E.T.S

Every Time Story

local new

ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းမိသူများထဲ၌ AA အဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ပါဝင်

kfghjortiuye87y3458673456rtuyoerituy0394yurkthj

မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းမိသူများထဲ၌ AA အဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ပါဝင်

dsfgerty456745674567rty45675474rt

မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ ဖမ်းမိသူများထဲ၌ AAလက်နက်ကိုင်အဖွဲ့မှ တပ်ကြပ်ကြီး တစ်ဦးနှင့်တပ်သားတစ်ဦးတို့ ပါဝင်နေကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ပြောသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်၊ လမ်း ၇၀ ဒဿနလမ်းရှိ အိမ်အမှတ်(က-၅/၇၇)သို့ စက်တင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်က ဝင်ရောက်ရှာဖွေရာ AA လက်နက်ကိုင် တပ်အဖွဲ့ဝင်အမျိုးသားနှစ်ဦးနှင့် ဆက်စပ်သူသုံးဦးတို့ကို ဖောက်ခွဲရေးပစ္စည်းများဖြင့် စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ghjkghjyuityui678678987iuouyio67896yio

AA တပ်ကြပ်ကြီးတစ်ဦးပါတယ်။ AA တပ်သားတစ်ယောက်ပါတယ်။ ကျန်တာကတော့ ကူညီတဲ့ သူတွေပေါ့။ ဆက်စပ်တဲ့သူတွေပေါ့ အားလုံးပေါင်း ငါးယောက်ကိုတော့ ကျွန် တော်တို့ တရားစွဲဆိုထားတယ်။ စစ်ဆေးဆဲပေါ့။ “ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများနှင့်အတူ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+ GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟု ယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

dsfgerty456745674567rty45675474rt

အဆိုပါ ကိစ္စမှ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်နေဆဲဖြစ်ပြီး လုံခြုံရေးကိုလည်း ပုံမှန်ထက် တိုးမြှင့်ဆောင်ရွက်နေသည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

အလားတူ သြဂုတ်လကုန်ပိုင်းကလည်း AA အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ မခိုင်ခိုင်ဆိုသူ အမျိုးသမီးတစ်ဦးကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ မခိုင်ခိုင်မှာ ၂၀၁၅ ခုနှစ်အတွင်းက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်စဉ် AA အဖွဲ့၏ စည်းရုံးမှုကြောင့်

ghjkghjyuityui678678987iuouyio67896yio

AA အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကာ AA အဖွဲ့အတွက် စည်းရုံးလူသစ်စုဆောင်းခြင်း၊ ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယခင်ကလည်း ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ်များကို အသုံးပြု၍ မူးယစ်ဆေးဝါးများအား ၅ ကြိမ် သိုဝှက်သယ်ယူ ပို့ဆောင်ပေး ခဲ့ပြီးဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Facebook Comments

1K Shares

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin