E.T.S

Every Time Story

local new

ဗစ်တိုးရီးယားအမှု သိန်း (၅၀) ယူတယ်ဆိုပြီး သတင်းဖြန့်ဝေမှုအပေါ် ကိုဘုန်း ရှင်းပြီ

koboom 4

ဗစ်တိုးရီးယားအမှု သိန်း (၅၀) ယူတယ်ဆိုပြီး သတင်းဖြန့်ဝေမှုအပေါ် ကိုဘုန်း ရှင်းပြီ

koboom 4

ကျွန်တော်က သိန်း( ၅၀) ယူတယ်ဆိုပြီး ပြည်သူအပေါ်ကို သတင်းအဆိပ်ကျွေးကျတယ်။ ဒါကတော့သူ့အနေနဲ့ မဟုတ်တာမှန်းသိလျက်နဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် တိုက်ခိုက်ပြီးရေးသားတယ်…

koboom 3

ဒါကိုယုံကြည်တဲ့သူနဲ့ ပြန်လည်မျှဝေတဲ့သူတွေကို စဉ်းစားမရတာက အဲ့လောက်အယုံလွယ်သလားလို့ပါ၊ တကယ်ကျွန်တော်ယူကြည့်ပါလား ခုချိန်ထောင်ထဲရောက်နေလောက်ပါပြီ ကျွန်တော်အကြောင်းက တခြားသူတွေထက် ပိုပြီးတော့စုံစမ်းရလွယ်ပါတယ်.. ခုပွနေတဲ့သတင်းက ဖြစ်နိုင်လား မဖြစ်နိုင်လား ကျွန်တော်ရဲ့စိတ်ဓါတ် ဖြတ်သန်းလာပုံ ပညာအရည်ချင်း ပြောဆိုပုံတွေကတောင် ခန့်မှန်းနိုင်ပါတယ်…

koboom 1

ရဲလုပ်သက်တစ်လျှေက်လုံးမှာ လာဘ်ပေးတာလဲမလုပ်ဘူး လာဘ်ယူတာလဲမလုပ်ဘူး မိမိမှာနဂိုရှိတာနဲ့တောင် လူတိုင်းကိုကူညီလိုက် အမြင်မတော်ရင်ကိုယ်ဆီကပြန်ပေးလိုက်နဲ့ နေလာခဲ့တာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ပါပြီ နောင်လည်းဒီလိုပဲသွားနေမှာပါပဲ…

koboom 3

စာဖတ်သူများတွက် အာမခံနိုင်တာကတော့ အဂတိတရား (၄)ပါးလုံးကို ကင်းရှင်းစွာနေထိုင်ပါတယ် ထို့အတွက်ကြောင့် စာဖတ်သူများအနေဖြင့် တဖက်သူရဲ့သက်သေအထောက်ထား အခိုင်အမာမပြနိုင်ပဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွင် အသုံးချမခံစေလိုသော စိတ်ဆန္ဒဖြင့် ရှင်းပြရခြင်းဖြစ်ပါတယ်…

koboom 2

ကျွန်တော်တို့တွေဟာ သူများပါးစပ်ထဲမှာပဲ စကားမဆုံးစေဖို့ အရာရာစဉ်းစားပြီးမှာ ကျွန်တော့်ကိုတိုက်ခိုက်နေသော ပို့စ်များကိုဖြင့် ကောမန့်တွေ ရှဲလ်တွေရေးသားမျှဝေသင့်လား သုံးသပ်စေချင်ပါတယ်…

koboom 1

အများပြည်သူများ စိတ်အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin