E.T.S

Every Time Story

local new

ဖခင်အရင်း၏ ရမက်အတွင်း ကြွေကျခဲ့ရသော ပန်းကလေးတပွင့်

fogpwefogiho

ဖခင်အရင်း၏ ရမက်အတွင်း ကြွေကျခဲ့ရသော ပန်းကလေးတပွင့်

fogpwefogiho

သားသမီးဆိုတာ ကိုယ့်ရတနာ၊ ကိုယ့်မျိုးဆက်၊ ကိုယ့်ရဲ့အနာဂတ်လို့ ဖခင်တိုင်းက ခံယူထားကြတယ်။ ဖခင်ရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ကိုယ့်သား၊ ကိုယ့်သမီးတွေအပေါ်မှာ သူများတွေရဲ့ ရန်ပြုမှာကို ကာကွယ်ရမယ်၊ မြေတောင်မြှောက် ပေးရမယ်ဆိုတဲ့ အသိက ဖခင် ၁၀ ဦးမှာ ၉ ဦးက တွေးကြပါလိမ့်မယ်

ဒါပေမယ့် မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တခုမှာ ဖြစ်ပွားသွားခဲ့တဲ့ အဖြစ်အပျက်တခုကတော့ ဖခင်အများစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဖခင်အရင်းဖြစ်သူ ကိုယ်တိုင်က အပျိုဖော်ဝင်စ သမီးအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းပါ…

fogpwefogiho

ငမိုးရိမ်ချောင်းကမ်းနားဘေး၊ ပျံကျကျူးကျော်တဲတွေ အကျယ်အဝန်း ၁၀ ပေ၊ ၁၅ ပေ အိမ်ကလေးတွေ ပြွတ်သိပ် ကျပ်ညပ်နေတဲ့ နေရာ၊ ချောင်းရေက အိမ်အောက်ကို အမြဲတမ်း ဝင်တဲ့အတွက် အိမ်တိုင်းလိုလိုက မြေကြီးနဲ့အနည်းဆုံး ၄ ပေကျော်အထိ အမြင့်ဆောက်ထားကြတဲ့ နေရာမျိုးမှာပါ။

အခင်းဖြစ်ခဲ့ရာ အိမ်ထဲကို ဝင်တော့ အိမ်တွင်းကြမ်းခင်းက သံစုံမြည်နေပြီး ခေါင်မိုးနဲ့ ကြမ်းပြင် ကပ်နေတဲ့ အိမ်ငယ်တလုံး အပေါ် မိုးစက်ကျသံက ဆူညံနေတယ်။ အသက် ၁၆ နှစ်ကျော်အရွယ် မပြည့်ပြည့် (အမည်လွှဲ) က သူ့အိပ်ရာကနေ ကမန်းကတမ်းထပြီးတော့ ဧည့်ဝတ်ပြုတယ်။

fogpwefogiho

အသားဖြူဖြူ အရပ် ၅ ပေ မပြည့်တပြည့်အရွယ် ရှိ မပြည့်ပြည့်ဟာ မျက်နှာစိမ်းဧည့်သည်တွေ ဖြစ်တဲ့ အတွက် စိုးရိမ်နေပုံ ရပါတယ်။ အစပိုင်း ရှောင်ဖယ်ဖယ် လုပ်နေပေမယ့် အကျိုးအကြောင်း ရှင်းပြပြီးတဲ့ နောက်မှာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ သူမ စပြီး ကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်ဖွယ်ရာ အဖြစ်အပျက်ကို ပြန်ရှင်းပြပါတယ်။

“ကျမအိပ်နေတဲ့ ခြင်ထောင်ထဲကို အဖေက ဝင်လာတယ် ကျမက ဘာလို့လဲမေးတော့ သမီးနဲ့ အိပ်ချင်တယ် ဆိုပြီး ကျမ ပါးစပ်ကို အတင်းပိတ်ပြီး အဓမ္မ ပြုကျင့်တော့တာပဲ ကျမက ခြေထောက်တွေဆောင့်၊ နံရံကိုကန်တယ်။ အိမ်အတွင်း ခန်းမှာ အိပ်နေတဲ့ အမေက နိုး၊ မနိုးတော့ မသိဘူး။ ကျမကို သူက မရုန်းနဲ့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” လို့ မပြည့်ပြည့်က ဆိုပါတယ်။

