E.T.S

Every Time Story

local new

သတင်းအရ အိမ်ထဲဝင်ရောက်စစ်ဆေးသည့် မူးယစ်အဖွဲ့ကို အိမ်ရှင်များက ဓါးနဲ့ခုတ်

dfmvbsdkfjghsljkgweoutwt4589437tey98345ytg

သတင်းအရ အိမ်ထဲဝင်ရောက်စစ်ဆေးသည့် မူးယစ်အဖွဲ့ကို အိမ်ရှင်များက ဓါးနဲ့ခုတ်

dfmvbsdkfjghsljkgweoutwt4589437tey98345ytg

မြစ်သားမြို့တွင် မူးယစ်ဆေးဝါးသတင်းအရ နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးသည့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များကို အိမ်ရှင် အမျိုးသားမှ ဓားရှည်ဖြင့် လိုက်လံခုတ်သဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ကာ ဖမ်းဆီးခဲ့ရမှု အောက်တိုဘာ(၈)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

dfmvbsdkfjghsljkgweoutwt4589437tey98345ytg

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့၊ မြို့မအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ အိမ်ရှင် အသက်(၂၉)နှစ်အရွယ် အမျိုးသားက အရှည်(၁၇)လက်မခန့်ရှိ ဓားရှည်ဖြင့် လိုက်လံခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ဓါးဖြင့် လိုက်ခုတ်ခဲ့သဖြင့် မြို့မအရှေ့ရပ်ကွက် ရာအိမ်မှူး ဦးစိုးမြင့်တွင် ယာဘက်ပေါင်၌ တစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

dfmvbsdkfjghsljkgweoutwt4589437tey98345ytg

ထို့နောက် ဓားရှည်ဖြင့် လိုက်ခုတ်သည့် အမျိုးသားကို ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ၁၂ ဗို့ သေနတ်ဖြင့် နှစ်ချက် သတိပေး ပစ်ခတ်ခဲ့ရာ ၎င်းအမျိုးသားတွင် ယာလက်ပြင်၊ တင်ပါးနှင့် ခြေသလုံးတို့၌ ရာဘာကျည် ထိမှန်ဒဏ်ရာ သုံးချက် (မစိုးရိမ်ရ)နှင့် ကျည်ထိမှန်လဲကျစဉ် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)တို့ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

dfmvbsdkfjghsljkgweoutwt4589437tey98345ytg

အဆိုပါ နေအိမ်အတွင်း ဓါးဖြင့်ခုတ်သည့် အမျိုးသား၏ ဇနီးဖြစ်သူ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တရပ်ကွက်တည်းနေ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ရှိနေခဲ့ပြီး ဓါးဖြင့်လိုက်ခုတ်သည့် အမျိုးသားကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှာဖွေရာ နေအိမ် မီးဖိုးဆောင် ခေါင်မိုးကြား၊ မြေကြီးအတွင်းနှင့်

dfmvbsdkfjghsljkgweoutwt4589437tey98345ytg

အိမ်ရှင်အမျိုးသား၏ ဇနီးဖြစ်သူ၏ လက်အတွင်းတို့မှ ပလပ်စတစ်ဗူး၊ အိတ်များဖြင့်ထည့်လျက် 88/1 စာတမ်းပါ စိတ်ကြွဆေးပြား (၈၀၆)ပြား၊ ငွေကျပ်(၇)သောင်းကျော်၊ ဓားရှည်(၅)ချောင်း၊ နံချပ်ကူတစ်ခု၊ ဆိုင်ကယ် တစ်စီးနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

Facebook Comments
241 Shares

Comments are Closed

Powered by M.N.T