E.T.S

Every Time Story

local new

မြောက်ပိုင်း ၃ ဖွဲ့မှာ တရုတ်စစ်သားတွေ ပါဝင်နေသည့် သတင်းကို စိစစ်နေကြောင်း တပ်မတော်ပြော

myanmarsolider123572 2

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ တရုတ်ကြေးသားစစ်သားတွေ ပါဝင်နေတယ်ဆိုတဲ့ သတင်းကို စိစစ်နေကြောင်း တပ်မတော်ပြော

myanmarsolider123572 2

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဘက်က နေ တရုတ်ကြေးသားစစ်သားတွေ ပါဝင်မှု ရှိနေတယ်ဆိုတဲ့ သတင်းကို စိစစ်နေတယ်လို့ တပ်မတော်သတင်း မှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

myanmarsolider123572 1

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ တပ်ရင်းဌာနချုပ် အနီးပတ်ဝန်းကျင်၊ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတ က္ကသိုလ်၊ မူးယစ်ဆေး ရှာဖွေရေးနဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေ အပါအဝင်နေရာ ၅ နေရာကို တအာင်းလက် နက်ကိုင်အဖွဲ့ TNLA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

myanmarsolider123572 1

အဲဒီလို တိုက်ခိုက်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ တရုတ်ကြေးသားစစ်သားတွေ ပါဝင်နေမှု ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပြီး၊ လောက်ကိုင်ဒေသမှာ ဖြစ်ခဲ့တဲ့တုန်းကလည်း အခုလို အခြေအနေမျိုးတွေ ရှိခဲ့ ကြောင်းနဲ့ MNDA (ကိုးကန့် လက်နက်ကိုင်အဖွဲ့) ပြောတဲ့စကားဟာလည်း တရုတ်စကားပဲ ဖြစ်တယ်လို့ ဗိုလ် ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့ပါတယ်။

myanmarsolider123572 1

သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

myanmarsolider123572 1

“ ကျွန်တော်တို့ သတင်းတွေ စိစစ်နေဆဲ ဖြစ်ပါတယ်၊ အမျိုးမျိုးသတင်းတွေ တက်ကြတဲ့ အထဲမှာ တရုတ်စကား ပြောတယ်တို့ ဒေသခံရှမ်းစကား နားမလည်ဘူးတို့ မြန်မာစကား နားမလည်ဘူးတို့ ဒီလိုတွေပါနေတာ ဖြစ်တဲ့အ တွက် ကျွန်တော်တို့ လောက်ကိုင်ဒေသမှာ ဖြစ်ခဲ့တဲ့တုန်းက ဒီအခြေ အနေမျိုး တွေရှိခဲ့ပါတယ်၊ ဒါပေမယ့် MNDA က ပြောတဲ့စကားကလည်း တရုတ်စကားပဲ ဖြစ်တယ် “လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

myanmarsolider123572 1

ဒါအ့ပြင် အခုလို တိုက်ခိုက်မှုလုပ်ရက်ဟာ ပြည်သူ့အကျိုးကို ဖျက်ဆီးတဲ့ အဖျက်အမှောက် အကြမ်းဖက် လုပ် ရပ် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ထွန်းထွန်းညီက ထည့်သွင်းပြောကြားခဲ့ပါတယ်

Facebook Comments

1K Shares

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin