E.T.S

Every Time Story

local new

ဝင်းနဲ့ဇော်အတွက် အသနားခံစာကိုအောက်တိုဘာလ ၂၁ ရက်တွင် တင်သွင်းမည်

fgkhfouiyerty984564itghsdiu4yitughi74y5turgy48495ytiruty48yugi 1

ထိုင်းနိုင်ငံမှာ သေဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် အသနားခံစာကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထိုင်းဘုရင်ဆီ တင်သွင်းမှာ ဖြစ်ပါတယ်။

fgkhfouiyerty984564itghsdiu4yitughi74y5turgy48495ytiruty48yugi 1

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဟာ မနေ့က ထိုင်းရှေ့နေများကောင်စီရဲ့ လုပ်ငန်းအဖွဲ့အကြီးအကဲ Mr. Nakhon Comphuchat ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြီး သေဒဏ်ချခံထားရတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အသနားခံစာတင်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

fgkhfouiyerty984564itghsdiu4yitughi74y5turgy48495ytiruty48yugi 2

ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်ထားသည့် အသနားခံစာ(မူကြမ်း)ကို အောက်တိုဘာ ၁၀ ရက်၊ မနက်ဖြန်မှာ မြန်မာသံရုံးကို ပေးပို့တင်ပြမှာဖြစ်ပြီး အဲဒါကို မြန်မာနိုင်ငံ ဥပဒေအကြံပြုအဖွဲ့က အတည်ပြုပြီးရင် ထိုင်းဘုရင်ဆီကို အောက်တိုဘာ ၂၁ ရက်မှာ တင်သွင်းမှာ ဖြစ်ပါတယ်။မြန်မာသံရုံးအနေနဲ့လည်း

djfhgsdkufgywiertywe7t6439857634t7ygiweru894576t4875tyuwerg745ytug 1

အကျဉ်းကျ မြန်မာနိုင်ငံသားနှစ်ယောက်အတွက် အသနားခံစာ တင်ပြရာမှာ လိုအပ်တဲ့ အထောက်အထားတွေဖြစ်တဲ့ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ အရင်က ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်တွေကို ထပ်ဆင့်ထောက်ခံဖို့နဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်တွေ ထုတ်ပေးရေးတို့ကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

fgkhfouiyerty984564itghsdiu4yitughi74y5turgy48495ytiruty48yugi 2

ပြီးတော့ တခြားညှိနှိုင်းလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အချိန်နဲ့တပြေးညီ ဖော်ဆောင်နိုင်ရေး သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။အဲဒီအစည်းအဝေးကို သံအမတ်ကြီးနဲ့အတူ အမှုနဲ့ပတ်သက်လို့ ဥပဒေပိုင်းဆိုင်ရာ အကြံပြု ပူးပေါင်း ဆောင်ရွက်နိုင်ဖို့

fgkhfouiyerty984564itghsdiu4yitughi74y5turgy48495ytiruty48yugi 1

အစိုးရက စေလွှတ်ထားတဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မှုခင်းရဲတပ်ဖွဲ့က ရဲမှူးချုပ် စိုးနိုင်ဦးတို့နဲ့အတူ မြန်မာသံရုံး၊ ဘန်ကောက်မြို့က တာဝန်ရှိသူတွေ၊ အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်နဲ့ ဥပဒေ အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်တို့ တက်ရောက်ခဲ့ကြပါတယ်။

Facebook Comments
305 Shares

Comments are Closed

Powered by M.N.T