E.T.S

Every Time Story

local new

လေးစားလောက်စရာ ကောင်းလွန်းတဲ့ ဖော်ရွေမှုများနဲ့ Hero YBS Driver တစ်ဦး အကြောင်း

dgmrti5ty458563458ruterity986yuitu986yuoriy

လေးစားလောက်စရာ ကောင်းလွန်းတဲ့ ဖော်ရွေမှုများနဲ့ Hero YBS Driver တစ်ဦး အကြောင်း

kdfgywer6t347563465547tyeut3456yuertg

ကျွန်တော် ညနေကကိစ္စရှိလို့ လမ်းမတော်၁၅လမ်းမှတ်တိုင်ကနေ စိုက်ပျိုးရေး မှတ်တိုင်ထိ ကားစီးဖို့ဖြစ်လာပါတယ်ဗျ။ ကျွန်တော်စီးမယ့်မှတ်တိုင်ကနေလဲ သွားမယ့်နေရာကိုတော်တော်များများကားတွေရောက်တော့ ပထမဆုံးလာတဲ့ကားကို တက်စီးမိလိုက်တယ်ဗျ။ အဲ့မှာ Hero YBS Driver နဲ့သွားတွေ့တာပါဗျ။

kdfgywer6t347563465547tyeut3456yuertg

စတက်တက်ခြင်း ပိုက်ဆံပုံးနားအရောက် မင်္ဂလာပါ ဆိုပြီးနှုတ်ဆက်သံ စ ကြားလိုက်ရပါတယ်။ အံသြသွားတယ် အသံကကြည်ပြီး ရင်ထဲကလာတဲ့ လှိုက်လှိုက်လဲလဲ အသံ ဖြစ်နေတာကိုပါ။ကိုလဲ အံသြပြီး ဟုတ်ကဲ့လို့ပြန်နှုတ်ဆက်ပြီး ပိုက်ဆံထည့်ဖို့လုပ်တော့ အစိမ်းရောင်ခြင်းလေးကိုတွေ့လိုက်ရတယ်။

kdfgywer6t347563465547tyeut3456yuertg

အော် အဲ့အထဲထည့်ရမယ်ထင်ပြီး ကြည့်လိုက်တော့ သကြားလုံး အပြည့်နဲ့ ခြင်းအစိမ်းရောင်လေးဖြစ်နေပါတယ်။ နည်းနည်းထူးဆန်းနေတာနဲ့ ပိုက်ဆံကိုပုံးထဲပဲ ထည့်လိုက်ပြီးနေရာလွတ်တဲ့စီဝင်ထိုင်ပြီး ဆက်ပြီးကြည့်နေတာပေါ့။ ဒီတော့မှ ခုစီးတဲ့ကားပေါ်တက်လာသမျှ ခရီးသည်တိုင်းကိုအဲ့ ဦးက အယုတ်အလတ်အမြတ်မရွေးပဲ ပြုံးပြီးနှုတ်ဆက်နေတာပါဗျ။

kdfgywer6t347563465547tyeut3456yuertg

တစ်ချို့ကျတော့လဲ စီးနေကျထင်တယ် ပိုက်ဆံကိုပုံးလေးထဲ ထည့်ပြီးသကြားလုံးလေး ယူသွားတယ် ။ကျွန်တော်အပါအဝင် ခရီးသည်အများစုကတော့ ဘာမှန်းမသိတာနဲ့ မယူကြပါဘူးဗျ။နောက်တော့မှ အဲ့ဦးကြီးက ရာသီဥတုက စိုစိုစွတ်စွတ်မို့ အိပ်ငိုက်တာ ခေါင်းမူးတာ ပြေပါတယ် အမူးအမောပြေ သကြားလုံးလေး ဒါနပြုထားပါတယ် သုံးဆောင်ကြဖို့ ပြောနေပါတယ်။

kdfgywer6t347563465547tyeut3456yuertg

ကားမှတ်တိုင် တစ်ခုရောက်တိုင်း ဘာမှတ်တိုင်လေးရောက်ပါပြီခင်ဗျ။ာ ဆင်းမည့်ခရီးသည်များ ပစ္စည်းလေးပြန်စစ်ကြည့်ပါ။ အောက်ကို သတိထားဆင်းပေးပါ။ မိုးရွာနေတော့ချော်လဲတက်ပါတယ် ဆိုပြီး စိတ်ပါလက်ပါ နဲ့ သတိပေးနေပါတယ်။ ကျွန်တော်လဲ ကားလမ်းကပိတ်နေတော့အဲ့ဦးလေးကြီးနားထ သွားပြီး ဦးရေ ဘာလို့အဲ့လိုလုပ်နေတာလဲဗျ ဆိုပြီးစပ်စုပါတယ်။

kdfgywer6t347563465547tyeut3456yuertg

အဲ့တော့မှ အဲ့ဦးလေးကြီး နံမယ်က ဦးကြည်မျိုးဇော် ဟုခေါ်ကြောင်း ကားလောကတွင် ဦးကြည်ဟုသိကြကြောင်းပြောပြပါတယ်။ လက်ရှိ YBS 39ယာဉ်လိုင်းတွင် တာဝန်ထမ်းဆောင်ရင်း အသစ်ဖြစ်သော ယာဉ်မောင်းလေးများကို Training ပေးနေသော နည်းပြတစ်ဦးဖြစ်ကြောင်းသိရပါသည်။

kdfgywer6t347563465547tyeut3456yuertg

ယခုကဲ့သို့သော မိုးရာသီတွင် သကြားလုံးလှူပြီး နွေရာသီတွင် သောက်ရေဘူးများ လှူလေ့ရှိပါသည်။ပြောင်းလဲ တာဝန်ကျသော YBS နံပါတ်များအတွင်းလဲထိုသို့လုပ်ဆောင်ပါကြောင်း သင်တန်းသား များကိုလဲထိုသို့လုပ်ကိုင်ရန် သင်ပေးတက်ကြောင်း ဂုဏ်ယူစွာကြားသိမိခဲ့ပါသည်။ ဦးကြည်ကိုကြည့်ပြီး လွန်စွာ ပီတိဖြစ်ရပါတယ်ဗျာ ။

kdfgywer6t347563465547tyeut3456yuertg

အမြဲတမ်းပြုံးပြီး စေသနာကောင်းလွန်းတဲ့ ကားဆရာဦးကြည်ကို တူသောအကျိုးပေးကို ထပ်တူညီစွာရရှိပါစေဟုတ် ဆုမွန်ကောင်းတောင်းရင်း တခြားသူများပါ အတုယူတက်စေရန်အတွက် ယခုစာကို ဂုဏ်ယူစွာရေးသားမိပါသည်ခင်ဗျာ။ယာဉ်မောင်းသူ ဦးကြည်၏ပုံနှင့် သူ၏ Facebook Account ကိုလဲခွင့်ပြုချက်ယူ၍ ထည့်ရေးသားပါသည်။

Facebook Comments

404 Shares

Comments are Closed

Powered by M.N.T

404 Shares
Share404
Tweet
Share
Pin