fogpwefogiho

မပြည့်ပြည့်ဟာ အသက် ၁ဝ လကျော် အရွယ်ထဲက သူ့အမေရဲ့ အစ်မဖြစ်သူ အိမ်မှာနေထိုင် ကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူက မိခင်နဲ့ စကားများရာကနေ ပေါင်ကို ဓားနဲ့ ထိုးတဲ့အတွက် ထောင် ၃ နှစ်ကျခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က တပ်မတော်အစိုးရ လက်ထက် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရွာတွေ တည်ဆောက်နေချိန် အကျဉ်းသားတွေ၊ လေလွင့်မိသားစုတွေကို အဲဒီဒေသမှာ ရွာတည်ပေးပြီး နေစရာအိမ်၊ လုပ်ကိုင်စားသောက်စရာ လယ်ကွက်နဲ့ ထောက်ပံ့ကြေးတွေ ပေးတဲ့အချိန်မှာ မိဘ ၂ ပါးလုံးက အဲဒီဒေသကို ထွက်သွားကြပါတယ်။

၂၀၁၂ ခုနှစ် နောက်ပိုင်း ဘင်္ဂါလီနဲ့ ရခိုင် အရေးအခင်း အပြီးမှာ မိဘ ၂ ပါးလုံးက ရန်ကုန်ကို ပြန်လာခဲ့ကြတယ်။ ပြန်လာပြီး နောက်ပိုင်း မပြည့်ပြည့်ကို အဒေါ်ဖြစ်သူရဲ့နေအိမ်က ပြန်ခေါ်ပြီး မိသားစု ၃ ဦး အတူနေခဲ့ကြတယ်။ အဲဒီအချိန်က မပြည့်ပြည့်ဟာ မူလတန်း ၃ တန်း တက်နေချိန်ဖြစ်ပြီး မိဘတွေက ပြန်ခေါ်တာနဲ့ ကျောင်းပျက်ကွက်ရက် များလာတာကြောင့် နောက်ဆုံးမှာ ကျောင်းထွက်လိုက်ရတယ်

fogpwefogiho

နောက်တော့ မိဘတွေက မြောက်ဥက္ကလာမြို့နယ်ထဲက လက်ဖက်ရည်ဆိုင် တခုမှာ အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်စေခဲ့ပါတယ်။ ရတဲ့ လခတွေ အကုန်လုံးကို မိဘတွေက ယူပြီး မိမိကတော့ လက်ဖက်ရည်ဆိုင်မှာ အိပ်၊ စား နေထိုင်ခဲ့ရတယ်လို့ ပြောပြပါတယ်။

မိမိ အပျိုဖော်ဝင်စ အချိန်မှာ အဒေါ်ဖြစ်သူတွေ အားလုံးက မိခင်ဖြစ်သူနဲ့ အတိုက်အခံလုပ်ကာ လက်ဖက်ရည်ဆိုင်မှာ တခြားယောက်ျားလေးတွေနဲ့ အတူတူ လုပ်ကိုင် နေထိုင်နေတာထက် ပိုလုံခြုံအောင်ဆိုပြီး တခြားအလုပ်ကို ပြောင်းခိုင်း တယ်။ အဲဒီနောက် မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်ဈေးထဲက အသုတ်ဆိုင်တဆိုင်မှာ ဆိုင်အကူ အနေနဲ့ လုပ်ကိုင်ခဲ့တယ်လို့ ပြောပြတယ်။

fogpwefogiho

အသုတ်ဆိုင်ကို မနက် ၄ နာရီလောက်သွားရပြီး ညနေ ၆ နာရီလောက်မှ ပြန်ရပါတယ်။ အကြို အပို့ကို ဖခင်ဖြစ်သူကိုယ်တိုင် စက်ဘီးနဲ့လိုက်ပို့ခဲ့တာ ဖြစ်ပြီး ဒီနှစ် သြင်္ကန်ကာလာ အကျော် တညမှာတော့ ဖခင်ဖြစ်သူရဲ့ ပထမဆုံး အဓမ္မကျင့်ခြင်း ခံခဲ့ရတာလို့ ရင်ဖွင့်ပါတယ်။

ဖခင်ရဲ့ ပြုကျင့်မှုဟာ တကြိမ်တခါတည်းတော့ မဟုတ်ပါဘူး။ ၂ ကြိမ်မြောက် ပြုကျင့်ခံရပြီးတဲ့နောက် အိမ်ခန်းနေရာ ပြောင်းတဲ့အခါ သူကြုံတွေ့ရတာတွေကို မိခင်ဖြစ်သူကို ပြောပြ ပေမယ့် မိခင်ဖြစ်သူ ကိုယ်တိုင်က အဖေကို ကြောက်ရတဲ့ အတွက် “မပြောရဲဘူး” လို့ သူ့ကို ပြန်ပြောတဲ့အကြောင်း မပြည့်ပြည့်က ပြောပြတယ်။

