E.T.S

Every Time Story

local new

မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေနဲ့ သွေဖီနေကြပြီလား

aunfmvpapgjfv 4

မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေနဲ့ သွေဖီနေကြပြီလား

aunfmvpapgjfv 4

မန္တ​လေးတို​င်း​ဒေသကြီး တံတားဦးမြို့နယ်​ သူငယ်​​တော်​ရွာ ​တောရ​ကျောင်းတိုက်​ရဲ့ သာသနာလင်္ကာရသာမ​ဏေ​ကျော်​ စာ​မေးပွဲအတွက်​ ​လေ့ကျင့်​ခန်း အပတ်​စဉ်​(၁၂) တတိယအဆင့်​ ဓမ္မပဒဘာသာ ​မေးခွန်းလွှာ(အစစ်​) ကိုဖတ်​ကြည့်​မိတယ်။ “ဒီမိုက​ရေစီအမည်​ခံထား​သော တရားမ​စောင့်​​သော အစိုးရလက်​ထက်​ဝယ်​ မီတာခအခွန်​အခများဖြင့်​ နှိပ်​စက်​ခံ​နေရ​သော မြန်​မာပြည်​သူ/ပြည်​သား များကို မြတ်​စွာဘုရားမြင်​​တော်​မူပါက ဖြစ်​​ပေါ်လာမည့်​အကြံအစည်​ကို ဂရုဏာသက်​ကာ​ဖော်​ပြ၍” အစချီထား​သော ​မေးခွန်းတခု ​မေးထားတာ ​တွေ့ရပါတယ်​။

aunfmvpapgjfv 3

ဖော်​ပြပါ ​မေးခွန်းရဲ့ နံပါတ်​(၈)ကိုဖတ်​ပြီး အလွန်​စိတ်​မ​ကောင်းဖြစ်​ရပါတယ်​ အနာဂတ်​သာသနာအတွက်​လဲ ဗုဒ္ဓဘာသာ ဝင်​ တ​ယောက်​ အ​နေနဲ့ အလွန်​တရာစိုးရိမ်​ ရင်​​လေးရပါတယ်​ ထို​ကျောင်းတို​က်​က တာဝန်​ရှိသူ ဆရာ​တော်​​တွေနဲ့ ​မေးခွန်း ထုတ်​သူ ဆရာ​တော်​တို့ကို တာဝန်​ခံခိုင်းပြီး သာသနာ​ရေးဝန်​ကြီးဌာနနဲ့ သက်​ဆိုင်​ရာ မြို့နယ်​အဆင့်​ တိုင်းအဆင့်​စ​သော သံဃနာယက အဖွဲ့အစည်းတို့မှ တာဝန်​ယူပြီး ဒီ​မေးခွန်း နဲ့ပက်​သက်​ပြီး​တော့ ​ဖြေရှင်း​ပေး​စေလိုပါတယ်​ ကျောင်းတွင်း​လေ့ကျင့်​ရန်​​မေးခွန်းဆိုပြီး ​စောဒကတက်​စရာ​တော့ရှိပါတယ်​.. သို့​သော်​ ​မေးခွန်းထုတ်​သူ ဆရာ​တော်​ရဲ့ ရည်​ရွယ်​ချက်​လားရာက​တော့ ဒကာ ဒကာမ​တွေအတွက်​ အ​တော်​​လေးကို စိတ်​ကသိက​အောက်​ဖြစ်​ရတယ်​။

aunfmvpapgjfv 2

အရှင်​ဘုရားတို့ကို ​လျှောက်​ထားချင်​တာက မြတ်​ဗုဒ္ဓ ဘုရားရှင်​သည်​ သူ့တပည့်​ ရဟန်း​တွေအတွက်​ လူတို့၏အမှုကိစ္စ များအား ဖယ်​ခွာ၍ ရဟန်းအလုပ်​​တွေ ဆုံးမထားတာရှိတယ်​ ဂန္ဓဓုရ(ပဋိယတ္တိ) နဲ့ ဝိပဿ နဓုရ(ပဋိပတ္တိ) အစရှိ​သော ပိဋိကတ်​​တော်​လာ စာ​ပေကျမ်းဂန်​ သင်​ကြားပို့ချ ဖြန့်​ဖြူ ခြင်း လမ်းအမှန်​ဖြစ်​​သော မဂ္ဂင်​ရှစ်​ပါးနှင့်​ ​လျော်​ညီ​သော တရား​ဟော​ပြောခြင်း ဝိပဿ နာ ကမ္မဌာန်း စီးဖြန်းကျင့်​ကြံခြင်း.. ဓုတင်​ ၁၃ ပါး​ဆောက်​တည်​​စေခြင်း အစရှိ​သော မွန်​မြတ်​လှ​သော အကျင့်​တို့ကိုသာကျင့်​​ဆောင်​​စေ၍ ရဟန်းကိစ္စကိုသာ ပြီးစီး​စေခဲ့ပါတယ်​လို့ ​လေ့လာမှတ်​သားခဲ့ဖူးပါတယ်​။

aunfmvpapgjfv 1

မြတ်​စွာဘုရားရှင်​မှ ဘိက္ခ​ဝေ ငါ၏ချစ်​သားရဟန်းတို ​ဒေါ်​အောင်​ဆန်းစုကြည်​ကို တိုက်​ခိုက်​ကြ​လော့ လို့မမှာခဲ့ပါ ပြည်​သူ့မဲဆန္ဒနှင့်​တက်​လာ​သော NLD အစိုးရကို တိုက်​ခိုက်​ကြ​လော့.. ဆိုပြီး မမှာခဲ့ပါ NLD အစိုးရရဲ့ လုပ်​ရပ်​တိုင်းကို ​ဝေဖန်​ အပြစ်​ဆိုကြ​လော့ လို့မမိန့်​ကြားခဲ့ပါ စာသင်​သား တပည့်​သာဝက​တွေကို နိုင်​ငံ​ရေး Psywar ထည့်​​ပေးကြ​လော့ ဟူ၍လည်း မ​ပြောကြားခဲ့ပါဘူး အရှင်​ဘုရားတို့ ။

