းပြကျောင်းဆရာမ ဖိုးမူလေး အေးချမ်းစွာ အိပ်စက်အနားယူပြီး ကောင်းရာဘုံဘဝကို ရောက်ပါစေ။ www.everytimestory.com | Every Time Story | E.T.S

6K Shares
6K Shares
Share6K