fogpwefogiho

အဲဒီလိုနဲ့ ဇွန်လ ၃၀ ရက်နေ့ တိုင်ချက် မဖွင့်ခင်အချိန်ထိ အဖေဖြစ်သူက သူ့ကို ၁ဝ ကြိမ်ထက် မနည်း သားမယား ပြုကျင့်တာ ခံခဲ့ရတယ်။ တနေ့ နေ့လည်ပိုင်း အိမ်မှာ မိခင်မရှိတုန်း အဖေဖြစ်သူက သူ့ကို သားမယား ပြုကျင့်နေတာ အိမ်နီးနားချင်း အမျိုးသမီး ၁ ဦးက စတင် တွေ့ခဲ့ရာကနေ အဒေါ်ဖြစ်သူတွေဆီ သတင်းရောက်သွားတယ်လို့ သိရပါတယ်။

အဒေါ်ဖြစ်တဲ့ ဒေါ်ဝင်းမော်နဲ့ အစ်မဝမ်းကွဲဖြစ်တဲ့ မနှင်းပွင့်ဖြူတို့က ကျန်တဲ့ ဆွေမျိုးတချို့ နဲ့အတူ သူ အလုပ်လုပ်ကိုင်ရာ အသုတ်ဆိုင်ကို ၃ ကြိမ်လောက်အထိ သွားစောင့်ပြီး ဒီကိစ္စကို မေးဖို့ ကြိုးစားခဲ့ကြတယ်။ အသုတ်ဆိုင် သိမ်းချိန် ရောက်တာနဲ့ အဖေဖြစ်သူက စက်ဘီးနဲ့ လာကြိုတာ ကြုံနေရတဲ့အတွက် သေချာမေးခွင့်မရခဲ့ဘူး။နောက်ဆုံးအကြိမ်မှာတော့ အဖေဖြစ်သူ မလာခင် မပြည့်ပြည့်ကို မေးခွင့်ရတဲ့အခါ ဖခင်အရင်းဖြစ်သူ ကိုယ်တိုင် ကိုယ့်သမီးကို သားမယားပြုကျင့်တာကို သိခွင့်ရလိုက်ကြတယ်….

fogpwefogiho

မနှင်းပွင့်ဖြူက “သူ့ကို ကျမတို့က အိမ်လည် ခေါ်လာလို့တောင် မရဘူး။ သူ့အဖေက အနောက်ကနေ လိုက်လာတယ်။ ကိုယ့်မောင်နှမချင်း သွားလာတာ သူတို့မိသားစုက မကြိုက်ဘူး။ အဲဒီထဲက ကျမတို့က နည်းနည်း သံသယ ရှိနေတယ်။ ပတ်ဝန်းကျင်က ပြောနေပေမယ့် ပထမက ကျမတို့က မယုံဘူး အဖေအရင်းက ဒီလိုလုပ်လိမ့်မယ်ဆိုတာ ထင်မထားဘူး။ သူ့ကိုသေချာမေးတော့မှ မှန်တယ်ဆိုတာ လက်ခံလိုက်ရတာ” ဟု ဆိုပါတယ်။

အဲဒီနောက် ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်း သိသိချင်း ဆွေမျိုးသားချင်းတွေ တိုင်ပင်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြတယ်။ ရဲဘက်ကလည်း တိုင်ချက် လက်ခံပြီးတော့ မပြည့်ပြည့်ရဲ့ အဖေ အလုပ်က ပြန်လာချိန်ကို စောင့်ပြီး ဖမ်းဆီးကာ ရဲစခန်းမှာ စစ်ချက်ယူခဲ့ပါတယ်

fogpwefogiho

ဒါပေမယ့် အမေဖြစ်သူက ရဲစခန်းမှာ စစ်ချက်ယူနေချိန် အဖေဖြစ်သူဘက်ကို လိုက်ကာ မပြည့်ပြည့်ကပဲ ရည်းစားထားပြီး မနေနိုင်လို့ အဖေဖြစ်သူကို ဒီလိုလုပ်ခိုင်းတာ သူ့ဘာသာ ငြိမ်ခံတာ စတဲ့ စကားတွေ ပြောဆိုတဲ့အတွက် ဆွေမျိုးတသိုက်နဲ့ အချင်းများခဲ့ကြရတယ်လို့ အမှုဖွင့်စဉ်မှာ လိုက်ပါခဲ့တဲ့ မပြည့်ပြည့်ရဲ့ အဒေါ်တဦးက ပြောပါတယ်။

ကျန်တဲ့ တမျိုးလုံးအပြင် ဒီအဖြစ်အပျက်တွေကို သိလိုက်ကြတဲ့ ပတ်ဝန်းကျင်က လူတွေကပါ မခံမရပ်နိုင် ဖြစ်ကြတယ်လို့ သိရပါတယ်…ရဲစခန်းမှာ တာဝန်ရှိသူတဦးက “ခင်ဗျားယောက်ျားကို ကယ်မှာလား၊ ခင်ဗျားသမီးကို ကယ်မှာလား” လို့ မပြည့်ပြည့် မိခင်ကို မေးလိုက်တာတောင် သူ့ယောက်ျားကိုပဲ ကယ်မယ်၊ သမီးလုပ်သူက သူ့ထိုက်နဲ့ သူ့ကံပဲလို့ ဆိုခဲ့တာတွေကြောင့် အခုဆိုရင် မပြည့်ပြည့်ရဲ့ အမေဖြစ်သူကိုတောင် ရပ်ကွက်ထဲမှာ လာမနေခိုင်းကြတော့ပါဘူး လို့ သိရပါတယ်။

fogpwefogiho

အိမ်နီးနားချင်း အမျိုးသားတဦး က “ကျနော်တို့က နည်းနည်းတော့ ရိပ်မိနေတယ် ဒါပေမယ့် မိသားစုရေးကိစ္စဆိုပြီး နေခဲ့တာ။ အခုမှ သေချာသိတော့ သူ့အမေကို ဒီနေရာ ပြန်လာတာနဲ့ ရိုက်မယ်လို့ ပြောလိုက်တယ်။ ဒီအရပ်မှာ လာမနေနဲ့။ အရပ်နာတယ်လို့ ပြောထားတယ်။ သူလည်း လာမနေရဲဘူး တကယ်လည်းလာကြည့် ကျနော်တို့က တကယ်ရိုက်မှာ။ သူ့အဖေကို ဖမ်းပြီး ညတွင်းချင်း အိမ်က ပစ္စည်းတွေပါ ယူပြီး ထွက်သွားတာ။ အခု ဘယ်မှာနေလဲတော့ မသိဘူး” ဟု ဆိုတယ်။

ယခုဆိုလျှင် မပြည့်ပြည့်တယောက် သူ့ရဲ့ ဖခင်ကို မြင်တောင်မမြင်ချင်တော့တဲ့ စိတ်ခံစားမှုတွေ ဖြစ်နေရပါတယ်။ ဖခင်ဖြစ်သူကို မြင်လိုက်တာနဲ့ ကြောက်ရွံ့စိတ်၊ ရှက်စိတ်နဲ့အတူ ကိုယ့်ကိုကိုယ် ဆောက်တည်ရာမရ ဖြစ်နေဆဲပါ…ဒီအဖြစ်အပျက်က သူ့ဘဝ ဆက်လက်လျှောက်လှမ်းဖို့အတွက် ခြိမ်းခြောက်မှု တခုလို သူခံစားနေရပါတယ်။ နောက် သူ့မှာ အမျိုးသမီးကိစ္စ(ရာသီသွေးဆင်းမှု) တလကျော်လာပေမယ့် မဖြစ်လာတဲ့အပြင် ကိုယ်လက်မအီမသာ ဖြစ်နေတာကြောင့် ကိုယ်ဝန်ရှိနေပြီလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း ဖြစ်နေရပြန်ပါတယ်

fogpwefogiho

မပြည့်ပြည့် က “အခုချိန်မှာ သမီး(ကျမ) ဘာမှ မစဉ်းစားချင်တော့ဘူး အားလုံးကို မေ့ချင်နေပြီ။ အဖေ့ကိုလည်း နောက်ထပ် မမြင်ချင်တော့ဘူး။ အမေ့ကိုလည်း မတွေချင်တော့ဘူး။ ဘာဖြစ်လို့ ဖြစ်ခဲ့တယ်ဆိုတာထက် သမီးအနေနဲ့ ဘယ်သူနဲ့မှကို စကားပြောချင်တဲ့ စိတ်ကို မရှိသလိုဖြစ်နေတာ လို့ ဆိုပါတယ်။

အခုဆိုရင် မပြည့်ပြည့်တယောက် မိဘနှစ်ပါးနဲ့လည်း ကွဲကွားသွားခဲ့ရပါတယ်။ သူ့အတွက် ဒီပတ်ဝန်းကျင်မှာ ရေရှည်နေထိုင်ဖို့ အခက်အခဲတွေဖြစ်နေသလို ဘဝ အနာဂတ်ဖြတ်သန်းရေး အတွက်လည်း စိတ်ဖိစီးမှုတွေ ရှိနေတယ်ဆိုတာ သူ့ရဲ့ မျက်နှာပေါ်မှာ အထင်းသား မြင်တွေ့နေရပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

831 Shares
Share831
Tweet
Share
Pin