aunfmvpapgjfv 3

အရှင်​ဘုရားတို့အ​နေနဲ့ တန်​ဖိုးရှိ​သော အရဟဓဇမည်​တဲ့ ဝတ်​ရုံ​တော်​သင်္ကန်းကိုဆင်​မြန်​ရခဲလှတဲ့ ရဟန်းဘဝမှာ ပရိယတ်​ ပရိပတ်​တို့ကို ကျင့်​​ဆောင်​ပြီး ရဟန်းကိစ္စပြီး​အောင်​ ကြိုးစားအားထုတ်​ကြ​စေချင်​ပါတယ်​ (၁) သုပ္ပဋိပန္နော ဆိုတဲ့ မြတ်​​သောအကျင့်​ကို ကောင်းစွာကျင့်ကြံ ​တော်​မူကြပါ အရှင်​ဘုရားတို့ (၂) ဥဇုပ္ပဋိပန္နော ဆိုတဲ့ အကျင့်မြတ်ကို ဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံတော်မူကြပါ အရှင်​ဘုရားတို့ (၃) ဥာယပ္ပဋိပန္နော ဆိုတဲ့ ​လောကီစည်းစိမ်​မှာ မသာယာကြပဲ နိဗ္ဗာန်အကျိုးရရှိရန်​ကိုသာ ကျင့်ကြံတော်မူကြပါ အရှင်​ဘုရားတို့ (၄) သာမီစိပ္ပဋိပန္နော ဆိုတဲ့ ပစ္စည်း​လေးပါး ​ထောက်​ပံ့​ပေး​နေ​သော ဒကာ ဒကာမတို့၏ရိုသေမှုနှင့် ​လျော်​ကန်​သင့်​မြတ်​​အောင်​ ကျင့်ကြံတော်မူကြပါ အရှင်​ဘုရားတို့ (၅) အာဟုနေယျော ဆိုတဲ့ ရပ်​​ဝေးမှ ယူ​ဆောင်​လာ​သော လှူဒါန်းအပ်​​သော ဝတ္ထုပစ္စည်းတို့အား ​ကောင်းစွာခံယူထိုက်​သူတို့ဖြစ်​​အောင်​ ကျင့်​ကြံအားထုတ်​​တော်​မူကြပါ အရှင်​ဘုရားတို့။

aunfmvpapgjfv 2

(၆) ပါဟုနေယျော ဆိုတဲ့ ဧည့်သည်အလို့ငှာ စီမံထားအပ်တဲ့ ဝတ္ထုပစ္စည်းတို့အား ​ကောင်းစွာခံယူထိုက်​သူတို့ဖြစ်​​အောင်​ ကျင့်​ကြံအားထုတ်​​တော်​မူကြပါ အရှင်​ဘုရားတို့ (၇) ဒက္ခိဏေယျော ဆိုတဲ့ ​နောင်​သံသရာ ဘဝအဆက်​ဆက်​အတွက်​ ​မျှော်​ကိုးရည်မှန်းလျက် လှူဒါန်းအပ်သော ဝတ္ထုပစ္စည်းတို့အား ​ကောင်းစွာခံယူထိုက်​သူတို့ဖြစ်​​အောင်​ ကျင့်​ကြံအားထုတ်​​တော်​မူကြပါ အရှင်​ဘုရားတို့ (၈) အဉ္ဇလိကရဏီယော ဆိုတဲ့ လက်​ဆယ်​ဖြာချီမိုး ထိခြင်းငါးပါးနှင့်​ ရို​သေ အားကိုး မြတ်​နိုးစွာ ရှိခိုးကန်​​တော့ခြင်းကိုလည်း ​ကောင်းစွာခံယူထိုက်​သူတို့ဖြစ်​​အောင်​ ကျင့်​ကြံအားထုတ်​​တော်​မူကြပါ အရှင်​ဘုရားတို့ (၉) အနုတ္တရံပုညက္ခေတ္တံလောကဿ

aunfmvpapgjfv 1

ဆိုတဲ့ လောကသားတို့၏ ကုသိုလ်ကောင်းမှု မျိုးစေ့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်​ဖြစ်​​စေ​သော ဝတ္ထုပစ္စည်း လှူဒါန်းမှုအစုစုတို့အား ​ကောင်းစွာခံယူထိုက်​သူတို့ဖြစ်​​အောင်​ ကျင့်​ကြံအားထုတ်​​တော်​မူကြပါ အရှင်​ဘုရားတို့ ဒါမှသာ ဒကာ ဒကာမ​တွေလှူဒါန်းရတဲ့ ဆွမ်း၊သင်္ကန်း၊​ကျောင်း၊​ဆေး စတဲ့ ပစ္စည်း​လေးပါး အစုစုကို တန်​ဖိုးရှိ​သောသုံး​ဆောင်​ခြင်း မည်​ပါလိမ့်​မယ်​ အရှင်​ဘုရားတို့ ဒကာ ဒကာမ အ​ပေါင်းတို့အား စစ်​မှန်​​သော တရားပြသူများအဖြစ်​ မြတ်​ဗုဒ္ဓရဲ့ သာသနာ​တော်​ကြီးနဲ့ ​လောကသစ္စာကို ​စောင့်​​ရှောက်​နိုင်​ကြပါ​စေ။

Facebook Comments

447 Shares

Comments are Closed

Powered by M.N.T

447 Shares
Share447
Tweet
Share
Pin