E.T.S

Every Time Story

local new

ဆုအိမ့်စံနဲ့ ဘာကြောင့်လမ်းခွဲရတဲ့ ဆိုတာကိုဒဲ့ပြောလာတဲ့ သူရိယ

ivigiudrgi

ဆုအိမ့်စံနဲ့ ဘာကြောင့်လမ်းခွဲရတဲ့ ဆိုတာကိုဒဲ့ပြောလာတဲ့ သူရိယ

ivigiudrgi

တောင်ကိုရီးယားက နာမည်ကြီး သရုပ်ဆောင်စုံတွဲတွေ လမ်းခွဲပြတ်စဲတဲ့ သတင်းအပြီးမှာ မြန်မာနိုင်ငံက သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလည်း လမ်းခွဲလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတဲ့ သူတို့နှစ်ဦး လမ်းခွဲရတဲ့ အကြောင်းရင်းကိုတော့ ကာယကံရှင်တွေကသာ အသိဆုံး ဖြစ်မှာပါ။ လက်ရှိမှာတော့ သူရိယ ပါဝင်သရုပ်ဆောင်ထားတဲ့ အထက်တန်းစားရုပ်ရှင် ရုံတင်နေတာဖြစ်ပြီး အနုပညာ လမ်းခရီးနဲ့ ပတ်သက်လို့ ခုလို ပြောသွားခဲ့တာပဲဖြစ်ပါတယ် ။

dgfiugsiudf 1

“ကျွန်တော့် အလုပ်ကို ကျွန်တော် ကြိုးစားလုပ်ကိုင်ပြီး ဆက်လျှောက်သွားမှာပါ။ လူဆိုတာကတော့ အမြဲတမ်း အလုပ်လုပ်နေရမှာလေ။” လို့ ဆိုပါတယ်။ဆုအိမ့်စံနဲ့ လမ်းခွဲရတဲ့ အကြောင်းရင်းကိုလည်း သူရိယက ခုလို ပြောပြသွားပါတယ် ….. ။

dgfiugsiudf 1

“ကျွန်တော့်ဘက်က ပြောနိုင်တာကတော့ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲလိုက်တာပါ။ အနာဂတ်ကိုလည်း အရမ်းကြီး မပြောချင်ဘူး။ ဒီနေ့နဲ့ မနက်ဖြန်တောင်မှ တူမှမတူမှာ။ ဝင်လေနဲ့ ထွက်လေတောင်မှ ဖြစ်ပျက်နေတာဆိုတော့ အနာဂတ်အတွက် ဘာမှ မပြောချင်ဘူး။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ်ကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူး။

dgfiugsiudf 3

လူတစ်ယောက်နဲ့ တစ်ယောက်အကြောင်းဆိုလည်း သူနဲ့ကိုယ်က လွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ သူ့အကြောင်းကို ကိုယ် အသိဆုံးဆိုသလို သူ့အကြောင်းကိုလည်း ကိုယ် အသိဆုံးပါ။” ဆိုပြီး အခုလိုပဲ ပြောပြသွားပါတယ် … ။

sueisam6639 3

အထက်တန်းစား ရုပ်ရှင်နဲ့ ပတ်သက်လို့ သွားကြည့်သင့်တဲ့ အကြောင်းကိုလည်း သူရိယက ခုလို ပြောသွားပါတယ် …. ။ “အထက်တန်းစား ကားလေးက အရမ်းကောင်းတဲ့ ကားလေးပါ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်။ လူတွေရဲ့ ကိုယ်ကျင့်သီလ အဓိပ္ပာယ်ကို အများကြီး ဖော်ကျူးထားတာ ဖြစ်လို့ ဒီကားလေးမှာ ပညာရစရာ အများကြီးပါတယ်။” ဆိုပြီး ချီးကျူးသွားခဲ့ပါတယ် …. ။

Facebook Comments

1K Shares

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin